Part-28

3.8K 293 50
                                    

(Unicode)

မွှေးပျံသည့် နှင်းဆီရနံ့ကိုယ်သင်းနံ့လေးကို ရှု
ရှိိုက်မိချင်၏။
ပွေ့ဖက်ပြီး နူးညံ့စွာအနမ်းတွေပေးချင်၏။
ချစ်မြတ်နိုးတယ်ဆိုတာထက်ကိုပိုပါ၏။
မောင့်ဘဝတစ်ခုလုံးက နှင်းဆီငယ်အတွက်သာ။
________________

ရောင်းအားကောင်းလာသည့် Taehyung ရဲ့ဝတ္ထုစာအုပ်လေးက ကိုရီးယားနိုင်ငံတွင် အဆင့်သုံးနေရာထိရောက်လာခဲ့သည်။

စာဖတ်သူတွေသာမကသတင်းထောက်တွေကပါ ထိုဝတ္ထုစာအုပ်လေးရေးသားသူကို သိချင်လွန်းနေလေပြီ။
Jangmi ဆိုသည့်ကလောင်နာမည်လေးတစ်ခုနောက်ကွယ်မှ Taehyung ကို Yoongi ကလွဲ၍ ကျန်သည့် စာဖတ်သူတွေမသိမမြင်ဖူးကြချေ။

" အသဲငယ်..."

" ဗျာ..."

" အိမ်ပြန်ချင်ပြီလား...ကိုယ်ပြန်လိုက်ပို့ပေးမယ်လေ..."

" မပြန်ချင်ပါဘူး...အသဲငယ်က Minနဲ့အတူတူနေ့လည်စာစားချင်လို့ ကုမ္ပဏီကိုလိုက် လာတာလေ...ပြန်စရာလားလို့..."

" ကိုယ်က အသဲငယ်ပျင်းနေမှာဆိုးလို့ပါ..."

" မပျင်းဘူး...သားသားလေးကို ပုံပြင်ဖတ်ပြမလို့လေ...သားလေးသာပျင်းရင်ပျင်းနေမှာ..."

ဗိုက်လေးကိုထိကိုင်လိုက်ကာ ပြုံးလိုက်သည့် Taehyung...

" ဒါနဲ့ နေ့လည်စာစားပြီးရင်း ကိုယ်တို့ဆေးရုံသွားကြမယ်နော်..."

" ဘာလို့လဲ Min...အသဲငယ်ရဲ့ထပ်ပြရမဲ့
ရက်ချိန်းကနောက်တပတ်မှာလေ..."

ဘာပြန်ပြောရမှန်းမသိခဲ့ချေ။
မျက်နှာအမူအရာတစ်မျိုးဖြစ်သွားသည့် Yoongi...

" ဒီတိုင်းပါ...ကိုယ်စိတ်ပူနေလို့ပါ... "

" အင်းပါ...Min စိတ်ပူတယ်ဆိုလည်းသွားကြတာပေါ့..."

အပြုံးချိုချိုလေးက ရင်ထဲအေးမြစေသည်။

Yoongi ခမျာသူ့ရုံးခန်းထဲမှာတောင် Taehyung
လှဲအိပ်ပြီးသက်တောင့်သက်သာဖြစ်စေရန် ကိုယ်ဝန်ဆောင်တွေအတွက်သီးသန့် ထုတ်လုပ်ထားသည့် ခေါက်ကုတင်အသေးလေး ဝယ်ထားပေးလေသည်။

ပုံပြင်စာအုပ်လေးကိုင်ကာ ဗိုက်လေးကိုကိုင်ရင်း
အသဲငယ် ပုံပြင်ကိုအသံထွက်ဖတ်နေ သည်။

ဦးငယ်~(Completed)Where stories live. Discover now