Chapter 9

1.9K 367 5
                                    

ဓာတ်မတည့်မှုက တော်တော်ပြင်းထန်ပုံရပေမယ့် ဆေးတစ်ခါထိုးပြီးနောက် လင်ရှီးတစ်ကိုယ်လုံးရှိနာကျင်မှုနှင့်ယားယံခြင်းတွေက ချက်ချင်းတော်တော်များများသက်သာသွားသည်။ အသက်ရှူနှုန်းလည်း တော်တော်ငြိမ်သက်သွား၏။

ဆရာဝန်က လင်ရှီးအတွက်အစာစားပြီးဆေးသောက်ရန် ဆေးအချို့ကိုညွှန်ပေးလာသည်။ လင်ရှီးဆိုဖာမှထထိုင်လိုက်၏။ ဆေးကိုစစ်သားကယူထားပေးပြီး လင်ရှီးကတစ်ချိန်လုံး နာခံတတ်တဲ့လူနာလို တိတ်ဆိတ်နေသည်။ စစ်သားကဆရာဝန်ကို တံခါးဆီလိုက်ပို့ပြီး ဆရာဝန်ပြန်သွားပြီးနောက် ဟိုတယ်မှမှာထားသည့်မနက်စာကို ပေးပို့လာ၏။ စစ်သားကအစားအစာကို ယူပြီးစားပွဲပေါ်တင်ပေးလိုက်သည်။

လင်ရှီးရုပ်ပိုင်းဆိုင်ရာ အခြေအနေကအတော်တိုးတက်လာပြီး ဆိုဖာမှထကာထမင်းစားခန်းဆီသို့ လမ်းလျှောက်သွားလိုက်၏။

လမ်းတစ်ဝက်လောက်မှာတင် သူ့ခန္ဓာကိုယ်ကယိမ်းယိုင်သွားကာ သူ့အနောက်မှနီးကပ်စွာလိုက်လာသည့်စစ်သားက ကူညီပေးရန်လက်ကိုဆန့်လိုက်ပေမဲ့ လင်ရှီးလက်ခါပြီးငြင်းဆန်လိုက်သည်။

သူအခုချိန်မှာ ဘယ်သူထိတာကိုမှမခံချင်ပါချေ။ အရေပြားကအလွန် နုနယ်နေပြီးအဝတ်အစားနှင့် ပွတ်တိုက်မိတဲ့အခါတောင် ယားယံလှ၏။

ထိုင်ခုံပေါ်သို့ဂရုတစိုက်နှင့်ထိုင်လိုက်ပြီး စားဖို့တူကိုကိုင်လိုက်သည်။ သူတစ်ယောက်ထဲဆိုပေမယ့် စစ်သားကလူအများကြီးစားလို့ရလောက်သည့် မနက်စာကိုမှာထားခဲ့သည်။ သိသိသာသာပဲ လင်ရှီးကမနက်စာတစ်မျိုးတည်းဆိုလျှင်မကြိုက်မှာကိုစိုးရိမ်၍ သူပိုပြီးမှာထားခဲ့ခြင်းဖြစ်သည်။

သို့သော်မထင်မှတ်ထားတာကဖြစ်သွားခဲ့သည်။ လင်ရှီးကအပြင်ပန်းကြည့်ရင် နူးနူးညံ့ညံ့နှင့်ပိန်ပါးကာ အားနည်းပုံပေါ်ပေမယ့် စားတဲ့ပမာဏကသာမန်လူတွေထက်ကို ကျော်နေခဲ့၏။

စားပွဲပေါ်ကအစားအသောက်တွေကို သူ လေပြင်းကအကြွင်းအကျန်တိမ်‌တိုက်တွေကိုရှင်းလင်းလိုက်သလို လှည်းကျင်းပစ်လိုက်သည်။ သိပ်မကြာခင်မှာပဲပန်းကန်အားလုံး ပြောင်ရှင်းသွားခဲ့သည်။
(လေပြင်းကအကြွင်းအကျန်တိမ်တိုက်တွေကိုရှင်းလင်း = ဘာမှမကျန်တော့အောင်)

The Villain Dressed As a Little MermaidWhere stories live. Discover now