Chapter 43

1.1K 209 4
                                    

    နောက်ပိုင်းကာလတွေမှာ ရေသူတွေ အမြဲနေထိုင်မည့် နေရာရွေးချယ်ခြင်းနှင့် ပတ်သက်ပြီး လင်ရှီး ခန်းမင်အား အကူညီပေးရန် တောင်းဆိုခဲ့သေးသည်။
   
   အခြားလူကိုရှာတာက ဒီအကြောင်းကိုသိတဲ့သူတွေ ပိုပြီးများပြလာမည်ဖြစ်ကြောင်း ပြသနေ၏။
   
    တစ်ချိန်လုံး ခန်းမင်နဲ့ ဒီလိုဆက်ဆံရေးမျိုး ထိန်းသိမ်းထားတာက ပိုကောင်းတယ်။
   
    တစ်ချိန်တည်းမှာပဲ ခန်းမင်‌က ရေသူလေးတစ်ကောင်အပေါ် တိတ်တခိုးကြည့်နေခဲ့တယ်ဆိုတာ လင်းရှီးမသိလိုက်ပေ။
   
  ပထမဆုံး ရေသူလေးရဲ့ အဆုံးမရှိအောင်လှပလွန်းတဲ့အမြီးကြောင့် ရှုပ်ထွေးခဲ့ရပြီး နောက်တော့ ရေသူလေး ဖော်ပြလာတဲ့ ပင်ကိုယ်စရိုက်ကြောင့် ရှုပ်ထွေးရပြန်တယ်။
   
    ဒါပေမဲ့လည်း ရေသူလေးမှာ လူသားတွေကို ခုခံတဲ့နှလုံးသား ရှိနေခဲ့တာကြောင့် ရေသူလေးအပေါ် စိတ်ဝင်စားမှုတွေကို ခန်းမင် လျော့ချလိုက်ရ၏။
   
    ဘာမှမလုပ်ရသေးတာတောင် ချစ်စရာရေသူလေးကို ကြောက်လန့်‌သွားစေနိုင်လိမ့်မယ်။
   
    လင်ရှီး ဒီကိစ္စကို ခန်းမင်ဆီပေးပြီးနောက် တစ်ဖက်လူက သူတို့ အဆင်ပြေမဲ့နေရာတွေ့ပါက အတူတူဆွေးနွေးရန် လင်ရှီးထံ ဆက်သွယ်လာမှာပင်။
   
    လောလောဆယ်မှာတော့ လင်ရှီး သူ အရမ်းစိတ်တိုင်းကျတဲ့နေရာ တစ်ခုလေးတောင်မှ ရှာမတွေ့သေးချေ။
   
    နေရာကိစ္စက နှေးကွေးသွားရသည်။ အနီရောင်ရေသူလေး ရှိနေတဲ့ဆိုင် အပါ၀င် အခြားနှစ်ဆိုင်ကိုလည်း လင်ရှီး ရောက်ဖူးကာ ရေသူအကုန်လုံးက အနည်းငယ် ခုခံမှုတွေရှိပေမဲ့လည်း အခြားသူရဲ့ ခေါင်မိုးအောက်မှာ သူတို့ကိုယ်တိုင်ရဲ့အစွမ်းအစနဲ့ အခြားနေထိုင်လို့ရမဲ့နေရာ ရှာမတွေ့တာကြောင့် လင်ရှီးကို မယုံကြည်ရင်တောင် နောက်ဆက်တွဲ အစီစဉ်တွေကို စောင့်ရမှာပင်။
   
    မျက်တောင် တစ်ခတ်အတွင်းမှာပဲ လ‌တစ်၀က်ရှိသွားပေပြီ။
   
    ချင်ရှောင်း လုပ်ကြံသူကို မဖမ်းမိခင်က ထိုလူရဲ့ ပုန်းခိုနိုင်စွမ်းက အတော်လေးကို သန်မာလှသည်။
   
    သူ့တစ်ယောက်တည်း အင်အား နီးပါးနဲ့ နောက်ကွယ်က အဖွဲ့အစည်း ထွက်‌လာအောင် လုပ်ခဲ့၏။
   
    အဲ့ဒီနောက် ထိုပုန်ကန်မှုက ကျရှုံးသွားပြီး တစ်ကျော့ပြန်ရန်ကြိုးစားသူများကို ချင်ရှောင်းရဲ့လူက အကုန်လုံးကို ဖမ်းဆီးပေးခဲ့သည်။
   
