Chapter 5

2.3K 435 7
                                    

   လင်ရှီးသည် လျစ်လျူရှုကာထွက်သွားသောသူ၏နောက်ကျောကိုကြည့်ကာသံသယစိတ်ဖြင့်မျက်တောင်ခတ်လိုက်ပြီး ထိုခဏ၌ ထိုသူသည်ထွက်ပြေးသွားသည်ဟုခံစားလိုက်ရသည်။
    ဝယ်သူ၏အ‌ခြေနေကိုသိပ်ဂရုမစိုက်တော့ပဲလင်ရှီးသည်သူ့အင်္ကျီကိုတင်းကြပ်စွာဆုပ်ကိုင်၍ သူ၏ကိုယ်လုံးတီးခန္ဓာကိုယ်အောက်ပိုင်းကိုဖုံးကွယ်လိုက်သည်။
    ငါးအမြီးသည်သူ့ခြေထောက်အဖြစ်ပြောင်းသွားသော်လည်း လင်ရှီးသည်ငါးကန်ထဲတွင်ရေသူလေးအဖြစ်တစ်လကျော်နေထိုင်ခဲ့ခြင်းဖြစ်သည်။လင်ရှီးသည်တစ်လကျော်ကြာအောင်ရေထဲတွင်နေထိုင်ခဲ့သည်ဖြစ်၍  ရေနှင့်အ‌ေတာ်လေးအသားကျနေပြီဟုဆိုနိုင်သည်။
    သူ့အမြီးကနေခြေထောက်တွေအဖြစ်ရုတ်တရက်ပြောင်းသွားသောကြောင့် အောက်ကခြေထောက်နှစ်ချောင်းကသူ့ကိုယ်ပိုင်မဟုတ်သလိုခံစားနေမိသည်။
    သူ့ခြေထောက်တွေကိုကွေးပြီးထိုင်ခုံပေါ်တင်လိုက်တဲ့အခါထိုင်ခုံကြီးနေပြီးသူ့ရဲ့ရေသူခန္ဓာကိုယ်လေးကအတော်လေးသေးနေသဖြင့်တစ်ကိုယ်လုံးထိုင်ခုံပေါ်တင်ထားသော်လည်းနေရာအနည်းငယ်ကျန်နေသေးသည်။
     ယာဉ်ပျံသည်မြင့်မားသောအရပ်၌လျင်မြန်စွာပျံသန်းနေလေသည်။
     လင်ရှီးသည်ငါးကန်ထဲ၌‌ေနစဥ်တနေကုန်လုပ်စရာမရှိပေ။ နောက်ဆုံးတော့သူငါးကန်ထဲမှထွက်လာခဲ့ပြီဖြစ်သည်။ တစ်နေရာမှအခြားနေရာသိုပြောင်းရွှေ့နေရခြင်းဖြစ်ရပ်သည်ရက်ပေါင်းများစွာပြင်ပလောကကိုမထိတွေခဲ့ရသောလင်ရှီးအတွက်တော့အနည်းငယ်စိတ်လှုပ်ရှားစေသည်။
      ပြူတင်းပေါက်အပြင်ဘက်‌တွင်တော့ဖြူဖြူပြာပြာတိမ်တိုက်များရှိကာကောင်းကင်သည်ကြည်လင်နေလေ၏။
       လင်ရှီးသည်ခေါင်းငဲ့ကာအဝေးသို့စူးစိုက်ကြည့်ရင်းစဉ်းစားနေမိသည်။သူကူးပြောင်းမလာခင်နေ့ရက်များတွင်စာအုပ်လောက၏အဆုံးစွန်ဆုံးသောဗီလိန်တစ်ယောက်ဖြစ်ခဲ့ပြီးဇာတ်လိုက်သည်သူ၏ရန်သူဖြစ်ခဲ့သည်။
       သူ့လက်များတွင်လူများစွာတို့၏သွေးများစွန်းထင်းနေခဲ့ပြီး ဤသည်မှာလည်းသူကထိုသူတွေက်ုသတ်ချင်ခဲ့၍မဟုတ်ပဲထိုသူတွေကသူ့လမ်းမှာလာပိတ်ဆို့ခဲ့ခြင်းကြောင့်သာ။ ထိုသူများ၏အသနားခံလိုခြင်းနှင့်စိတ်ပျက်မှုများရောထွေးနေသောမျက်နှာများကိုပြန်တွေးမိရင်း သူ၏နှုတ်ခမ်းထောင့်များကွေးတက်လာလေသည်။
        သူကလွတ်လပ်မှုကိုလိုလားတောင့်တသူဖြစ်ပြီးသူ့ဇာတ်ကောင်ကလည်းထိုကဲ့သို့သောပုံစံမျိုးဖြစ်သည်။သူ့အသိစိတ်နိုးထလာပြီးနောက်ပိုင်းတွင်လွတ်လပ်မှုကိုတောင်းတခြင်းသည်ပိုမိုပြင်းထန်လာခဲ့သည်။

The Villain Dressed As a Little MermaidWhere stories live. Discover now