Part-25

4K 293 48
                                    

(Unicode)

မောင့်ဘဝရဲ့ ဖြစ်တည်ရာ ဦးငယ်။
စွန့်ပစ်လို့ထားမသွားလေနဲ့။
ချစ်တယ်လို့ မပြောလည်းဖြစ်တယ်။
မုန်းတော့မမုန်းလိုက်ပါနဲ့လား။
ရင်ကိုခွဲလို့ နှလုံးသားကိုထုတ်လိုက်သလို
နာကျင်နေတယ် ဦးငယ်။
လွမ်းဆွတ်ခြင်းက အဖော်ပြုနေတာမို့ ။
အထီးမကျန်ချင်တော့ချေ။

_________________________

ဂရုစိုက်မှုတွေ၊ယုယပေးမှုတွေ၊ကြင်နာပေးမှုတွေကြား ဘုရင်တပါးအလား။

ချစ်မြတ်နိုးမှုတွေကြား အချစ်ခံလူသားလေးအလား။
ကျနော့်ရဲ့ပဲ့ကိုင်ရှင်ဟာ Min...

မနက်ခင်းတိုင်းဟာ Min နဲ့ပဲစတင်သည်။
နေ့ရက်တိုင်းဟာပျော်ရွှင်ရသည်။
မျက်ရည်ကျနေတာမျိုးဆိုတာတောင်မရှိ
Min ကြောင့်သာပြုံးရယ်
ရလွန်းလို့ မျက်ရည်ထွက်မိလေသည်။

Taehyung Yoongi လက်မောင်းလေးပေါ်ခေါင်းလေးအုံးပြီး အိပ်နေလေသည်။
သူ့မျက်နှာအစိတ်အပိုင်းတွေကို ကြည့်နေလေသည်။

ကျနော့်ကို အမြဲပျော်ရွှင်မှုတွေပေးတဲ့ လူသားလေး။

" မြတ်နိုးမိတယ် Min..."

နဖူးလေးကိုထိကပ်နမ်းလိုက်သည်။

Yonngi Taehyung ကိုရင်ခွင်ထဲပွေ့ဖက်လိုက်သည်။

" အရင်နိုးနေပြန်ပြီလား..."

" အင်း..."

" ကိုယ့်ကို အနမ်းလေးနဲ့နိုးတယ်ပေါ့... "

" ဒါပေါ့ Min...မနက်ခင်းလေးမှာ Tae စီကအနမ်းလေးကို အမြဲလိုချင်တယ်ဆို..."

" လူလည်လေး..."

ကျနော့်အတွက်နွေးထွေးတဲ့ရင်ခွင်။
ထွေးပွေ့မှု။အမြဲတမ်း ဒီလိုလေးနေချင်ခဲ့တာ။

" Tae...ဗိုက်ဆာနေပြီလား..."

" ဗိုက်ဆာတာပေါ့ လို့..."

" ရေချိုးပြီး အဝတ်အစားလဲထား...ကိုယ်က မနက်စာပြင်လိုက်မယ်...ပြီးရင် အပြင်သွားပြီး
လည်ကြမယ်လေ..."

" ဟုတ်ကဲ့ Min...အပြင်သွားရင်လေ Tae ကိုမုန့်တွေအများကြီးဝယ်ကျွေးရမှာနော်..."

" ဝယ်ကျွေးမှာပေါ့ ဗျာ..."

ချွဲစိန်လေးက တနေ့တခြားပိုပိုချစ်ဖို့ကောင်းလာနေသည်။
မင်္ဂလာပွဲကို တပတ်အတွင်းမိဘနှစ်ပါးနှင့်ယုံကြည်ရသည့်မိတ်ဆွေတချို့ကိုသာဖိတ်ကြားရင်းရွာလေးမှာပဲ ကျင်းပခဲ့သည်။

ဦးငယ်~(Completed)Where stories live. Discover now