Chapter -40.1

1K 212 2
                                    

လင်ရှီး အချို့သောအရာတွေကို လုပ်ရလိမ့်လို့ မထင်ထားခဲ့မိဘူး။

အဘယ်ကြောင့်ဆိုသော် သူ အချိန်ခရီးသွားလာပြီး သူ့ခန္ဓာကိုယ်က ရေသူဖြစ်နေပေမဲ့လည်း သူက လူ‌ဖြစ်နေဆဲဖြစ်ကြောင်း သတ်မှတ်ထားခဲ့လို့ပင်။

ရေသူအရောင်းဆိုင်ပဲဖြစ်ဖြစ် ချင်ရှောင်းရဲ့‌နေရာပဲဖြစ်ဖြစ်၊ ရေသူအရောင်းဆိုင်မှာ အပြင်ဘက် လွတ်လပ်ခွင့်ကို ကန့်သန့်ထားတာကလွဲရင် တကယ်ကို ဘယ်လူမဟုတ်တဲ့ဆက်ဆံမှုကိုမှ မလက်ခံခဲ့ရပေ။

ချင်ရှောင်ရဲ့ အိမ်ကိုလာမှ ဂရုစိုက် စောင့်ရှောင့်ပေးမှုကို လက်ခံခဲ့ရသည်။ အချို့သောလူ‌သားတွေတောင် မလိုအပ်တဲ့ အခြေအနေကို ရခဲ့တာဖြစ်နိုင်သည်။

အရင်က သူ လင်ကျင့်ကို သူငယ်ချင်းတစ်ယောက်အနေနဲ့ သတ်မှတ်ထားတာကြောင့် ‌လင်ကျင့်အားရွေးချယ်ခဲ့၏။ လင်ကျင့်ဖြစ်လာတဲ့နောက် လူသားတစ်ယောက်ရဲ့ နှိပ်စက်နေတဲ့ ကြေကွဲဖွယ်ရာ မြင်ကွင်းကိုမြင်လိုက်ရတာ အပါအ၀င် သူကြောင့်သာမဟုတ်ရင် လင်ကျင့်သေချာပေါက် သေသွားနိုင်တယ်။

အဲ့ဒီအချိန်တုန်းက ဒီကမ္ဘာမှာ လင်ကျင့်လို တူညီတဲ့ အခြေအနေမျိုးနဲ့ ရေသူတွေ မနည်းနိုင်ဘူးဆိုတာ လင်ရှီးသိလိုက်ရသည်။ သူက လူယုတ်မာတွေနဲ့ မဆုံလိုက်ရဘူးဆိုပေမဲ့လည်း လူသားတွေက အမြဲတမ်း ရေသူတွေကို အိမ်မွေးတိရိစ္ဆာတွေလို ဆက်ဆံလေ့ရှိပေသည်။

ခွေးတွေ ကြောင်တွေလိုမျိုးပေါ့ ။ ပိုဈေးကြီးသွားတာပဲရှိတာ။

အဆုံးမှာတော့ အိမ်မွေးတိရိစ္ဆာလေးတွေပါပဲ။

အချို့သောလူတွေက ရေသူတွေကို ဖျော်ဖြေရေး ကျင်းပတဲ့နေရာတွေကိုတောင် ရောင်းချလေ့ရှိသည်။

များစွာသောလူတို့က အဲ့ဒီဈေးနှုန်းနဲ့ ရေသူတွေကို ၀ယ်ဖို့ မတတ်နိုင်ကြပေ။

ဒါအပြင် ရေသူတွေက ထိခိုက်လွယ်ပြီး ရေသူကိုမွေးမြူဖို့ ပစ္စည်းတော်တော်များများကို ပြင်ဆင်ထားရပေမည်။

ထို့ကြောင့် ရေသူတွေရဲ့ လှပတဲ့မျက်နှာလေးနဲ့ ခန္ဓာကိုယ်ကို နှစ်သက်သူများအဖို့ ဖျော်ဖြေရေးနေရာတွေကိုသွားကြပြီး အချို့သောဝန်ဆောင်မှုလုပ်ငန်းတွေကဈေးနိမ့်နိမ့်နဲ့စီစဉ်ပေးမှသာ ၀ယ်ယူကြသည်။

The Villain Dressed As a Little MermaidWhere stories live. Discover now