Chapter 26

1.2K 272 0
                                    

   လင်ရှီးမူးဝေပြီးလေးလံနေတာကြောင့် ဘေစင်ရှိရေပိုက်ခေါင်းကိုဖွင့်ကာ မျက်နှာကိုရေအေးအေးဖြင့်ဆေးကြောလိုက်သည်။

      သို့ပေမယ့်ခေါင်းကလေးလံနေဆဲပင်။

     လင်ရှီးသူ့ရဲ့နောက်ဆုံးဘဝတုန်းက အရက်မူးခဲ့ပြီး အရက်မူးခြင်းရဲ့ သီးခြားလက္ခဏာများကဘယ်လိုလဲဆိုတာသိခဲ့သည်။

       အခုသူကအရက်မူးနေပုံမဟုတ်ဘူး။

    အချိုများအလွန်အကျွံစားခြင်းက မူးဝေစေနိုင်တယ်ဆိုတာ မဖြစ်နိုင်ပေ။

     အချိုမုန့်တွေအပြင်သူစားခဲ့တာဆိုလို့ သစ်သီးဖျော်ရည်ပဲတွေပဲသောက်ခဲ့တာ။

     ဖျော်ရည်သက်သက်သာဆိုရင်တော့ ဘာပြဿနာမှရှိမှာမဟုတ်ပေ။

     ဖျော်ရည်ထဲမှာတစ်ခုခုရောထည့်ထားတယ်ဆိုရင်တော့...ဒါကအငြင်းပွါးစရာဖြစ်သွားပြီ။

     လင်ရှီးသူ့ခေါင်းကိုဖြည်းညှင်းစွာမော့လိုက်ပြီး အရှေ့ကမှန်ကိုကြည့်လိုက်သည်။ မှန်ထဲတွင်သူ့မျက်နှာကိုမြင်ရတဲ့အပြင် ပိုရင်းနှီးတဲ့မျက်နှာကိုလည်းမြင်လိုက်ရသည်။

     မကြားသေးမီက ဖုန်းလန်ဟုခေါ်သောဒီအမျိုးသမီးသည် လင်ရှီးကိုချဉ်းကပ်ဖို့အစပြုခဲ့ပြီး သူနှင့်ခဏတာစကားပြောခဲ့သည်။

     ထိုအမျိုးသမီးပေါ်လာသည့်အချိန်တွင် လင်ရှီးမျက်လုံးများပိုမိုကျဉ်းမြောင်းသွားကာ ဘာကြောင့်သူ့ခန္ဓာကိုယ်ကရုတ်တရတ်ပြောင်းလဲသွားတာလဲဆိုတာ ခန့်မှန်းမိသွားပေမယ့် ထိုအမျိုးသမီးကို မဖယ်ရှားနိုင်ခဲ့ပေ။

      ဖုန်းလန်က‌လင်ရှီးရဲ့ဘေးကိုလျှောက်လာပြီး သူမနှင့်လင်ရှီး၏မျက်လုံးများသည် မှန်ထဲတွင်ဆုံမိကြသည်။ လင်ရှီး၏ တင်းမာသည့်အမူအရာနှင့်ရုတ်ချည်းရင်ဆိုင်လိုက်ရသောအခါ ဖုန်းလန်အနည်းငယ်မျှအံ့အားသင့်သွား၏။

    လင်ရှီးရဲ့မျက်နှာလေးကိုကြည့်ရုံနဲ့တင်အပြစ်ကင်းစင်တဲ့ပုံလေးဖြစ်တာကြောင့် လင်ရှီးကိုအပြစ်ကင်းသည်ဟု တစ်ချိန်ကသူမထင်ခဲ့သော်လည်း အခုတော့သူကအဲ့လိုမဟုတ်တဲ့ပုံပဲ။

The Villain Dressed As a Little MermaidWhere stories live. Discover now