Chapter 2

2.2K 431 3
                                    

   ရေသူများရဲ့ဈေးနှုန်းဟာ အလွန်မြင့်မားပြီးချို့ယွင်းချက်တွေရှိတယ်လို့ ယူဆထားတဲ့လင်ရှီးလိုရေသူမျိုးကိုတောင် သာမန်လူတွေကမဝယ်နိုင်ပေ။ ဇိမ်ခံပစ္စည်းဟုတောင်ပြော၍ရသည်။ ဈေးကြီးတဲ့အရာတွေဖြစ်လေ လူတွေကပိုသဘောကျလေဖြစ်သည်။

  အဲ့ဒီနေ့ညနေမှာပဲ တန်ဖိုးကြီးအဝတ်အစားတွေ ဝတ်ဆင်ထားတဲ့ဝယ်သူတစ်ယောက် ရောက်လာခဲ့သည်။ သူဝင်လာပြီးမကြာမီမှာပဲ အနီရောင်အမြီးနဲ့ရေသူလေးကို သဘောကျသွားပြီးစကားတစ်လုံးမှမပြောပဲ ငွေအပြည့်ချေလိုက်လေ၏။ ဝယ်သူ၏အိမ်သို့ ‌ရေသူလေးကိုပို့ရန်တစ်စုံတစ်ယောက်အားခိုင်းလိုက်မည်ဟု ဆိုင်ရှင်ကပြောသော်လည်း ဝယ်သူကလက်မ‌ခံပေ။ အနီရောင်ရေသူလေးထည့်ထားသည့် ငါးကန်အသေးလေးကို သူ့လူအားသယ်ခိုင်းကာယာဉ်ပျံပေါ်တိုက်ရိုက်တက်သွားသည်။ အနီရောင်ရေသူလေးထွက်သွားခါနီးတွင် လင်ရှီးနဲ့အညိုရောင်ရေသူလေးအား လူတွေဆီကဈေးအမြင့်နဲ့ ဝယ်ယူခြင်းခံရလို့ဂုဏ်ယူနေသောမျက်နှာနှင့် မေးကိုမြှင့်ပြီးကြည့်သွားခဲ့သည်။

   လင်ရှီးကိုငါးပြတိုက်ပို့မယ့်အကြောင်း ဆိုင်ရှင်ပြောတာကိုသူကြားခဲ့သည်။ အဲ့ဒါဘယ်နေရာမှန်းမသိပေမယ့် အနာဂါတ်မှာအခွင့်ရေးရခဲ့ရင် အဲ့နေရာကိုသေချာပေါက်သွားမှာ။ အဲ့အချိန်မှာလင်ရှီးကနိမ့်ကျတဲ့ ဖျော်ဖြေသူဖြစ်ပြီးသူကဧည့်သည်ပင်။

   အနီရောင်ရေသူလေးထွက်ခွါသွားပြီး တခြားရေသူတွေကရောင်းချခြင်းအပေါ်မနာလိုဖြစ်ကြသည်။ သူတို့အားလုံးလည်း အနီရောင်ရေသူလေးလို ရက်ရောတဲ့ဝယ်သူနှင့်ဆုံချင်ကြသည်လေ။ အညိုရောင်ရေသူလေးအပါအဝင် အနီရောင်ရေသူလေးထွက်သွားတာကိုမြင်တဲ့သူတိုင်း သူ့ကိုမမုန်းကြပေမယ့် မနာလိုမဖြစ်ပဲမနေနိုင်ကြပေ။ အညိုရောင်ရေသူလေး လင်းရှီနဲ့သူ့ကြားမှာရှိနေတဲ့ ဖန်နံရံကိုမှီလိုက်ပြီး သူ့ရဲ့မျက်နှာသေးသေးလေးကိုမော့ကာ ညည်းညူလိုက်သည်။

  "ငါ့ကိုဝယ်လိုက်တဲ့သူကရော ဘယ်လိုလူမျိုးလဲမသိဘူးနော်၊ ဆင်းတော့မဆင်းရဲလောက်ပေမယ့် ဘယ်လိုလူမျိုးဖြစ်မလဲဆိုတာမသိဘူး"

The Villain Dressed As a Little MermaidWhere stories live. Discover now