Chapter 35

1.2K 272 4
                                    

ချင်ရှောင်းသူ့ကို အဝေးကိုပို့မယ်ဆိုတာလင်ရှီးသိသည်။ သူကြိုမြင်ခဲ့သည်လေ။

သူ့ရဲ့ကြိုတင်နမိတ်ဖတ်နိုင်စွမ်းသည် အနာဂတ်ကာလမှာ ဖြစ်ပျက်လာမယ့်ပိုအရေးကြီးတဲ့အရာများကို မြင်ရသော်လည်း သူကအလုံးစုံကိုတော့မသိနိုင်ပေ။

တစ်နည်းဆိုရသော် ချင်ရှောင်းကသူ့ဆီကိုလာမယ်ဆိုတာ သိပေမယ့် သူချင်ရှောင်းကို ရှောင်လို့မရဘူး။

လင်ရှီးဟောကိန်းတွေကို အလုံးစုံအားကိုးလို့မရဘူးဆိုတာ နားလည်သည်။

ဒါကိုသိတာကြောင့် လင်ရှီးသူ့ကို အဝေးကိုပို့ခဲ့တဲ့အချိန်ဘာမှမလုပ်ခဲ့ပေ။

နောက်တစ်ခုမှာတော့ သူ့မှာအနာဂတ်ကိုကြိုမြင်နိုင်တဲ့အစွမ်းရှိတဲ့အကြောင်း ထုတ်မ‌ပြချင်လို့ပင်။ ချင်ရှောင်းသူ့ကို တကယ်ကြိုက်တယ်ဆိုတာက ငြင်းလို့တော့မရပေ။

လင်ရှီးမသေချာတာက သူ့ရဲ့အစွမ်း‌အကြောင်းသိသွားပြီးနောက် ချင်ရှောင်းရဲ့အမြင်က အရင်ကနှင့်တူညီနေပါ့မလားဟူ၍ဖြစ်သည်။

သူ့အမြင်အရတော့ ချင်ရှောင်းက ဦးနှောက်ထဲမှာအချစ်ပဲရှိတဲ့လူတစ်ယောက်မဟုတ်ဘူးဆိုတာ မသိစိတ်ကခံစားရနေသည်။ သူ့ဘေးမှာ အနာဂါတ်ကိုကြိုတင်ခန့်မှန်းနိုင်သည့် လူတစ်ယောက်ရှိပြီး အဲ့ဒီလူက လင်ရှီးကိုယ်တိုင်ပဲ။ အဲ့ဒီလိုလူတစ်ယောက်သာအနားမှာရှိနေရင် တစ်ဖက်လူကိုသူ့အနားမှာဒီအတိုင်းထားရုံနဲ့တင်မပြီးလောက်ဘူး ဟုသူ(လင်ရှီး)ထင်သည်။

ထို့ကြောင့် လင်ရှီးချင်ရှောင်းရဲ့စကားကို နားထောင်ကာ ချင်ရှောင်း၏ယုံကြည်ရတဲ့လက်ထောက်တစ်ဦးဆီကိုသွားခဲ့သည်။

ယာဉ်ပျံပေါ်တွင်ထိုင်ပြီးနောက် လင်ရှီးချင်ရှောင်းကိုကြည့်လိုက်၏။ အောက်တွင်ကျန်ခဲ့သောသူသည် တဖြည်းဖြည်းသေး‌၍ကျန်ခဲ့လေတော့သည်။

ထိုအချိန်တွင်လင်ရှီးခွဲခွာခြင်းဟူသောခံစားချက်ကို ခံစားလိုက်ရတယ်။

The Villain Dressed As a Little MermaidWhere stories live. Discover now