Chapter 29

1.3K 242 4
                                    

လင်ရှီးထွက်သွားပြီးနောက် ချင်ရှောင်းခဏမျှသူ့ကိုစိုက်ကြည့်နေပြီး လင်ရှီးသူ့အခန်းထဲဝင်ကာတံခါးပိတ်သွားသည့်အခါမှာတော့ ချင်ရှောင်းကလှေကားမှာရပ်နေတုန်းပဲဖြစ်သည်။
[T/N- အခန်းထဲကနေလင်ရှီးနောက်ကိုလိုက်ပြီးထွက်သွားတယ်ထင်ပါရဲ့]

အချိန်အတော်ကြာပြီးမှ ‌ချင်ရှောင်းသူ့ခြေထောက်များကိုကြွကာ သူ့အခန်းထဲသို့ပြန်ဝင်လာခဲ့သည်။

သူ့အခန်းထဲရောက်သောအခါ ဥယျာဉ်ထဲရှိငါးကန်ကို ထောင့်ဖြတ်အနေအထားဖြင့် ‌မြင်ရသည့်ပြူတင်းပေါက်ရှိရာသို့သွားလိုက်၏။

ချင်ရှောင်းသည် နက်မှောင်သောမျက်လုံးများဖြင့် ငါးကန်ကိုစိုက်ကြည့်နေခဲ့သည်။

သူရူးနေပြီထင်တယ်။

ညသည် လူတို့၏နှလုံးသားထဲမှာရှိသည့် လျှို့ဝှက်နက်‌နဲသောအတွေးများကို လှုံ့ဆော်ပေးနိုင်သည့် ထူးဆန်းသောမှော်အစွမ်းများရှိပုံရသည်။

‌ချင်ရှောင်းခေါင်းကိုအနည်းငယ်ခါယမ်းလိုက်၏။ အခုအရာအားလုံးကသူ့အတွက်မဟုတ်ဘူးလို့ထင်ရသည်။

တိတ်ဆိတ်သောညက လျှင်မြန်စွာကုန်ဆုံးသွားခဲ့၏။

နောက်တစ်နေ့လင်ရှီးနိုးလာသောအခါ သူ့ပိုင်ရှင်ကထွက်သွားနှင့်လေပြီ။

လှေကားမှဆင်းလာရင်း လင်ရှီးမနေ့ကသူရပ်ခဲ့သည့်လှေကားထစ်အစွန်းတွင်ရပ်လိုက်၏။ အိပ်မက်တစ်ခုဟုထင်ရသော်လည်း ၎င်းကစိတ်ကူးယဉ်အိပ်မက်မဟုတ်မှန်း လင်ရှီးရှင်းရှင်းလင်းလင်းသိသည်။

နေ့လည်ပိုင်းတွင် လင်ရှီးသည်ဆေးရုံရှိလင်ကျင့်ကိုဆက်သွယ်ခဲ့ပြီး နေ့လည်စာစားပြီးနောက် ဆေးရုံသို့အမြန်သွားခဲ့သည်။

သူဆေးရုံသို့ရောက်သောအခါ အခန်းရဲ့အခြေအနေက သူနောက်ဆုံးတစ်ခေါက် ရောက်ခဲ့တုန်းကအချိန်နဲ့အနည်းငယ်ကွာခြားနေသည်။ နောက်ထပ်ပစ္စည်းတွေအများကြီးရှိနေ၏။

လင်ရှီးဘာမှမမေးခင် လင်ကျင့်သည်ပစ္စည်းများကိုရှဲ့ဟုန်မင်ကပေးပို့ပေးခဲ့ကြောင်းထုတ်ပြောလာခဲ့သည်။

The Villain Dressed As a Little MermaidWhere stories live. Discover now