    လုပ်ကြံသူကို ပေးထားတဲ့ကတိအရ ချင်ရှောင်း လုပ်ကြံသူအား သူ့စစ်တပ်မှာ လက်ထောက်အဖြစ် တာ၀န်ထမ်းဆောင်ရန် ပြောခဲ့သည်။
   
    သို့ပေမဲ့လည်း ချင်ရှောင်းက ထိုလူကိုမယုံကြည်တာကြောင့် တစ်ချိန်လုံး စောင့်ကြည့်ဖို့ တစ်စုံတစ်ယောက်ကို ပို့ခဲ့တယ်။
   
    ချက်ချင်းသွားပြီးတော့တောင် ထိုလူအမှားလုပ်မိအောင်သွေးဆောင်ပြီး တစ်ဖက်သူရဲ့အမှားကို‌ဖမ်းကာ လူကို ထောင်သွင်းအကျဉ်ချခဲ့၏။
[T/N- ချင်ရှောင်းကအလုပ်ပေးမယ်ပြောခဲ့ပေမယ့် အမှားလုပ်မိအောင်ဖန်တီးပြီး ဖမ်းလိုက်တာပါ]
  
    ဒါက မြစ်ကူးပြီးတံတားကိုဖျက်တာ မဟုတ်ပေ။ တစ်ဖက်လူက သူ့ကို လုပ်ကြံတာ ကျရှုံးသွားပြီး အဖမ်းခံရတဲ့အချိန်တုန်းက ချင်ရှောင်းမှာ ထိုလူကို ချက်ချင်း သတ်ပစ်လို့ရတဲ့ အထူးအခွင့်အာဏာရှိပေမဲ့လည်း တစ်ဖက်လူကို သူလုပ်ခဲ့တဲ့ ကိစ္စအချို့ကို အစားထိုးဖို့ရန် လွှတ်ပေးခဲ့ပြီး တစ်ဖက်လူကို ဒီလောက်အကြာ အသက်ရှင်စေခဲ့ခြင်းပင်။
   
    အဲ့ဒီလူက ထောင်ထဲမှာ ကိုယ့်နေရာကိုယ်သိရုံသာ တတ်နိုင်ပြီး တကယ်တမ်း ချင်ရှောင်းထိုလူရဲ့ အသက်ကိုယူဖို့ စိတ်မ၀င်စားပါချေ။
   
    ဟုတ်တာပေါ့၊ ဒီကိစ္စတွေကို ချင်ရှောင်း အပြင်မှာဘဲ လုပ်ဆောင်ခဲ့တာ....
   
    အိမ်ပြန်လာပြီး လင်ရှီးနဲ့ ဆုံတဲ့အခါ သူ ထိုရက်စက်ပြီး ဂရုမစိုက်တဲ့ပုံစံကို ဖယ်ရှားလိုက်တယ်။
   
    သူ့ရဲ့ နူးညံ့မှုနဲ့ ကြင်နာခြင်းတွေက လင်ရှီးနဲ့တွေတဲ့အခါမှသာ ထွက်ပေါ်လာချင်းဖြစ်သည်။
   
   လင်ရှီး ဘာလုပ်ဖို့စီစဉ်ထားလဲဆိုတာကို ချင်ရှောင်းသိ၏။ ရေသူမျိုးနွယ်အတွက် နေရာအချို့နှင့် အကျိုးခံစားခွင့်တွေရရှိဖို့ရန် သူကူညီပေးချင်နေပေသည်။
   
    အဲ့ဒါက  လူအချို့ရဲ့ အကျိုးစီးပွားကိုအတိုင်းအတာတစ်ခုအထိ ထိခိုက်စေမည်မှာ သေချာပေါက်ပင်။
  
    အဲ့ဒီအချိန်ရောက်ရင် ခေါင်းဆောင်အပိုင်းတွေက လင်ရှီးကို ပစ်မှတ်ထားမယ်ဆိုတာကိုလည်းသိနေသည်။
   
    သို့ပေမဲ့လည်း ချင်ရှောင်း လင်ရှီးကို တားဆီးဖို့ ရည်ရွယ်ချက်မရှိ‌ချေ။ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်တွင် သူလည်းပဲ လုံလုံလောက်လောက် အင်အားကြီးလာမှာဖြစ်ပြီး သူ့အင်အားကကြီးမားလွန်းလို့ ဘယ်သူကမှ လင်ရှီးကိုထိဖို့ အခွင့်‌ရေးရမှာမဟုတ်ပေ။
   
