Part-27

4.1K 303 41
                                    

(Unicode)

ချစ်ခဲ့ဖူးတယ် မဟုတ်လား။
သံယောဇဥ်ရှိခဲ့ဖူးတယ် မဟုတ်လား။
တွေ့ဆုံရသည့်အခိုက်အတန့်တစ်ခု။
မောင့်ဘဝက ဦးငယ်ပါ။
အနားမှာနေပေးပါ။အမိန့်ပေးချက်မဟုတ်ပါ။
တောင်းဆိုချက်လေးသာနှင်းဆီငယ် ။

_____________________

ပူခနဲဖြစ်သွားသည့်ပါးပြင်လေး။
ကျနော့်ကို ဦးငယ်ရိုက်သည်။
တယုတယနမ်းနေကြပါးပြင်လေးကို ကြိမ်ဖန်များစွာရိုက်ခဲ့ဖူးသည်။

Jungkook Taehyung ကိုပြုံးရင်းသာကြည့်မိလေသည်။သူနာကျင်မှုက ရင်ဘတ်ထဲမှာလေ ပါးပြင်ပေါ်ရိုက်ချက်က နာကျင်မှုမရှိခဲ့။

ဗိုက်လေးကိုလက်လေးနှစ်ဖက်ဖြင့် အုပ်ကိုင်ထားသည့် ဦးငယ်။ဘာလို့ ဗိုက်ကလုံးနေရတာလဲ။

"ဦးငယ်..."

" ထွက်သွား...ငါ့အရှေ့ကနေအခုထွက်သွား!..."

Taehyung Jungkook ကိုတွန်းထုတ်ရင်း
လမ်းကိုခပ်မြန်မြန်လျှောက်လေသည်။

" ဦးငယ်...ဘယ်သွားအုံးမလို့လဲ..."

ကျနော့်အနောက်ကနေလိုက်လာသည်။
သူ့အသံရော၊ရုပ်ရော ကျနော်မကြားချင်မမြင်ချင်။

တဖန်ပြန်ကာ လက်ကိုဆောင့်ဆွဲသည်။
နောက်တော့ ဆွဲခေါ်သွားလေသည်။

" မောင်နဲ့လိုက်ခဲ့တော့..."

" လွှတ်!...အခုလွှတ်!...ငါ့ကိုမထိနဲ့!..."

ကျနော့်လက်ကိုရိုက်ပုတ်ရင်း ဦးငယ်ရုန်းနေလေသည်။
ဒီလိုပုံစံသာဆိုမဖြစ်တော့ချေ။
အိမ်ကိုအမြန်ပြန်ခေါ်မှရမည်။မဟုတ်ရင် ဦးငယ်ထပ်ထွက်ပြေးသွားရင်...

" ဦးငယ်ရယ် မောင်နဲ့ခနလေးပဲစကားပြောခွင့်ပေးပါ..."

" ငါ့ကိုလွှတ်!...ငါမှာကိုယ်ဝန်နဲ့ အကြမ်းအတမ်းတွေမလုပ်နဲ့!..."

ရင်ထဲထိတ်ခနဲဖြစ်သွားစေသည်။
ကိုယ်ဝန်?...ဦးငယ်မှာ ကိုယ်ဝန်ရှိနေတယ်?

မယုံနိုင်စွာဖြင့် Jungkook Taehyung ဗိုက်လုံးလုံးလေးကိုကြည့်လေသည်။
ပထမတုန်းကသတိမထားမိချေ။
အင်္ကျီအပွတွေနဲ့အပြင် လောင်ကုတ်အဖြူလေးကဝတ်ထားတော့ ဗိုက်လေးကိုသေချာမမြင်ရ။
အခုမှ လက်နှစ်ဖက်ဖြင့်ထိန်းကိုင်တော့ ထင်းခနဲဖြစ်လာသည်။

ဦးငယ်~(Completed)Where stories live. Discover now