Chapter 13

1.7K 360 5
                                    

    လင်ရှီးအထူးကြပ်မတ်ကုသဆောင်တွင် အညိုရောင်ရေသူလေးကိုတွေ့လိုက်ရ၏။

   ရေသူလေး၏မျက်နှာနှင့် ခန္ဓာကိုယ်အနှံ့အပြားတွင် အဖြူရောင်ပိတ်ကျဲစများဖြင့်ရစ်ပတ်စည်းနှောင်ထားသည်။ မျက်လုံးတစ်ဖက်ကိုဖော်ထားပေမယ့် ကျန်တစ်ဖက်တော့ပိတ်ကျဲစဖြင့်ဖုံးအုပ်ထားသည်။

    တစ်ဖက်ကလူ၏ အညိုဖျော့ရောင်ဆံပင်လေးတွေ ပေါ်နေတာကြောင့်သာမဟုတ်လျှင် လင်ရှီးသည်ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေသည့်လူနာမှာ လွန်ခဲ့သည့်တစ်လကျော်က သူသိခဲ့တဲ့အညိုရောင်အမြှီးနှင့်ရေသူလေးမှန်း သိရန်မလွယ်ပေ။

     အရာအားလုံးကမမျှော်လင့်ပဲဖြစ်ပျက်ခဲ့တယ်ဆိုတာယုံရခက်သည်။

     လင်ရှီးသည်မှန်တံခါး၏ အပြင်ဘက်တွင်ရပ်နေကာသူ့မျက်နှာမှာအလွန်မဲမှောင်နေသည်။ လူနာ၏အခြေအနေမှာပြင်းထန်တာကြောင့် မနေ့ညကနာရီအနည်းငယ်ကြာအောင် ခွဲစိတ်ကုသမှုလုပ်ခဲ့သော်လည်း လုံးဝအန္တရာယ်မကင်းသေးသဖြင့် လင်ရှီးနှင့်အခြားသူများအခန်းထဲသို့ ဝင်လို့မရပေ။ ချင်ရှောင်း၏လုပ်ကိုင်နိုင်စွမ်းအရ သူစကားပြောလိုက်ရုံနှင့် အတားအဆီးများကိုဖယ်ရှား‌နိုင်သည်။ သို့သော်လင်ရှီးကခေါင်းယမ်းကာ အတင်းအကြပ်ဝင်မလာခဲ့ချေ။

   လူတွေအားလုံးက အဲ့ဒါကို‌မြင်လိုက်ရပြီး သေချာတာကရေသူလေးတစ်ခုခုဖြစ်ခဲ့သည်။ ဒီထက်ပိုသေချာတဲ့အရာမရှိတော့ပေ။
[T/N - ရေသူလေးနှိပ်စက်ခံရတာမှန်းလူတိုင်းကနားလည်တယ်လို့ပြောတာပါ]

     ရေသူလေးကဝယ်ခဲ့တဲ့လူက ဖျားနာနေသည်ဟုလိမ်လည်ခဲ့သော်လည်း အမှန်တကယ်မှာတော့ ဖြူစင်ပြီးကြင်နာတတ်တဲ့ရေသူလေးကို ရက်စက်စွာဆက်ဆံခဲ့ခြင်းဖြစ်သည်။

    လင်ရှီး၏နက်မှောင်သော မျက်လုံးများထဲမှအရိုးထဲအထိမုန်းတီးမှုများ ပေါ်ထွက်လာခဲ့သည်။ တစ်ဆက်တည်းမှာပဲ လင်ရှီးသူ့ကိုယ်သူပြင်းထန်စွာအပြစ်တင်ခဲ့သည်။

    သူသာအိပ်မက်စောစောမက်ခဲ့လျှင်၊ ဒါမှမဟုတ် သူသာစောစောကြိုမြင်နိုင်ခဲ့လျှင် ဒီလိုမျိုးတွေဖြစ်လာမှာမဟုတ်ဘူး။

The Villain Dressed As a Little MermaidWhere stories live. Discover now