Part-5

4.6K 388 20
                                    

(Unicode)

ရင်ထဲ ပင်လယ်လိုင်းလုံးတွေရိုက်ခတ်နေသည့်အလား ကျ​နော့်ရင်ဘတ်ထဲကမ္ဘာပျက်ရသည်။
ချစ်တတ်ခါစ အသည်းနှလုံးလေးကိုမှ ခိုးယူပြီး
ပြန်မပေးတတ်တာလား နှင်းဆီငယ်လေးရယ်။
အနည်းဆုံးနမ်းရှိုက်ခွင့်တော့ပေးလှည့်ပါ။
_____________________________

အခန်းထဲရုတ်တရက်ဝင်လာသည့် Appa ကြောင့်ကျနော်ဘာဆက်လုပ်ရမှန်းမသိတော့ချေ။
Appa က ကျနော့်ကို လုံးဝမကြည်နေတာပင်။
မောင်နဲ့အနီးကပ်နေနေတာကိုတွေ့သွားလို့ဒေါသထွက်နေတာလား။

" မိဘတွေကကောင်းစေချင်လို့စီစဥ်ပေးတာကို မင်းကဘယ်လိုတွေလုပ်လိုက်တာလဲ..."

" ခင်ဗျာ..."

Mr.Jeonစိတ်ပျက်စွာသက်ပြင်းချလိုက်သည်။

" သမီးလေးChan Hari နဲ့သူ့မိဘတွေ ငါနဲ့အတူပါလာတယ်..."

တံခါးကိုတွန်းဖွင့်ကာ ဝင်လာသည့် Chan မိသားစု။

Taehyung ခြေမကိုင်မှီလက်မကိုင်မှီဖြစ်နေရသည်။အခန်းထဲ Jungkook ပါရှိနေသည်လေ။

"ထိုင်ကြပါခင်ဗျာ့..."

အားနာစွာနဲ့ပင် ဧည့်ခံစကားပြောရတော့မည်။
လာရင်းကိစ္စကဘာအတွက်မှန်းမသိပေမဲ့လည်း
လက်ထပ်ဖို့အတွက်ပဲ ဖြစ်လိမ့်မယ်။

Chanမိသားစုမှ ထိုင်ခုံတွင်ဝင်မည်လုပ်တော့
Jungkook မှန်စားပွဲပေါ်ခြေထောက်တင်ကာထိုင်လိုက်သည်။လက်နှစ်ဖက်ကိုလည်း ဆိုဖာအနောက်ပေါ်တင်ထားသည်။

ဒါကိုတွေ့သွားသည့် Mr.Jeon က သူ့သားကို မျက်နှာရိပ်မျက်နှာကဲပြနေသည်။
သို့ပေမဲ့ အဖေဖြစ်သူကို ဂရုမစိုက်ခဲ့။

Jungkook ဆိုဖာနားတွင်မတ်တပ်လေးရပ်နေ
သည့် Taehyung မျက်နှာကိုသာကြည့်နေလေ
သည်။

" Jungkook မင်းပြန်တော့...လူကြီးတွေစကား​ပြောစရာရှိတယ်..."

မျက်ခုံးကိုတစ်ဖက်ပင့်ကာ...

" မပြန်ပါဘူး...ကျနော်က ဦးငယ်စီလာတာ...ပြန်ခိုင်းဖို့အမိန့်ပေးတဲ့သူကလည်း ဦးငယ်ပဲဖြစ်ရမယ်...Appa ဘာမှပြောလို့မရဘူး..."

" ဒါကလေးတွေစကားဝိုင်းမဟုတ်ဘူး မင်းပြန်တော့... "

သူ့ရဲ့သားကို သူလည်းမနိုင်။
တစ်ခုခုဆို ဦးငယ်မှဦးငယ်ဖြစ်နေသည်လေ။
ဒါကြောင့်လည်း Taehyung ကို အမြန်လက်ထပ်ပေးဖို့စီစဥ်နေတာပင်။

ဦးငယ်~(Completed)Where stories live. Discover now