Part-22

4K 306 30
                                    

(Unicode)

လွတ်လပ်တဲ့ ငှက်တစ်ကောင်လို လေဟုန်တိုးလို့ ပျံသန်းခဲ့ပြီ။
ရှေ့ဆက်ရမဲ့ နေ့ရက်တိုင်းဟာလည်း ဘုရင်တပါးလို နေထိုင်ရတော့မည်။
အချစ်ခံအနေနဲ့မဟုတ်ဘဲ မြတ်နိုးယုယပေးမှုတွေနဲ့သာ။

____________________

ကျေးလက်ဒေသလေးတစ်ခုမှာ အခြေချဖြစ်ခဲ့သည်။ အချိန်တွေကသိပ်မကုန်ဆုံးသေးချေ။
တစ်လခွဲသာကြာမြင့်လေသည်။

Taehyung အဝေးကိုထွက်သွားချင်တယ်ဆိုတာကြောင့် Yoongi သူ့မွေးရပ်ဇာတိကိုသာခေါ်လာပေးလေသည်။
ဒယ်ဂူမြို့လေးရဲ့ ရွာငယ်လေးတစ်ခုစီကိုပင်။

" အလုပ်တွေလျော့လုပ်ပါအုံး Min... "

" အင်း...ကိုယ်ဒီတစ်ခုပြီးရင် လက်စသတ်ပါတော့မယ်..."

" ပင်ပန်းနေမယ်...အလုပ်တွေကို အတွင်းရေးမှူး
Jon နဲ့ မန်နေဂျာSura ကိုလွှဲထားတယ်မဟုတ်လား...နားနားနေနေပါအုံးလား..."

" ကိုယ်က နားနားနေနေ နေပါတယ်...အခုက
Tae ရဲ့ဝတ္ထုထုတ်ဝေမှုစတော့မှာမို့လို့ အမှားအယွင်းမရှိအောင် ညွှန်ကြားနေရတာ..."

တနေကုန်လက်ပ်တော့တစ်လုံးနှင့်သာ အချိန်ကုန်နေတတ်သည်။
ဟုတ်လည်းဟုတ်ပါရဲ့။ကျနော့်ဝတ္ထုလေးက ထုတ်ဝေဖို့အချိန်ကတပတ်ပဲကြာတော့တာ။

ကျနော့်အနားအမြဲနေနေရတော့ Min လည်း သူ့ကုမ္ပဏီကိစ္စတွေ စာအုပ်တိုက်ကိစ္စတွေကို ဆိုရှယ်ပေါ်ကနေသာ အကုန်လုပ်နေရသည်လေ။

" ခနနားလိုက်ပါအုံး...ကျနော် ဖရဲသီးခွဲထားတာလေး အရင်စားလိုက်လေနော်..."

" ဟုတ်ပါပြီ ခင်ဗျာ့..."

ခေါက်စားပွဲလေးကိုခင်းရင်း ဖရဲသီးစိတ်လေးတွေထည့်ထားသည့် ပန်းကန်လေးယူလာလေသည်။

" ဖရဲသီးကဘယ်ကရတာလဲ Tae...ကိုယ်လည်း မဝယ်လာမိပါဘူး..."

" မနေ့က ရွာထဲလမ်းလျှောက်ထွက်တုန်း လမ်းထိပ်နားက အဖွားကပေးလိုက်တာ...သူ့သားခြံကထွက်တာတဲ့လေ..."

" ဒီရွာလေးရောက်တာဖြင့်မကြာသေးဘူး Tae က လူချစ်လူခင်ပေါနေပြီ...ရွာလူတွေကလည်း
တမျိုးပဲကိုယ့်ကိုတွေ့ရင်တော့ သရဲတွေတဲ့အတိုင်းပဲ ရှောင်ရှောင်သွားတာ..."

ဦးငယ်~(Completed)Where stories live. Discover now