Chapter -40.2

1.3K 241 10
                                    

  သူပြောတဲ့ လူနည်းနည်းဆိုတာက ချင်ရှောင်းအား တပ်မထဲကလူတွေကို ပေးစေတာ မဟုတ်ဘဲ အပြင်မှာ ချင်ရှောင်နဲ့ရင်းနှီးတဲ့လူတွေဆို အဆင်ပြေသည်။

    ချင်ရှောင်း လင်ရှီး ဆိုလိုတာကို ချက်ချင်းနားလည်သည်။

    ဒါက သူ့ကိုတကယ်ချစ်မြတ်နိုးပြီး ကာကွယ်ချင်လို့ လင်ရှီး သူ့ကိုယ်ပိုင်ခွန်အားကို အသုံပြနေတယ်ဆိုတာ သူသိပါသည်။

    ဒါက လင်ရှီးရဲ့ အချစ်ကိုဖော်ပြတဲ့ နည်းလမ်းပင်။

    ချင်ရှောင်း လင်ရှီးကို ထွေးပွေ့လိုက်ပြီး သူ့ကို ရေချိုးခန်းတံခါးဆီ ဖိချကာ နမ်းပစ်လိုက်တော့သည်။

    လင်ရှီး ပူးပူးပေါင်းပေါင်းနဲ့ ခေါင်းကိုမော့ပေးလိုက်ပြီး သူ့ချစ်သူရဲ့ ပူနွေးတဲ့ ကျောပြင်ကိုဖက်ကာ မျက်လုံးကိုမှိတ်ရင်း တစ်ဖက်သူရဲ့ ချစ်ခြင်းအပြည့်နဲ့ ထိတွေ့မှုမှာ ပျော်၀င်နေတော့တယ်။

    ဒီ ပူလောင်နေတဲ့ စိတ်ဆန္ဒတွေ တဖြည်ဖြည်းနဲ့ ဆိုးရွားလာမှ ချင်ရှောင်းအရင်ဆုံး ရပ်လိုက်၏။

    သူ သူဆွဲထားတဲ့ လင်ရှီးရဲ့ အင်္ကျီကို လွှတ်ပေးလိုက်ပြီး လက်ရှီးရဲ့ ဆံပင်လေးကိုပွတ်သပ်လိုက်သည်။

    လင်ရှီးရဲ့ နှုတ်ခမ်းအစုံက သွေးလို နီတောက်နေ၏။

    နက်မှောင်တောက်ပတဲ့ မျက်၀န်အစုံမှာ အရည်လဲ့၊ ရွန်စိုးနေတာက ချင်ရှောင်းကို အနည်းငယ် ထပ်ပြီး ပြုစားခံရစေပြီး တင်းတင်းကြပ်ကြပ်ပွေ့ဖက်ချင်မိသွားသည်။

    လုပ်စရာကိစ္စရှိသေးတာကို တွေးမိတော့ ချင်ရှောင်း တလိပ်လိပ်နဲ့ တက်လာတဲ့ အပူလုံးကြီးကို ဖိနှိမ့်လိုက်ရ‌တော့သည်။

    စားသောက်စားပွဲပေါ် ပြန်သွားပြီး နှစ်ယောက်သား မနက်စာ ဆက်စားကြသည်။

    " ကိုယ် သူတို့ကို မင်းဆီ ဆက်သွယ်ခိုင်းလိုက်မယ် " ဒါပေါ့ လူတွေက စစ်တပ်‌ဆီကအပြင် တစ်ခြားအလုပ်တွေဆီကဆိုတာ ချင်ရှောင်းသိသည်လေ။

    ချင်ရှောင်းက ဖက်ဒရယ်ကို သစ္စာရှိပေမဲ့လည်း သူ့ရဲ့ ဩဇာလွှမ်းမိုးမှုကို မဖုံးကွယ်ထားပါချေ။

The Villain Dressed As a Little MermaidWhere stories live. Discover now