Chapter 11

1.7K 356 4
                                    

    အိမ်ပတ်ဝန်းကျင်ရှိ အကာအကွယ်များကအရမ်းတင်းကြပ်လွန်းတာကြောင့် လင်ရှီးအရမ်းသိသိသာသာလုပ်လို့်မရပေ။

  ဒါ့အပြင် လက်ရှိဖွံ့ဖြိုးတိုးတက်နေတဲ့အခြေအနေအရ ချင်ရှောင်းအိမ်မှာနေ့တိုင်းရှိမနေပဲ အချိန်အများစုက အပြင်မှာပဲရှိနေသည်။ သူအိမ်ပြန်လာခဲ့ရင်တောင် လင်ရှီးဆီရည်ရွယ်ချက်ရှိရှိမသွားပေ။

    နောက်ဆုံးတော့လင်ရှီး ငါးကန်ထဲတွင်ရှိနေပြီး လူတစ်ယောက်နှင့်ငါးတစ်ကောင်ဟာ ဒီလိုမျိုးအပေါ်အောက်စကားပြောနေကြသည်။ ဘယ်လိုတောင်ကြည့်ရတာ ထူးဆန်းလိုက်သလဲ။

    တစ်ခါတစ်လေ ချင်ရှောင်းကလသာဆောင်(ဝရံတာ)မှာရပ်ပြီး အသစ်ဆောက်ထားတဲ့ငါးကန်အသစ်မှာ အနက်ရောင်ရေသူလေး လွတ်လွတ်လပ်လပ်ရေကူးနေတာကိုကြည့်နေတတ်၏။

    ငါးကန်ကြီးရှိပြီးနောက် လင်ရှီးလူပုံစံပြောင်းပြီး မြေပေါ်မှာလမ်းသိပ်မလျှောက်တော့ပါချေ။

    မပြောင်းတော့ဘူးလို့မဆိုလိုပေမယ့် ချင်ရှောင်းရှိနေ‌တဲ့အချိန်ဆိုသူမပြောင်းတော့ပေ။ ချင်ရှောင်းမရှိတဲ့အချိန်ဆိုရင်တော့ လင်ရှီးလူပုံစံပြောင်းပြီး ထိုင်ဖို့နဲ့စာဖတ်ဖို့ ဥယျာဉ်ထဲကိုသွားတာ ဒါမှမဟုတ်‌ခေါင်မိုးထပ်ကိုတက်တာမျိုး လုပ်လေ့ရှိသည်။

   သူနဲ့ပတ်သတ်ပြီး အချို့လိုအပ်တာတွေရှိရင် ပွင့်ပွင့်လင်းလင်းလုပ်လို့ ချင်ရှောင်းအရင်ကပြောထားဖူးတာကြောင့် လင်ရှီးယဉ်ကျေးမနေတော့ပေ။

    အိမ်မွေးတိရစ္ဆာန်တွေက အိမ်မွေးတိရစ္ဆာန်တွေရဲ့တာဝန်ကိုသိတတ်ရမယ်လို့ စူးရိအန်းကပြောဖူးသည်။ သို့သော် လင်ရှီးကသူ့ကိုယ်သူအိမ်မွေးတိရစ္ဆာန်လို့ ဘယ်တုန်းကမှမတွေးဖူးပေ။
(T/N,. Su Rianကဘယ်သူလဲကိုယ်ရှာတာလုံးဝမတွေ့ပါဘူး၊ ထင်တာ‌ကတော့pet trainerတို့‌ ၊ petအကြောင်းလေ့လာသုံးသပ်သူတို့လို petနဲ့ဆိုင်တဲ့တစ်စုံတစ်ယောက်ရဲ့မှတ်ချက်ဖြစ်မယ်ထင်ပါတယ်)

   သူ့တွင်တစ်စုံတစ်ယောက်ကယူလာပေးတဲ့ သက်တောင့်သက်သာရှိသောဒန်းကလေးရှိ၏။ နူးညံ့တဲ့ကူရှင် တစ်ခုကိုလည်းဒန်းကလေးပေါ်မှာထားထားပေးသည်။

The Villain Dressed As a Little MermaidOù les histoires vivent. Découvrez maintenant