Chapter 30

1.3K 272 10
                                    

    ချင်ရှောင်းအောက်ထပ်ဆင်းဖို့လုပ်‌တုန်း သူ့နောက်ကနေ ထူးဆန်းတဲ့အသံတစ်ခုထွက်လာလေသည်။

       ရေလှိုင်းဂယက်ထနေတဲ့အသံဖြစ်‌တာကြောင့် ချင်ရှောင်းအံ့အားသင့်သွားကာ ဘာဖြစ်တာလဲဟုလှည့်ကြည့်လိုက်စဉ် ပုံရိပ်တစ်ခုကသူ့ထံပစ်ဝင်လာခဲ့သည်။

      အနက်ရောင်အမြှီးကြီးကရေတွေက စင်ထွက်စေနေတာပင်။

     ရေတွေစင်နေတဲ့အချိန်မှာပဲ ချင်ရှောင်းရေထဲကနေသူ့ရင်ခွင်ထဲပစ်ဝင်လာတဲ့ရေသူလေးကိုလှမ်းဖမ်းလိုက်ရ၏။

      ရေသူလေးကရေတွေစိုရွှဲနေပြီး ချင်ရှောင်းရင်ခွင်ထဲခုန်ဝင်လိုက်တာကြောင့် သူ့အဝတ်အစားတွေကိုပါစိုသွားစေသည်။

      ချင်ရှောင်း‌မျက်မှောင်နက်နက်ကြုတ်လိုက်ပြီး သူ့ရင်ခွင်ထဲကရေသူထီးလေးကိုငုံ့ကြည့်လိုက်မိ၏။ ကောင်လေးကရုတ်တရက်သူ့ရဲ့ သွယ်ပြောင်းတဲ့လက်ကလေးတွေကိုမြှောက်ပြီး ချင်ရှောင်းရဲ့ပုခုံးကိုရစ်ပတ်လိုက်ကာ နား နားကပ်၍ချင်ရှောင်းကိုအံ့အားသင့်သွားစေသည့် တစ်စုံတစ်ခုကိုပြောခဲ့သည်။

        လင်ရှီးချင်ရှောင်းရဲ့အနားကိုကပ်ပြီး
  
    "ကျွန်တော် ခင်များကိုလိုချင်တယ်..."

       ထိုစကားလေးလုံးက ချင်ရှောင်းနားထဲကျရောက်သွားခဲ့သည်။ ဒါပေမယ့် စကားတစ်ခုလုံးရဲ့အပြည့်အစုံက 'ကျွန်တော်ခင်များခန္ဓာကိုယ်ကို လိုချင်တယ်' ဆိုပြီးဖြစ်ပေလိမ့်မည်။
[T/N- 我想要你__Wǒ xiǎng yào nǐ >> လေးလုံးပါ]

      တကယ်လို့ လူပုံစံနဲ့ဖြတ်သန်းရလျှင်ကောင်းမည်ဟု ထိုအချိန်တုန်းကလင်ရှီးတွေးခဲ့မိသည်။ အတော်လေးမူးနေရင်တောင် ချင်ရှောင်းရင်ခွင်ထဲခုန်ဝင်ဖို့ဆိုတာ သေချာပေါက်မဖြစ်နိုင်ပေ။

      ပြီးတော့ ငါးကန်ထဲကခုန်ထွက်ဖို့ဆို‌တာရောပေါ့...

     အသိစိတ်က ခန္ဓာကိုယ်ကကွဲထွက်သွားတဲ့အကျိုးဆက်က ခန္ဓာကိုယ်ကိုထိန်းချုပ်ဖို့ခက်စေသည်။
[T/N- ပြောချင်တာကကွာ သူသာပုံမှန်အသိစိတ်နဲ့ဆိုဒီအရာတွေကလုံးဝမဖြစ်နိုင်ဘူးပေါ့ သူသာလူဆိုရင်သူ့စိတ်သူထိန်းချုပ်နိုင်တယ်လို့ဆိုလိုချင်တာပါ။ မရှင်းရင်ကိုယ်တို့အပြစ်ပါ]

The Villain Dressed As a Little MermaidOpowieści tętniące życiem. Odkryj je teraz