Chapter -41.1

942 189 14
                                    


လင်ရှီးမှာ ထရပ်ကားရဲ့လိုင်စင်နံပါတ်ပြားရှိနေတယ်လို့ တွေးဖို့က ခန်းမင်အတွက်လုံးဝကိုမဖြစ်နိုင်တဲ့အရာပင်။ သူ(လင်ရှီး)က သူ့ရဲ့အနာဂါတ်ကိုကြိုမြင်နိုင်တဲ့စွမ်းရည်နဲ့ မြင်ခဲ့တာပဲဖြစ်သည်။

ချင်ရှောင်းက သူ့ကိုဆက်သွယ်၍ အကူအညီတောင်းဆိုခဲ့ပြီး လင်ရှီးရဲ့ ကြည့်ကောင်းပြီး ဖြူဖွေးကြည်လင်ကာ သိမ်မွေ့နူးညံ့တဲ့မျက်နှာအသွင်အပြင်လေးကို မြင်လိုက်ရချိန်မှာတော့ ရေသူတွေကိုမနှစ်သက်တဲ့လူတွေတောင် သူတို့ရဲ့ထက်ရှတဲ့အလှအပအောက်မှာ ချက်‌ချင်းဆွဲဆောင် သိမ်းသွင်းခံလိုက်ရမှာပင်။

မတိုင်ခင်တုန်းက ချင်ရှောင်းဘေးက ရေသူလေးအကြောင်း လုံးဝကိုမကြားခဲ့ဖူးဘူး။

အခုကြည့်ရသလောက်တော့ ချင်ရှောင်းကဒါကို လျှို့ဝှက်ထားခဲ့မှန်း ခန့်မှန်းကြည့်လို့ရတယ်။

ချင်ရှောင်းလိုမျိုး ယောက်ျားနဲ့မိန်းမကြားမလုပ်အပ်တဲ့အရာတွေကို တားမြစ်ထားတဲ့လူကိုတောင်မှ ဒီလိုလှပတဲ့ရေသူလေးက သိမ်းသွင်းနိုင်တယ်ဆိုတော့ နားလည်ဖို့တော့သိပ်မခက်ပါဘူးလေ။
[T/N- ရှုပ်သွားလားတော့ဘူး လင်ရှီးကလှလို့ ချင်ရှောင်းက ဖွက်ထားတယ်လို့ဆိုလိုတာပါ]

တစ်ချိန်တည်းမှာပဲ သူ့ရှေ့မှာရပ်နေတဲ့ ဒီရေသူကောင်လေးရဲ့အမြှီးအရောင်က ဘာရောင်ဖြစ်လဲဆိုတာ ခန်းမင်သိချင်စိတ်လေးနည်းနည်း ဖြစ်ပေါ်လာသည်။

အဲ့တာအရမ်းကို လှပတဲ့အရောင်ပဲဖြစ်ရမယ်။ မဟုတ်ရင်ချင်ရှောင်းက အဲ့ဒါကိုစိတ်ကူးထဲတောင်ထည့်မှာမဟုတ်ဘူး။

ခန်းမင် ဒီအရာတွေကို သူ့နှလုံးသားထဲမှာပဲ နက်နက်ရှိုင်းရှိုင်းမြှုပ်နှံထားလိုက်တယ်၊ သူဘာတွေပဲပြောနေပါစေ လင်ရှီးကဘယ်သူနဲ့သက်ဆိုင်တာလဲဆိုတာ သူသည်။

ကျင့်ဝတ်မရှိဘူးဆိုတာတော့ အဖြစ်မခံနိုင်ဘူး။

လိုင်စင်နံပါတ်ပြားနဲ့ပတ်သတ်တဲ့ တခြားအရာတွေလည်းရှိသေးတယ်။ လင်ရှီးပေးတဲ့အချက်အလက်တွေအရ ခန်းမင်က ဖြစ်နိုင်တယ်လို့သူထင်တဲ့အကြောင်းအရာတွေကို လင်ရှီးကိုတိုက်ရိုက်‌ပဲပေးခဲ့သည်။

The Villain Dressed As a Little MermaidWhere stories live. Discover now