Chapter 34

1.3K 241 6
                                    

    ဖန်ငါးကန်၏အစွန်းတွင်ချင်ရှောင်း တိတ်တဆိတ်ရပ်ပြီး အထဲမှာငြိမ်းငြိမ်းချမ်းချမ်းအိပ်ပျော်နေသည့် ရေသူလေးကိုငေးကြည့်နေသည်။

     သူ့လက်ကိုဆန့်ပြီး ဖန်နံရံအပြင်ဘက်ကနေ လက်ဖဝါးနှင့်ပွတ်သပ်လိုက်၏။ ညင်ညင်သာသာလေးပွတ်သပ်နေရင်း အပြုံးတစ်ပွင့်က တဖြည်းဖြည်းနဲ့ သူ့ရဲ့ရေခဲမျက်နှာမှာပေါ်လာတော့သည်။

         အချိန်အတော်ကြာရပ်ပြီးနောက် ချင်ရှောင်းပြန်လည်ထွက်ခွါသွားလေသည်။

       လက်အောက်ငယ်သားတွေရဲ့စုံစမ်းစစ်ဆေးမှုတွင် လင်ရှီးထွက်ပြေးမှုနှင့်ပတ်သက်၍ တိုးတက်မှုအချို့ရှိလာခဲ့သည်။
       
       သဘာဝကျစွာပဲ လင်ရှီးသူ့ဘာသာသူထွက်သွားတာမဟုတ်ပဲ သူ့ကိုကူညီပေးတဲ့တစ်စုံ‌တစ်ယောက်ရှိတာကို ချင်ရှောင်းသိပေသည်။ တစ်နည်းအားဖြင့် ရေသူလေးနှစ်ကောင်ဖြစ်သည့် လင်ရှီးနဲ့လင်ကျင့်ရဲ့စွမ်းဆောင်‌ရည်နဲ့သာဆို ဒီလိုအချိန်တိုတိုလေးအတွင်း ပင်လယ်ပြင်ဆီရောက်ဖို့မဖြစ်နိုင်ပေ။

         ပြီးတော့ အဲ့ဒီကူညီပေးတဲ့လူကိုလည်း ချင်ရှောင်းရေးတေးတေးလေးသိနေ၏။

      ချင်ရှောင်းသူ့လက်အောက်ငယ်သားတွေနဲ့ ဧည့်ခန်းထဲမှာဆွေးနွေးနေပြီး သူတို့ကို သူမသင်္ကာဖြစ်နေသည့်သူအား စုံစမ်းစစ်ဆေးရန်ညွှန်ကြားခဲ့သည်။ တစ်ဖက်လူက အရမ်းကြင်နာပြီးရေသူလေးနှစ်ကောင်ကို ထွက်ပြေးဖို့တကယ်ကြီးကူညီလိုက်တယ်ဆိုတာကို သူအံ့ဩသွား၏။

         ဘယ်လိုပဲကြည့်ကြည့် တစ်ဖက်လူကဒီလိုပိစ္စတွေကို လုပ်မယ့်သူမျိုးနဲ့မှမတူတာ။ တကယ်လို့အဲ့ဒီလူသာ တကယ်လုပ်ခဲ့ပါက ချင်ရှောင်းထိုလူ့ထံတွင်အခြားအကြံအစည်များရှိနေတယ်လို့ သံသယဝင်ရပေမည်။

        ချင်ရှောင်းဒီတစ်ကြိမ်ပြန်လာတာက လင်ရှီးကိုရှာဖို့တင်မဟုတ်ပဲ အခြားအရေးကြီးကိစ္စကြောင့်လည်းပါသည်။ အဲ့တာကသိပ်မကြာခင်မှာ ပြည်ထောင်စုဗဟိုအစိုးရအဖွဲ့အတွင်း ပြောင်းလဲမှုအချို့ဖြစ်ပေါ်နိုင်ပြီး ထိုပြောင်းလဲမှုတွေက ကပ်ဆိုက်မှုကာလအသစ်တွေကိုဖြစ်ပေါ်စေနိုင်သည်။

The Villain Dressed As a Little MermaidWhere stories live. Discover now