Chapter 39

980 214 2
                                    

ဒီလိုကိစ္စမျိုးကိုဆရာ၀န်ကစနောက်မှာမဟုတ်တာကိုလင်ရှီးယုံကြည်သည်။
   
ထို့ကြောင့် လင်ကျင့်မှာ ကိုယ်၀န်ရှိနေတယ်ဆိုတဲ့အချက်က အလိမ်အညာ မဖြစ်နိုင်ပေ။

ပထမဆုံးအကြိမ် ရေသူထီးတွေဟာ ကိုယ်၀န်ဆောင်နိုင်ကြောင်း လင်ရှီးလည်းသိခဲ့ရသည်။
  
အဲ့ဒါက သူ့ရဲ့လက်ရှိအမြင်ကို ပြိုကျစေသည်ဟု ပြောလို့ရသည်။
   
တစ်ချိန်တည်းမှာပဲ လင်ရှီးရဲ့မတတ်နိုင်‌ပေမယ့် စိတ်ထဲမှာပျော်ရွှင်မှုအနည်းငယ်ကို ခံစားလိုက်ရ၏။

ကံကောင်းထောက်မစွာနဲ့ သူ့ရဲ့ဖွဲ့စည်းပုံက လင်ကျင့်နှင့် အနည်ငယ်မျှကွဲပြားသည်။ ရေသူအထီးချင်းတူပေမဲ့လည်း လင်ရှီးနဲ့ချင်ရှောင်း လူးလှိမ့်ပြီးတာတောင် ကိုယ်၀န်မရပေ။
  
လင်ရှီးရဲ့အကြည့်တွေက မသိလိုက်ပါဘဲ လင်ကျင့်ရဲ့၀မ်းဗိုက်ဆီ ထပ်ပြီးရောက်သွားပြန်တယ်။

လင်ကျင့်ကိုကြည့်ရတာ ထိတ်လန့်ပြီးငေးငိုင်နေ၏။

မှန်းကြည့်ရင် တစ်နေ့ သူကိုယ်၀န်‌ဆောင်ရမယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ပုံပင်။

ကိုယ်၀န်ဆောင်နေတဲ့ ရေသူလေး.....
   
ရေသူလေးရဲ့အခြားအဖေကတော့ လင်ကျင့်နဲ့ တစ်ညတာဆက်ဆံရေးရှိခဲ့တဲ့ ရှဲ့ဟုန်မင်ဆိုတာ သံသယဖြစ်စရာမလိုပေ။
  
အဲ့ဒီညအကြောင်းပြောရရင် လင်ရှီး ထွက်သွားကြောင်း ရုတ်တရက် သိလိုက်တဲ့ညကပင်။
 
စွန့်ပစ်ခံရခြင်းနဲ့ ထွက်သွားခြင်းဆိုတဲ့ ဆုံးရှုံးလိုက်ရတဲ့ခံစားချက်က လင်ကျင့်အပေါ် သက်ရောက်မှု ကြီးမားသွားခဲ့သည်။
  
လင်ကျင့် စားသောက်ချင်တဲ့စိတ် တစ်ခုတလေမှတောင် မရှိတော့ချေ။
   
လင်ကျင့် စိတ်အခြေအနေ မကောင်းတာကို ရှဲ့ဟုန်မင်သိသွားတာကြောင့် သက်သာရာရစေမဲ့စကားတွေပြောပေးခဲ့ပြီး ချင်ရှောင်က လင်ရှီးကိုရှာဖို့ တစ်စုံတယောက်ကို စေလွှတ်‌လိုက်ကြောင်းကိုလည်း အရိပ်ပြပေးခဲ့၏။
   
အဲ့ဒါက လင်ရှီး လင်ကျင့်ကို ပစ်သွားခဲ့သည် ဆိုသောအချက်ကို ပိုပြီးခိုင်လုံသွားစေခဲ့သည်။
   
