Chapter 21

1.5K 321 15
                                    

    လင်ကျင့်ကိုရုတ်တရက်နမ်းလိုက်တာက ဒီအတိုင်းအပျော်သပ်သပ်သာဖြစ်ပြီး ဒီအကြောင်းကပြောရင် လင်ရှီးအတွက်အဓိပ္ပါယ်သိပ်မရှိပေ။
(ခိုးစားတယ်ဆိုတာကပါ)

     ထို့ကြောင့်ပိုင်ရှင်က ရေခဲလိုအေး‌စက်စက်မျက်နှာဖြစ်လာချိန်တွင် လင်ရှီးဘာမှမပြောပဲတိတ်တဆိတ်နေလိုက်၏။

    ငါးကန်ထဲကရေသူလေးကို သူနမ်းလိုက်တဲ့အကြောင်းအား လင်ရှီးကစကားတစ်ခွန်းနဲ့မှရှင်းပြမလာပေ။ ချင်ရှောင်းရဲ့အတွေးထဲမှာတော့ လင်ရှီးကတမင်ဖုံးကွယ်နေသလိုဖြစ်နေသည်။

     တကယ်တမ်း လင်ရှီးနဲ့ရေသူလေးသာ သူငယ်ချင်းတွေပဲဆိုရင် လင်ရှီးဆေးရုံကိုနေ့တိုင်းသွားပြီး သူ့သူငယ်ချင်းကိုအဖော်လုပ်ပေးတာကို ချင်ရှောင်းသဘာဝကျကျပဲသူ့ကိုတားမှာမဟုတ်ပေ။

    ဒါမဲ့လင်ရှီးနဲ့ရေသူလေးကသူငယ်ချင်းထက်ပိုနေတယ်ဆိုရင်တော့..... ချင်ရှောင်းသစ္စာဖောက်ခံလိုက်ရသလို ခံစားလိုက်ရသည်။

     သူ့ရဲ့အေးစက်စက်အကြည့်တွေက လင်ရှီးရဲ့မျက်နှာကနေ ကန်ထဲကရေသူလေးဆီတဖြည်းဖြည်းရွှေ့သွား၏။ ရေသူလေးကဆေးရုံပေါ်မှာ အချိန်ခဏလောက်နေခဲ့ရပြီး ခန္ဓာကိုယ်ရှိဒဏ်ရာတွေက ကြည့်ရသလောက်တော့ပိုပြီးသက်သာလာသလိုပင်။

      ချင်ရှောင်းရဲ့မျက်လုံးတွေက လင်ရှီးပေါ်ထပ်ရောက်လာသည်။ ကြည့်ရတာလင်ရှီးကသူ့ရဲ့petဆိုတာကို သူလင်ရှီးနဲ့အတည်ပြုသင့်ပြီထင်တယ်။

   ချင်ရှောင်း‌ရုတ်တရက် လင်ရှီးကိုသူ့လက်မောင်းကြားထဲဆွဲသွင်းလိုက်၏။

    ဘာမပြောညာမပြောပဲလူကိုဆွဲတတ်တဲ့အကျင့်ကို လင်ရှီးချက်ချင်းဘဝင်မကျဖြစ်သွားသည်။
   
   လင်ရှီးခန္ဓာကိုယ်ကချင်ရှောင်းနှင့်တိုက်မိသွား၏။

   ထိုယောက်ျား၏ခန္ဓာကိုယ်ကသန်မာပြီးအားကြီး၏။   လင်ရှီးရဲ့ရေသူခန္ဓာကိုယ်က နူးညံ့ပိန်ပါးနေတာကြောင့် ချင်ရှောင်းနှင့်ဝင်တိုက်မိတာကို နံရံထူထူနှင့်ဝင်တိုက်မိသလိုဟန်ဆောင်လိုက်သည်။

    လင်ရှီးခေါင်းမော့ပြီး သူ့အရှေ့ရှိဖက်ဒရယ်စစ်တပ်ဝတ်စုံနှင့် အရာရှိကြီးကိုကြည့်လိုက်၏။
   
   အေးစက်မှုန်မှိုင်းနေတဲ့မျက်လုံးတစ်စုံကမင်းကိုစိုက်ကြည့်နေပြီး မင်းပြောတဲ့ဒါမှမဟုတ် မင်းလုပ်တဲ့အရာမှန်သမျှက တစ်ဖက်သူနဲ့လိုက်လျောညီထွေမှုမရှိခဲ့သလိုမျိုးပဲ ဒီနေရာတွင်သူ့ရဲ့ဘဝလေးကို ဒီလိုမျိုးပြောလို့ရသည်။
[T/N - ပြောချင်တာက သူမော့ကြည့်လိုက်တော့ သူ့မျက်လုံးတွေကသူ့ကိုပြန်စိုက်ကြည့်နေတဲ့ပုံမျိုးနဲ့ သူပြောသမျှလုပ်သမျှကတစ်ဖက်အတွက်အရေးမပါဘူးဆိုတဲ့သဘောမျိုးထင်ပါရဲ့]

The Villain Dressed As a Little MermaidWhere stories live. Discover now