Part-39

4.1K 281 86
                                    

(Unicode)

အကြိမ်ကြိမ် ရူးခါနေအောင်ချစ်ရပါ၏။
သို့ပေမဲ့လက်ထဲက တစ်ပွင့်တည်းသောနှင်းဆီဖြူလေးဟာမောင့်ကြောင့်အကြိမ်ကြိမ့်မျက်ရည်ကျခဲ့သည်။ချစ်လွန်းတော့လည်း ခက်ရပြန်တယ်။မပိုင်ဆိုင်ရလည်း ဖြစ်တယ်လို့လည်း မပြောရက်နိုင်။အဝေးကနေပဲ ကြည့်နေမယ်လို့တော့မပြောပါရစေနဲ့။

အနီးအနားလေးမှာရှိနေရင်တောင် နှင်းဆီဖြူလေးရဲ့ရနံ့ကို အခေါက်ခေါက်အခါခါ ရှူရှိုက်မိနေစဲပါ။

___________________________

တပတ်ကြာအထိ မေ့မျော့နေသည့် Jungkook
ယနေ့မနက်မှသတိပြန်ရလာလေသည်။

ဦးခေါင်းမှပတ်တီးဖြူလေး။
မျက်ဝန်းတွေကပွင့်နေပေမဲ့ လှုပ်ရှားခြင်းမရှိ။
တစ်ယောက်တည်းဖြစ်နေရသည်။

ဆရာဝန်တွေရဲ့စစ်ဆေးချက်အရ သူဟာမှတ်
ဥာဏ်ပျောက်ဆုံးနေလေပြီ။ သူ့နာမည်ကိုတောင်မသိတော့ပေ။ အမြင်အာရုံလည်း ဆုံးရှုံးသွားရတော့သည်။

Taehyung ဆေးရုံအခန်းလေးထဲဝင်လာလေသည်။Jungkook အနား ရက်ပိုင်းတွေကလုံးဝရှိမနေခဲ့။

ကျနော့်မျက်ဝန်းတွေက ဘာမှမမြင်ရတော့ပေ။
အမှောင်ထုကြီးသာဖြစ်နေလေသည်။
ကျနော်က ဘယ်လိုလူစားမျိုးလဲ။
ဘယ်နေရာမှာနေထိုင်တာလဲ။
ကျနော့်ဘေးနားတစ်ယောက်မှရှိမနေခဲ့။
မန်နေဂျာ Ho ဆိုသူကသာ ကျနော့်အတွက်လိုအပ်သည့် ဝေယာဝိစ္စတွေလိုက်လုပ်ပေးသည်။
ဒါပေမဲ့သူကလည်း အမြဲကျနော့်အနားရှိမနေ။

တခါတခါခေါင်းကအရမ်းကိုက်တတ်လာတယ်။
ဦးခေါင်းခွဲစိတ်ထားတယ်လို့သာပြောသည်။
ဘာကြောင့် အခုလိုအခြေအနေရောက်နေလဲဆိုတာတော့ဆရာဝန်တွေလည်းမ​ပြောချေ။

Jungkook သူ့မျက်ဝန်းလေးတွေကိုထိကိုင်ကြည့်လေသည်။
အတွေးတွေနယ်ချဲ့ရင်းပင်။

ထိုအချိန်အခန်းလေးထဲဝင်လာသည့်ခြေလှမ်းသံလေး။
အသံလာရာဘက်လှည့်ကြည့်မိသည်။

" မန်နေဂျာ Ho?..."

မေးလိုက်မိသည်။တခြားဘယ်သူ့ကိုမှ မမျှော်
လင့်မိနေတာ။ကျနော့်စီလာတာ သူကလွဲပြီးဘယ်သူမှမရှိခဲ့။

ဦးငယ်~(Completed)Where stories live. Discover now