ရှဲ့ဟုန်မင် ရှင်းပြဖို့ အကြောင်းပြချက် တစ်ခုလေးတောင် ရှာမတွေ့တော့ဘူး။
  
လင်ရှီးကို ချင်ရှောင်း သေသေချာချာ ဂရုစိုက်ပေးခဲ့ပြီး လင်ရှီးအား အကောင်းဆုံးလွတ်လပ်ခွင့်ကိုပါ ပေးထားပေသည်။
  
ဒါပေမယ့်လည်း လင်းရှီးက စိတ်ကျေနပ်မှုမရှိဘဲ တိတ်တဆိတ်ထွက်သွားဖို့သာ ရွေးချယ်ခဲ့တယ်။
   
  မနက်ဖြန် တစ်ခုခုဖြစ်တော့မယ်ဆိုတာ ရှဲ့ဟုန်မင် သိလိုက်သည်။
  
ညဘက်ပြန်လာတဲ့အခါ လင်ကျင့်ကိုမနက်တုန်းကနဲ့အတူတူပဲဆို‌တာ တွေ့လိုက်ရ၏။ သူထွက်သွားတုန်းကအနေအထားအတိုင်းပင်။
   
အဲ့တာက ရှဲ့ဟုန်မင်ကို အနည်းငယ် စိုးရိမ်စေတယ်။
   
လင်ကျင့် အရင်တုန်းက ကြုံဖူးတဲ့ကိစ္စကို ရှဲ့ဟုန်မင် သိထားသည်။ လူသားတစ်ယောက်ရဲ့ နှိပ်စက်မှုကို လင်ကျင့်ကြုံဖူးခဲ့ပြီး လင်ရှီးရဲ့အကူညီနဲ့တဖြည်းဖြည်းပြောင်းလဲလာခဲ့ခြင်းပင်။ အခုတော့ သူ့ကို အများဆုံးကူညီပေးခဲ့တဲ့၊ သူ့နှလုံသားကနေယုံကြည်ရတဲ့ လင်ရှီးကထွက်သွားခဲ့သည်။
   
လင်ကျင့် ပြိုလဲသွားမှာကို ရှဲ့ဟုန်မင် ကြောက်ရွံ့မိသည်။
  
ဒါ့ကြောင့် သူလျှောက်သွားလိုက်ပြီး လင်ကျင့်ကို ရင်ခွင်ထဲပွေ့ဖက်ကာ သူအမြဲတမ်းအနားမှာရှိနေပေးမည် ဖြစ်ကြောင်း လင်ကျင့်ကိုပြောခဲ့၏။
   
အညိုရောင်ဆံပင် အညိုရောင်မျက်လုံးနဲ့ ရေသူထီးလေးက ရှဲ့ဟုန်မင်ရဲ့ရင်ခွင်ထဲလှဲနေပြီး တိတ်တဆိတ်ငိုကြွေးနေခဲ့သည်။
   
    လူတွေငိုတာကို ရှဲ့ဟုန်မင် တစ်ခါမှမတွေ့ဖူးတာ မဟုတ်တဲ့အပြင် များပြားလှတဲ့ သေဆုံးမှုတွေကိုပါ တွေ့ဖူးပေ၏။
   
  ဒါပေမဲ့ ရေသူလေးရဲ့ကြိတ်ငိုနေခြင်းက ရှဲ့ဟုန်မင်ကို ပထမဆုံးအကြိမ် ရင်ဘတ်စူးအောင့်စေသည့်ခံစားချက်ကို ခံစားစေခဲ့သည်။
 
ရေသူလေးကို ဘယ်လိုနမ်းလိုက်တယ်ဆိုတဲ့ မှတ်ဉာဏ် သူ့မှာမရှိပေ။
   
ရေသူလေးရဲ့ ငိုရင်းရှိုက်နေတဲ့ မျက်နှာလေးကိုတွေ့လိုက်ရတော့ ရှဲ့ဟုန်မင် လင်ကျင့် အငိုရပ်သွားတာကိုသာ လိုချင်ခဲ့၏။
   
