Chapter 17

1.7K 350 10
                                    

         "ဂျိမ်း!!!"

   မိုးခြိမ်းသံကထွက်ပေါ်လာပြန်သည်။

     အကွာအဝေးနည်းနည်းလောက်ခြားခံထားရသော ဆံပင်အနက်ရောင်နဲ့ကောင်လေးသည် ချင်ရှောင်းရင်ခွင်ထဲပြန်လည်ဝင်ရောက်လာ၏။

     သူ့မျက်နှာမှာကြောက်ရွံ့မှုတွေနှင့်ပြည့်နှက်နေပြီး ထိတ်လန့်တကြားဖြစ်နေသည်မှာထင်ရှားသည်။

     လင်ရှီးသူ့ရှေ့ရှိသူ့ပိုင်ရှင်ရဲ့အဝတ်အစားတွေကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်၏။ သူ့ခန္ဓာကိုယ်နဲ့အသိစိတ်က တစ်ခုနှင့်တစ်ခုကွဲကွာနေခဲ့သည်။

     ယခုအခါအသိဉာဏ်ကရှုပ်ထွေးရာနေရာမှပြန်လည်နိုးကြားလာသည်။ သို့သော်ဤခန္ဓာကိုယ်ရဲ့ဗီဇက မိုးခြိမ်းသံနှင့်လျှပ်စီးလက်တာကို အလွန်ကြောက်တာကြောင့် လုံးလုံးလျားလျားဖုံးကွယ်ထားချင်သည်။ [T/N- သူအသိစိတ်ပြန်ကပ်လာကိုပြောတာပါ]

    လူသားတစ်ယောက်အနေနဲ့ သူ့ပိုင်ရှင်သည်အလွန်နွေးထွေးသောခန္ဓာကိုယ်ရှိသည်။ အပူချိန်ကနည်းနည်းလေးကြာနေပေမယ့် လူတွေရဲ့အပူချိန်ကနီးစပ်ပုံပေါ်သည် (လူတစ်ယောက်နဲ့တစ်ယောက်ရဲ့အပူချိန်ကသိပ်မကွာဘူး )။

    အေးစက်စက်ခန္ဓာကိုယ်နဲ့မွေးလာတဲ့ရေသူလေးတွေနဲ့မ‌တူပေ။ ထိုလူသားရဲ့အပူချိန်ကလင်ရှီးကို လွမ်းဆွတ်စေပြီး မိုးခြိမ်းတဲ့ညမှာထွက်ခွါဖို့ကိုတွန့်ဆုတ်စေသည်။ [T/N- လူဘဝကအပူချိန်လေးကိုလွမ်းတာပါ]

      လင်ရှီးရဲ့နူးညံ့သောခန္ဓာ‌ကိုယ်လေးသည် ချင်ရှောင်းရင်ခွင်ထဲခွေခေါက်နေပြီး သူ့တစ်ကိုယ်လုံးတုန်ယင်နေတာကိုမရပ်တန့်နိုင်ပေ။

     သူ့ပိုင်ရှင်ကသူ့ကိုတွန်းထုတ်ချင်တဲ့ပုံပေါ်နေတာကိုတွေ့လိုက်ရပေမယ့် လင်ရှီးကမဖယ်ချင်‌ပေ။ ကြောက်စရာကောင်းတဲ့မိုးခြိမ်းသံတွေကို သူတစ်ယောက်တည်းရင်မဆိုင်ချင်ဘူး။

    သူချင်ရှောင်းရဲ့လက်မောင်းကြားထဲဝင်နေကာ၊ ချင်ရှောင်းရဲ့အဝတ်များကိုဆုပ်ကိုင်ထားပြီး၊ သူ့ခြေထောက်များကချင်ရှောင်းကို ရေဘဝဲတစ်ကောင်လိုတင်းကြပ်စွာရစ်ပတ်ထားသည်။

The Villain Dressed As a Little MermaidWhere stories live. Discover now