Chapter 37.2

1.3K 261 3
                                    


သေနတ်သံနဲ့အတူ ချင်ရှောင်းရင်ဘတ်ကိုအပစ်ခံလိုက်ရ၏။ သူအရမ်းကိုမှ အံ့ဩတုန်လှုပ်သွားပုံပင်။ သူ့ဘဝက ဒီနေ့မှာတင်အဆုံးသတ်သွားမယ်လို့ မမျှော်လင့်ခဲ့ဖူးဘူး။ သူ့ခန္ဓာကိုယ်ကြီးက အဆုံးမှာပြိုကျသွားတော့သည်။ ခဏတာမျှတိတ်ဆိတ်သွားပြီးနောက် ပတ်ပတ်လည်ရှိလူစုလူဝေးကြီးထံမှ အော်သံတွေထွက်လာခဲ့သည်။

လုပ်ကြံသူက ချင်ရှောင်းရဲ့ရင်ဘတ်ကို တည့်တည့်ပစ်ခဲ့ပြီး ရင်ဘတ်ကနေ သွေးတွေပန်းထွက်လာတာမြင်တော့ သူ့ရဲ့လုပ်ကြံခြင်းတာဝန်က အောင်မြင်သွားကြောင်းသိလိုက်တယ်။

လုပ်ကြံသူက တကွဲတပြားဖြစ်နေတဲ့လူစုထံ ပြန်လှည့်ပြေးလေတယ်။

မြေပြင်ပေါ်လဲကျနေတဲ့ချင်ရှောင်းကို သူ့လက်အောက်ငယ်သားတွေက သယ်ဆောင်သွားပြီး အရင်ဆုံးဆေးကုသဖို့ ပို့လိုက်ကြ၏။

လုပ်ကြံသူမသိလိုက်တာက ချင်ရှောင်းကိုယာဉ်ပျံဆီပို့လိုက်တဲ့အခါ သူကမျက်လုံးဖွင့်ပြီး ချက်ချင်းထလာခဲ့တာကိုပင်။

ရင်ဘတ်ကသွေးတွေ ပန်းထွက်နေတာ‌တောင်မှပေါ့။

ပေါက်သွားတဲ့သွေးအိတ်ကို အင်္ကျီထဲကထုတ်လိုက်ပြီး ချင်ရှောင်းထရပ်လိုက်သည်။ ထရပ်လိုက်ပြီးနောက် ခဏလေးတောင်မစောင့်လိုက်ရပဲ မြေပြင်မှာတပ်ဖြန့်ထားတဲ့ တပ်သားတစ်ယောက်ကလုပ်ကြံသူကို အောင်အောင်မြင်မြင်ဖမ်းဆီးရမိကြောင်း ချင်ရှောင်းကိုသတင်းပို့လာခဲ့သည်။

လုပ်ကြံသူက မူးဝေနေအောင်ကို သူတို့ရိုက်တာခံထားရသည်ပင်။

ချင်ရှောင်းသူတို့ကိုဆုတ်ဖို့အမိန့်ပေးလိုက်ပြီး လုပ်ကြံသူကိုစစ်ဌာနချုပ်ဆီစစ်မေးဖို့ ပြန်ခေါ်သွားခိုင်းလိုက်တယ်။

ချင်ရှောင်းသူကိုယ်တိုင် ငါးစာလုပ်ခဲ့တာကစွန့်စားမှုတစ်ခုလို့ မတွေးခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် နောက်ကွယ်မှာ ငါးကြီးကြီး‌တစ်ကောင်ရှိနေတယ်ဆိုတာသူသိနေပြီးသားဖြစ်ပြီး ထိုငါးကသူရင်ကမဖမ်းနိုင်ပဲ ပိုက်ကွန်ထဲကလွတ်သွားခဲ့တဲ့ငါးကြီးပင်။ လင်ရှီးရဲ့ကြိုမြင်နိုင်စွမ်းနဲ့‌ ပေါင်းစပ်လိုက်တော့ ချင်ရှောင်းဘယ်တော့မှအဆင်သင့်မဖြစ်တဲ့တိုက်ပွဲတွေကို တိုက်ဖို့ဆိုတာမဖြစ်နိုင်တော့ချေ။

The Villain Dressed As a Little MermaidWhere stories live. Discover now