Chapter 27

1.3K 277 6
                                    

     ဒီပြဿာနာနဲ့ပက်သတ်ပြီးချင်ရှောင်းကိုချက်ချင်းအကြောင်းမကြားချင်ပေ။ လင်ရှီးဘယ်နေရာကရူးနေလို့လဲ။ အခြားသူကသူ့စိတ်ကိုထိန်းချုပ်ပီးစစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်တွေကိုခိုးခိုင်းတယ်လို့ပြောရမှာလား။
    
      ပြောလိုက်ရင် လင်ရှီးပါအတူဖော်ထုတ်ခံရမှာပင်။

     ချင်ရှောင်းယခုနေရာမှာထိုင်နိုင်တာကကံတရားကြောင့်ပဲတော့မဟုတ်။ သူ့ရဲ့ကိုယ်ပိုင်အင်အားကို ယှဥ်နိုင်တဲ့သူမရှိတာကြောင့်ဖြစ်သည်။

     လင်ရှီးအတွက် အကောင်းဆုံးနည်းလမ်းကတော့ဘာမှမပြောပင်။ဒီလျှို့ဝှက်ချက်ကိုခိုးသည်ဖြစ်စေမခိုးသည်ဖြစ်စေ လင်ရှီးဘာမှမဖြစ်ခဲ့သလိုနေနိုင်ပင်။

    ခိုးရရင်တော့သူသေချာပေါက်ခိုးမှာဖြစ်ပီး တဆင့်ပို့တဲ့ဖြစ်စဥ်အတွင်းမှာတော့ ကလီကမာပြသာနာကတော့လင်ရှီးရဲ့ ကိုယ်ပိုင်စိတ်ကူးတွေပေါ်မှာမူတည်သည်။

    ဒါပေမဲ့အဲ့ဒါမတိုင်ခင်လင်ရှီး ချင်ရှောင်းဘေးကနေလွတ်မြောက်သွားပီးသားလည်းဖြစ်နိုင်သည်။ထို့ကြောင့် ဒီကိစ္စကြောင့်နဲ့လင်ရှီးအနေခက်တာတွေဖြစ်စရာမရှိပေ။

   ယာဥ်ပျံမှာထိုင်လိုက်ပြီးချင်ရှောင်းရဲ့ အိမ်သို့ပြန်လိုက်လာ၏။

   ဒီပါတီပွဲမှာဆင်နွှဲလိုက်တော့ လက်ရှီးရတဲ့ အကျိုးက အရသာရှိတဲ့အချိုပွဲအများကြီးကိုစားခဲ့ရတာပင်။

   တကယ်လို့အဲ့ဒီ့နူးညံ့တဲ့ကိတ်တွေကိုသာ သယ်သွားခွင့်မပြုရင် လင်ရှီးအိတ်ကပ်ထဲကောက်ထည့်လာမိမှာစိုးရသည်။

  ပုံဖော်ကြည့်လို့တောင်မရဘူး။နည်းလမ်းမရှိဘူး။

   ရုတ်တရက်လင်ရှီးတစ်ခုခုကိုတွေးမိသွား၏။ဖုန်းလန်ပြောတဲ့ ရေသူတွေကအရက်သောက်လို့မရဘူးနှင့် နည်းနည်းလေးသောက်မိတာနဲ့ မူးသွားလိမ့်မယ်ဆိုတာကိုပင်။ ဖုန်းလန် သတိမပေးရင်တောင် လင်ရှီး ချင်ရှောင်းရှိတဲ့ အဲ့ဒီနေရာမှာ ကိုယ့်သဘောနဲ့ ကိုယ်အရက်သွားဝယ်သောက်တာက မဖြစ်နိုင်ပေ။

    ဒါပေမဲ့ကံမကောင်းစွာနဲ့ ဖုန်းလန်ပြောပြခဲ့သည်။လင်ရှီးကအရက်သမားမဟုတ်ပေမဲ့ သူအရက်သောက်ရတာကိုကြိုက်သည်လေ။

The Villain Dressed As a Little MermaidWhere stories live. Discover now