Chapter 20

1.5K 333 39
                                    

         တုန်လှုပ်ခြောက်ခြားဖွယ်လှိုင်းလုံးကြီးက လင်ရှီးထံလျှင်မြန်စွာရောက်လာပြီး လင်ရှီးကိုမြေပြင်ပေါ်သို့လဲကျသွားစေသည်။ မြေပြင်ပေါ်လဲကျရာတွင် နာကျင်မှုကသိသိသာသာပဲဖြစ်ပေါ်လာ၏။

      မြေပြင်ကခဏမျှပြင်းပြင်းထန်ထန်လှုပ်ရှားပြီးနောက် တဖြည်းဖြည်းချင်းရပ်တန့်သွားသည်။

   ကမ္ဘာမြေပြင်တစ်ခုလုံးက တုန်လှုပ်နေကာပျက်စီးတော့မည့်အရိပ်အယောင်များစတင်ပြသလာပေမယ့် လင်ရှီးယခုဒီနေရာမှထွက်သွားပါက ဤအနာဂါတ်မြင်ကွင်းထဲနောက်တစ်ကြိမ်ပြန်ဝင်ရောက်နိုင်မည်မဟုတ်ကြောင်းခံစားလိုက်ရသည်။

      လင်ရှီးမြန်မြန်ပြန်ထလိုက်ပြီး သူ့အနားတွင်လူတစ်ယေယက်ရပ်နေတာကိုတွေ့လိုက်ရ၏။ ထိုလူကလင်ရှီးလဲကျသွားတာကိုမြင်ပြီးနောက် လင်ရှီးရဲ့သေးသွယ်အားနည်းတဲ့ပုံစံလေးကြောင့် ကူညီရန်ရောက်ရှိလာခြင်းဖြစ်သည်။

      လင်ရှီးကျေးဇူးတင်ဖို့သူ့ခေါင်းကိုမော့လိုက်သောအခါ ဖြတ်သွားဖြတ်လာများကလင်ရှီးမျက်နှာကိုမြင်ပြီး ခေတ္တမျှအံ့အားသင့်သွားကြ၏။

      စတိုးဆိုင်ကိုကျောက်တုံးများဖြင့်ပိတ်ဆို့သွားပြီး ထိုနေရာသို့သွားရန်နောက်ကျသွားပြီဖြစ်သည်။

     သူ့လက်များကဖောက်ထွင်းမြင်ရတော့မလိုကြည်လင်လာသည်။
    
     လင်ရှီးမျက်မှောင်ကြုတ်ကာ သူ့အနားမှာရှိတဲ့လမ်းသွားလမ်းလာကိုစိုက်ကြည့်နေရင်း တစ်ခုခုကိုတွေးမိသလိုမျိုး ရုတ်တရက်သူ့မျက်လုံးများကတောက်ပလာ၏။

     လင်ရှီးထိုလူကိုမေးလိုက်၏။

     "အခုဘယ်အချိန်ရှိပြီလဲ?"

    "သုံးနာရီနှစ်ဆယ့်ငါးမိနစ်"

    "ဒီနေ့ကဘာနေ့လဲ" လင်ရှီးထပ်မေးလိုက်သည်။

    ထိုလူကလင်ရှီးကို အံ့အားသင့်စွာကြည့်လာသည်။ ဒီနေ့ဘာနေ့လဲဆိုတာ လင်ရှီးမသိတာကိုအံ့အားသင့်သွားဟန်တူသည်။ သို့သော်လင်ရှီး၏နတ်သားလေးလိုလှပတဲ့မျက်နှာလေးကြောင့် ထိုလူကသူ့ကိုရက်အတိအကျပြောပြလာ၏။
   
      "ကျေးဇူးတင်ပါတယ်" လင်ရှီးထိုလူကိုကျေးဇူးတင်လိုက်၏။ သူ့လက်နှစ်ဖက်ကိုအမှတ်တမဲ့မြှောက်ပြမိသောအခါ လက်ဖဝါးတစ်ခုလုံးကရေလိုကြည်လင်နေ၏။

The Villain Dressed As a Little MermaidUnde poveștirile trăiesc. Descoperă acum