Chapter 12

1.7K 371 11
                                    

    လင်ရှီး သူနားကြားလွဲနေတာလို့ထင်ခဲ့သည်။ ဒါပေမယ့်သူဘယ်လောက်ပဲ နားထောင်နေပါစေ ချင်ရှောင်းကပြန်ပေးဆပ်ဖို့ ပြောနေတာနှင့်တူတယ်လို့ သူခံစားနေရ၏။

    အစကတည်းကချင်ရှောင်းက အိမ်မွေးငါးလေးလင်ရှီးဟာ petဖြစ်နေတဲ့အ‌ပေါ်ဘယ်တုန်းကမှသတိမထားခဲ့ဘူးဟုထင်ခဲ့သည်။ (လင်ရှီးကကိုယ်ကိုယ့်ကိုpetလို့မထင်ဘူးလို့ပြောတာပါ) သူအိမ်မှာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လင်ရှီးက အိမ်မှာနေထိုင်တဲ့တစ်ခြားတစ်ယောက်လိုသာပြုမူခဲ့သည်။ သူ့စိတ်ခံစားမှုတွေကိုကောင်းကောင်းထိန်းချုပ်နိုင်တာကို ချင်ရှောင်းသိသည်။ လက်အောက်ငယ်သားအချို့ကလည်း သူ့ကိုနာမည်ပြောင်တွေပေးထားတာကိုလည်း သူသိသည်။ ဒါပေမယ့်သူအံ့ဩသွားတာက အိမ်ကရေသူလေးကလည်း အမူအရာအပြောင်းအလဲနည်းပုံရတာကိုပဲ။

     ဥပမာအားဖြင့် ဒီလိုအံ့ဩသွားတဲ့အမူအရာမျိုးကိုပေါ့။ ဘာကြောင့်လဲဆိုတော့ ချင်ရှောင်းရဲ့စကားတစ်ခွန်းနဲ့တင် နက်မှောင်တောက်ပနေသော ကျောက်လေးများကဲ့သို့မျက်လုံးတစ်စုံက ပြူးကျယ်ဝိုင်းစက်သွားသောကြောင့်‌ဖြစ်သည်။ ချင်ရှောင်းအလွန်ထူးဆန်းတယ်လို့ ခံစားလိုက်ရသည်။

    သူရေသူလေးရဲ့အမူအရာတွေကိုပိုမြင်ချင်လာပြီ။

   အစကသာမန်ကာလျှံကာပြောလိုက်ခြင်းဖြစ်သည်။ ချင်ရှောင်း တစ်ခြားသူကိုကူညီလိုက်ခြင်းအတွက် ပြန်ပေးဆပ်လာတာကိုသူတကယ်မလိုချင်ပေ။ ဒါပေမယ့်ဒီနေ့ချင်ရှောင်း အဲ့တာကိုရုတ်တရက်ချက်ချင်းတောင်းချင်မိသည်။

    လင်ရှီးနှုတ်ခမ်းကိုဟလိုက်ကာ စက္ကန့်အနည်းငယ်ကြာပြီးနောက် သူဖြည်းဖြည်းလေးပြောလိုက်သည်။

    "ခင်များ...."

သူ 'ခင်များဘယ်လိုပေးဆပ်တာကိုလိုချင်လို့လဲ' လို့မပြောခဲ့ပေ။ အဓိကက သူအံ့ဩတုန်လှုပ်နေလို့ဖြစ်သည်။ လင်ရှီးအလွန်တုန်လှုပ်နေပြီး ချင်ရှောင်းကိုယ်ထဲ သူ့လိုမျိုးတစ်ခြားတစ်ယောက်ယောက်က အစားထိုးဝင်ရောက်သွားပြီ လို့တောင်တွေးနေမိသည်။

The Villain Dressed As a Little MermaidWhere stories live. Discover now