Chapter 23

1.4K 266 4
                                    

ထိုညကသူရေသူလေးနှင့် တစ်ညလုံးအတူတူအိပ်ခဲ့တာဖြစ်သည်။

ချင်ရှောင်းသူ့လက်ဖဝါးကို သူပြန်ငုံ့ကြည့်လိုက်သည်။ ရေသူလေးရဲ့ခန္ဓာကိုယ်က နူးညံ့ပြီးသေးသွယ်၏။ သူထိတွေ့ခဲ့ရတဲ့အထိအတွေ့ကို အခုထိရှင်းရှင်းလင်းလင်းခံစားမိတုန်းပင်။

ချင်ရှောင်းရဲ့အမူအရာအနည်းငယ်ပြောင်းလဲသွားတာကို ရှဲ့ဟုန်မင်သတိထားမိလိုက်သည်။ သို့သော်အဲ့တာကသူ့ကိုအနှောင့်အယှက်မဖြစ်စေပေ။ သူ့ရဲ့အထက်လူကြီးတစ်ဖြစ်လဲ သူငယ်ချင်းဖြစ်သူသည် မည်သည့်ယောက်ျား၊ မိန်းမကိုမှကြိုက်ပုံမပေါ်ခဲ့ပေ။ တစ်ယောက်ယောက်ကသူ့နားကပ်နေပါက အဲ့တာကသူ့(ချင်ရှောင်း)ကိုအနည်းငယ်စိတ်ရှုပ်စေသည်သာပင်။

အကယ်၍ရေသူလေးသာဖြစ်ခဲ့ရင်ရော....ရှဲ့ဟုန်မင်ရေသူလေးရဲ့နူးညံ့ပြီးတောက်ပတဲ့မျက်နှာလေးကိုတွေးမိကာ ထိုမျက်နှာလှလှလေးကိုတော့ သူ(ချင်ရှောင်း)လျစ်လျူမရှုနိုင်ဘူးဟုထင်မိသည်။

ဒါကိုတွေးပြီးနောက် ရှဲ့ဟုန်မင်သူ့သူငယ်ချင်းအတွက် တစ်ခုခုလုပ်ဖို့စီစဉ်နေပြန်သည်။

ချင်ရှောင်းက ဘဝကိုပျော်ပျော်ရွှင်ရွှင်နေပါက လက်အောက်ငယ်သားများကိုလည်း အနားယူရန်အချိန်ပိုပေးသင့်သည်။
[သူအကြံကြီးပြီးအကြီးကြီးကြံနေတာ🤣🤣]

တစ်ချိန်လုံးအထက်အရာရှိတစ်ယောက်လို ပြုမူနေရတာကြောင့် အခြေခံအားဖြင့်အနားယူရန်အချိန်မရှိပေ။

အကယ်၍လင်ရှီးသာဒီအခန်းထဲမှာရှိပါက ရှဲ့ဟုန်မင်ရဲ့မျက်နှာမှတစ်စုံတစ်ခုကိုမြင်နိုင်ပြီး သူ့ကိုရပ်တန့်နိုင်ပေလိမ့်မည်။

အခုတော့ လင်ရှီးကငါးကန်ထဲမှာပျော်ပျော်ရွှင် သူ့အမြှီးကိုလွှဲယမ်းပြီးရေကူးနေသည့်အတွက် သနားစရာပင်။

ချင်ရှောင်းနဲ့ရှဲ့ဟုန်မင်ထွက်ခွါသွားတာကို လင်ရှီးမြင်လိုက်သည်။

သို့သော်လင်ရှီးကရေအောက်တွင်ရှိနေဆဲဖြစ်ပြီး ရေမျက်နှာပြင်ပေါ်သို့တက်မလာခဲ့ပေ။ ယာဉ်ပျံကလေထဲသို့တက်သွားပြီး သူ့မျက်ကွင်းထဲကပျောက်သွားကာမှ လင်ရှီးရေပေါ်သို့တက်လာခဲ့၏။

The Villain Dressed As a Little MermaidWhere stories live. Discover now