Chapter 37.1

1.3K 272 6
                                    

      ထိုစကားလုံးတွေက လင်ရှီးကိုချက်ချင်းရပ်တန့်သွားစေပြီး ချင်ရှောင်းရဲ့ဒေါသနဲ့ ယုံကြည်မှုမရှိတဲ့လေသံကို ချင်ရှောင်းရဲ့မေးခွန်းကနေတဆင့် သူရှင်းရှင်းလင်းလင်းကို ကြားလိုက်ရသည်။ 

      ဒီဒေါသက ချင်းရှောင်းသူကစားခံနေရတယ်လို့ ထင်နေတာကနေထွက်လာတဲ့ပုံပဲ။ 

     လင်ရှီးခေါင်းခါပြီးငြင်းဆန်ချင်ခဲ့သည်။ သူ့ဘဝကိုမျဥ်း‌ကြောင်းပေါ်မှာတင်ပြီး အနာဂါတ်ကိုကြိုမြင်နိုင်စွမ်းရှိကြောင်းပြောပြခဲ့ပေမယ့် ကြည့်ရတာချင်ရှောင်းက ဒီကိစ္စကိုအရမ်းကြီးဂရုမစိုက်သလို သူ့ကိုလည်းမယုံကြည်ဖြစ်နေဆဲပင်။ 

      ဒီအချိန်မှာဘာသာစကားက အားနည်းနေပုံရပြီး သူ့ကိုယ်သူခုခံပြောဆိုပေးဖို့ ဘယ်လိုရှင်းပြရမလဲမသိတော့ချေ။  

      သူကကူးပြောင်းလာတဲ့သူဖြစ်ပြီး ဒီကမ္ဘာကလူမဟုတ်ဘူးဆိုတဲ့ အချက်ကို‌ထုတ်ပြောဖို့တော့ အစီအစဉ်မရှိပေ။ 

     သူ့ကိုမယုံသင်္ကာအကြည့်နဲ့ ‌စိုက်ကြည့်နေတဲ့ချင်ရှောင်းကို သူကြည့်မိတော့ ချက်ချင်းပင် လင်ရှီးသူ့နှလုံးသားထဲက နာကျင်မှုကိုခံစားလိုက်ရ၏။ 

     ထို့နောက် လင်ရှီးတစ်စုံတစ်ရာကိုနားလည်သွားရတယ်။ ကိစ္စတစ်ခုကြောင့် ချင်ရှောင်းအရမ်းကိုမယုံသင်္ကာဖြစ်နေတယ်ဆိုတာ သူခန့်မှန်းမိလိုက်သည်။ 

     အကယ်၍သူသာ ဒီကိစ္စကိုချင်ရှောင်းနဲ့ဝေမျှလိုက်မယ်ဆိုရင် ချင်ရှောင်းသူ့ကိုယုံကြည်သွားလောက်တယ်။ 

     လင်ရှီးသူလိုချင်တဲ့ ရလာဒ်ရရှိ‌နိုင်ကြောင်းကို အတည်ပြုလိုက်သည်။ 

     ထို့ကြောင့်လင်ရှီးရှင်းပြတာကိုမလုပ်တော့ပဲ ထိုအစားချင်ရှောင်းအရှေ့ကိုလျှောက်သွားလိုက်ကာ အရှေ့ကိုကိုင်းချလိုက်ပြီး ချင်ရှောင်းရဲ့ပခုံးပေါ်လက်တင်လိုက်၏။ ထို့နောက်ထိုလူ့ကိုနမ်းလိုက်လေသည်။ 

      ချင်ရှောင်းကအရပ်မြင့်တာကြောင့် လင်ရှီးသူ့ကိုနမ်းချင်လျှင် သူ့ခေါင်းကိုမော့ရပေမည်။ 

The Villain Dressed As a Little MermaidOnde as histórias ganham vida. Descobre agora