Chapter 25

1.2K 269 8
                                    

   ပါတီပွဲ၏အရှေ့ဘက်‌ရှိနေရာသို့လျှောက်သွားနေရင်းလမ်းတွင် လင်ရှီးခန္ဓာကိုယ်ပေါ်ကျရောက်လာသည့် အငြိုးထားသောအကြည့်ပြင်းပြင်းပြပြကိုခံစားမိလိုက်သည်။

    အဲ့ဒီအငြိုးတရားက ပြင်းထန်လွန်းလို့ရုပ်လုံးပေါ်လုနီးပါးပင်။

      လင်ရှီးမျက်လွှာအနည်းငယ်ပင့်လိုက်ကာ လူအစုအဝေးထဲအလျင်အမြန်ဝေ့ဝိုက်ကြည့်လိုက်ပြီး ထိုအကြည့်ပိုင်ရှင်ကိုရှာဖို့ကြိုးစားလိုက်သည်။ သို့သော်အဲ့ဒီလူက ရုတ်တရက်သူ့ကိုယ်သူထိန်းချုပ်လိုက်သည့်ပုံပင်။

        ခန်းမတစ်ခုလုံးမှာ သူချင်ရှောင်းကိုပဲသိတဲ့အပြင် တစ်ယောက်ကိုမှမသိတာကြောင့် သူ့ကိုမလိုသူတွေရှိနေစရာအကြောင်းအရင်းမရှိပေ။

      အဲ့တာကိုတွေးမိပြီးနောက်လင်ရှီးဘေးဘက်သို့အကြည့်လွဲလိုက်၏။ တကယ်‌တမ်းတော့သူ့ဘေးမှာအတော်ချောတဲ့ရုပ်ရည်နဲ့ ယောက်ျားရှိနေတာပဲ။

      တကယ်လို့ချင်ရှောင်းကြောင့်ဆိုရင် ဘာကြောင့်တချို့လူတွေသူ့ကိုမနာလိုမုန်းတီးစွာကြည့်နေတာလဲဆိုတာ လင်ရှီးနားလည်နိုင်ပါသည်။

     ထိုလူတွေကချင်ရှောင်းကို ကြိုက်နှစ်သက်တဲ့လူတစ်ချို့ဖြစ်နိုင်သည်။ အစကချင်ရှောင်းတစ်ယောက်တည်းလာမယ်လို့ သူတို့ထင်ခဲ့ကြပေမယ့် မမျှော်လင့်ပဲသူ့ကိုခေါ်လာခဲ့သည်လေ။ ဟုတ်တာပေါ့ ချင်ရှောင်းကိုကြိုက်တဲ့သူတွေက သူ့(ချင်ရှောင်း)ကိုရွံရှာမုန်းတီးအပြစ်တင်ဖို့တော့မဖြစ်နိုင်ဘူးလေ။ သေချာပေါက်သူကပဲ ချင်ရှောင်းကိုသွေးဆောင်ဖျားယောင်းထားတယ်လို့ ထင်နေကြမှာပေါ့။

     သူကိုယ်တိုင်တစ်နေ့ဒီလိုကိစ္စမျိုးကြုံရလိမ့်မယ်လို့မထင်ခဲ့မိဘူး။ စိတ်ဝင်စားစရာပဲ....။ လင်ရှီးရဲ့နှုတ်ခမ်းထောင့်စွန်းက တိတ်တဆိတ်မြင့်တက်သွားပြီး တစ်ယောက်မှသတိမပြုမိလိုက်တဲ့အပြုံးက တဒင်္ဂမျှသာ...။

      ချင်ရှောင်းလူအနည်းငယ်ရှေ့သို့လျှောက်သွားလိုက်၏။ ထိုလူတွေကချင်ရှောင်းလို တူညီတဲ့စစ်ဝတ်စုံများဝတ်ဆင်ထားကြပြီး သူတို့ရဲ့ပုခုံးပေါ်ကတံဆိပ်တွေက ချင်ရှောင်းရဲ့အဆင့်နဲ့သိပ်မကွာပေ။ ချင်ရှောင်းရောက်လာတာကိုမြင်သောအခါ ထိုလူတွေရဲ့အသွင်အပြင်းများက အရမ်းကိုလန်းဆန်းတက်ကြွသွားကြသည်။ ကြည့်ရတာတော့ချင်ရှောင်းကမမျှော်လင့်ထားတဲ့ တွဲဖက်ကိုပါတီပွဲသို့ခေါ်လာတာကသူတို့အတွက်လုံးဝမထင်မှတ်ထားတဲ့ကိစ္စဖြစ်ပုံပင်။

The Villain Dressed As a Little MermaidWhere stories live. Discover now