Chapter 22

1.4K 293 4
                                    

    ပေါက်ကွဲမှုအကြီးကြီးမဖြစ်ခင် တစ်ရက်အလိုတွင်အသေးစားမီးလောင်မှုတစ်ခု ဖြစ်ပွါးခဲ့၏။ မီးကစတိုးဆိုင်ကနေစလောင်တာဖြစ်ပြီး အသေးစားပေါက်ကွဲမှုတောင်ဖြစ်ခဲ့သည်။

    ရဲများအပြေးအလွားသွားရောက်၍ စစ်ဆေးမှုအချို့ပြုလုပ်အပြီးမှာတော့ မီးလောင်မှုက ဆိုင်ဝန်ထမ်းအချို့ရဲ့စည်းကမ်းမဲ့အပြုအမူတို့ကြောင့်ဆိုတာ ရှာဖွေတွေ့ရှိခဲ့သည်။

    ရဲတွေကမတော်တဆမှုဖြစ်ရတဲ့အကြောင်းအရင်းကို ရှာဖွေတွေ့သော်လည်း ခြိမ်းခြောက်စာပို့ခံရသည့်လူတစ်ချို့က ရဲတပ်ဖွဲ့ကထိတ်လန့်မှုအကျယ်တဝင့်မဖြစ်စေရန် အချို့အကြောင်းအရာများကို တမင်သပ်သပ်ထိန်ချန်ထားသည်ဟု စတင်တွေးလာကြ၏။

    မကြာသေးမီအချိန်ကပင် အကြမ်းဖက်သမားတွေက နိုင်ငံရဲ့မတူညီတဲ့ဒေသတွေကိုတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွေကနေဆက်စပ် တွေးတောကြည့်လျှင် ခြိမ်းခြောက်စာများကအကြမ်းဖက်သမားတွေဆီက ဖြစ်နိုင်သည်။

    အကြောင်းအရင်းကသူတို့ကို ဟာသတစ်ပုဒ်လိုကြည့်ချင်လို့ပင်။

    သူတို့ကိုကြိုတင်သတိပေးပေမယ့် ဘယ်သူကမှအရေးတယူမလုပ်တာက သူတို့ကိုသေခြင်းတရားဆီပို့ပေးလိုက်တာပင်။

    တစ်ချို့လူတွေကကြောက်တတ်ပြီး သူတို့ဘဝကိုအလောင်းအစားမလုပ်ရဲပေ။ လူတွေရခဲ့တဲ့နောက်ဆုံးEmailမှာရက်စွဲပါကာ 'ဘယ်ရက်မှာ ခမ်းနားကြီးကျယ်တဲ့လက်ဆောင်သင့်ကိုပေးပါမယ်၊ အဲ့ဒီအချိန်ကျရင် လူတိုင်းပျော်ရွှင်ပါစေလို့ တောင်းဆုပြုပါတယ်' ဟုရေးသားထားသည်။

     ဘာလက်ဆောင်ဖြစ်နိုင်မှာလဲ၊ သေချာပေါက် ပေါက်ကွဲမှုပေါ့။

    သေရမှာကြောက်တဲ့တစ်ချို့ကတော့ ထိုစာရပြီးညနေမှာပဲ ပစ္စည်းတွေပြင်ဆင်ပြီး အိမ်ကနေထွက်ခွါကာ အသိမိတ်ဆွေအိမ်သွားနေတာ သို့မဟုတ် နှစ်ရက်ခန့်တည်းဖို့ နီးစပ်ရာတည်းခိုခန်းတွေကိုရှာကြသည်။

    ဆင်းရဲတဲ့ထွက်ပြေးသူအချို့ကတော့ ကုန်းကျော်တံတားအောက်က ကြမ်းပြင်ကိုပဲအိပ်ယာလုပ်လိုက်ကြတော့သည်။ ထိုလိုလုပ်တာက တစ်ဦးတည်းမဟုတ်သည့်အပြင် ပိုကောင်းတာတစ်ခုကလူတွေက သဘာဝတရားနှင့်လိုက်လျောညီထွေစွာမွေးဖွားလာခြင်းဖြစ်သည်။

The Villain Dressed As a Little MermaidOnde histórias criam vida. Descubra agora