အဲ့ဒီနောက် ကိစ္စတွေက ချောချောမွေ့မွေ့ ဖြစ်ပျက်သွားခဲ့သည်။
   
  နောက်တစ်နေ့ရောက်တော့ ရှဲ့ဟုန်မင် လင်ကျင့်ကို‌ တောင်းပန်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လင်ကျင့်ရဲ့ စိတ်ခံစားချက်က မတိုးတက်လာတဲ့အပြင် သူ့မျက်လုံးတွေနဲ့ ဆုံရမှာကြောက်နေတာကိုပါ တွေ့လိုက်ရသောကြောင့်ပင်။
   
အဲ့ဒီနေ့ပြီးနောက် သူ့ရဲ့တည်ရှိမှုက လင်ကျင့်ကို သက်ရောက်မှုရှိ‌မှာကို ရှဲ့ဟုန်မင် စိုးရိမ်မိတာကြောင့် အိမ်ကို မကြာမကြာ မပြန်တော့ချေ။
   
ဒါမှမဟုတ် အစောကြီးထွက်သွားပြီး နောက်ကျမှ အရမ်းပြန်လာလေ့ရှိသည်။
   
တကယ်တော့ သူမသိလိုက်တာက သူလုံး၀အထင်လွဲနေတာကိုပင်။
   
အဲ့ဒီအချိန်တုန်းက လင်ကျင့် သူ့ဘေးမှာ တစ်ယောက်ယောက် ရှိဖို့ လိုနေတာဖြစ်သည်။
   
လင်ကျင့် ရှဲ့ဟုန်မင်ကို သွားမတွေ့ဘူးဆိုတာက သူကရေသူဖြစ်ပြီး ရှဲ့ဟုန်မင်ကလူသားဖြစ်တာကြောင့် ရှဲ့ဟုန်မင် သူ့ကိုတကယ်ကြိုက်တာလို့ မယုံကြည်နိုင်တဲ့အပြင် သူ့နှလုံးသာက အလွန်ပူပန်နေခဲ့၏။
   
အခု ဆရာ၀န်က သူ့မှာ ကိုယ်၀န်ရှိနေပြီ ဖြစ်ကြောင်း ရုတ်တရက် ပြောလာတော့ လင်ကျင့် ခံစားမိတာက ရှဲ့ဟုန်မင် ဒီကလေးကို မနှစ်သက်ဟုပင်။
   
သူတို့ကြားကိစ္စ တစ်ခုဖြစ်သွားပြီးနောက် ရှဲ့ဟုန်မင်က သူ့ကို တောင်းပန်ခဲ့သည်။
   
သူ့ရဲ့မသိစိတ်က ရှဲ့ဟုန်မင်က နောင်တ ရသွားလို့ဟု ထင်မိသွားတော့သည်။
   
ဒီအကြောင်းကို အထီကျန်ဆန်ပြီးဗလာဖြစ်နေတဲ့အိမ်မှာ တစ်ယောက်တည်း စဉ်းစားနေမိရင်း သူ့မျက်လုံးတွေက နီလာကာ မျက်နှာလေးပေါ် မျက်ရည်တွေ လိမ့်ကျလာတော့သည်။
   
မျက်ရည်တွေက သူ့ပါးပြင်ပေါ်လိမ့်ကျလာတော့ လက်နဲ့သုတ်ပစ်လိုက်၏။
   
ခေါင်းမော့လိုက်တော့ သူ့မျက်ရည်တွေကို သုတ်ပေးလိုက်တဲ့ ဘေးကလင်ရှီးကို သူ့ရဲ့ မျက်ရည်အပြည်နဲ့ မျက်၀န်းအစုံနဲ့ လင်ကျင့် မြင်လိုက်ရသည်။

The Villain Dressed As a Little MermaidUnde poveștirile trăiesc. Descoperă acum