    အစက ချင်ရှောင်း အာဏာနဲ့ပါဝါ‌အနောက်ကို တမင်သက်သက်လိုက်ခဲ့တာမဟုတ်ပေ။ ဒါပေမဲ့ လင်ရှီးအတွက်ကြောင့် သူ ရုတ်တရက်ကြီး အချို့အရာတွေကို ရယူချင်လာခဲ့၏။
   
    ပြီးတော့ဒါက လင်ရှီးရဲ့ တစ်ဘ၀လုံးကို အေးချမ်းအောင် ကာကွယ်ပေးနိုင်လာမှာပင်။
   
    အခုတလော အရာအားလုံးက အတော်လေးကို ငြိမ်သက်အေးချမ်းနေ၏။ လင်ရှီးရဲ့ ကြိုမြင်နိုင်စွမ်းရည်ကို အသုံးပြုတာလည်းမများသလို အလိုအလျောက်ထမြင်တာလည်း မများပေ။
   
    လင်ရှီး ဒီနေ့ အဲ့ဒါကို သုံးလိုက်တဲ့ခဏမှာ သူမြင်လိုက်တဲ့အရာက သူ့ကို အံ့အားသင့်စေခဲ့သည်။
   
    သူ ချင်ရှောင်းကို တကယ် ဘုရားကျောင်းမှာရှိနေတာကို မြင်ခဲ့ရပြီး စစ်ဘက်ဆိုင်ရာ သတို့သား၀တ်စုံကို ၀တ်ဆင်ထားကာ ဘုရားကျောင်းရဲ့ ၀င်ပေါက်ကို လှည့်ကြည့်နေခဲ့၏။
   
    အဲ့ဒီနေရာမှာ အဖြူရောင်၀တ်စုံနဲ့ သတို့သမီးက ဖြည်းဖြည်းလေး လျှောက်၀င်လာနေသည်။
   
    တစ်ဖက်လူက အလင်းကို ကျောခိုင်းထားတာကြောင့် လင်ရှီး ထိုလူရဲ့ မျက်နှာကို မမြင်ရပေ။
   
    ထိုလူရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက မှုန်ဝါဝါးနှင့် မရှင်းမလင်းဖြစ်နေပေသည်။
   
    သူမဟုတ်ဟု လင်ရှီးခံစားနေရ၏။ ချင်ရှောင်း သူ့ကို လက်ထပ်မယ်လို့ တစ်ခါမှ မပြောဖူးပေ။ ပြီးတော့ သူတို့နှစ်ယောက်လုံးက ယောက်ျားလေးတွေပင်။ အကယ်၍ သူတို့ လက်ထပ်ခဲ့သည်ရှိသော် မင်္ဂလာ၀တ်စုံ ၀တ်တယ်ဆိုတာက သူ့အတွက်မဖြစ်နိုင်ပါချေ။
   
    ထို့ကြောင့် အဖြစ်နိုင်ဆုံးကတော့ မင်္ဂလာ၀တ်စုံကို ၀တ်တဲ့သူက အခြားလူပဲဖြစ်ပေမည်။
   
    အခြားအမျိုးသမီး တစ်ဦး...
   
    ချင်ရှောင်းက အခြားမိန်းမနဲ့ လက်ထပ်မလို့လား?
   
    လင်ရှီး ဤကြိုမြင်မှုကို မယုံကြည်နိုင်ဖြစ်နေပြီး သူ့နှလုံးသားထဲမှာလည်း အတော်လေးကို မသက်မသာခံစားနေရ၏။
   
    သူ့ရဲ့ ကြိုမြင်နိုင်မှုက ဘယ်တော့မှမမှားပေ။ အကယ်၍ အဲ့ဒါသာ တကယ်ဖြစ်သွားခဲ့လျှင်...
   
    မဖြစ်ရဘူး၊ ဒီကိစ္စက သူ့အရှေ့မှောက်မှာ ဖြစ်သွားမှာကို သူခွင့်မပြုနိုင်...
   
သူသဘောကျတဲ့လူကို တခြားလူက အဝေးကိုဆွဲထုတ်သွားမှာမျိုး မဖြစ်စေရဘူး။
  
    လင်ရှီး ခပ်နှေးနှေးလေး အသက်ရှူသွင်းလိုက်၏။ သူ ‌‌ချင်ရှောင်းနှင့် ငြင်းခုံချင်ပေမဲ့လည်း မဖြစ်နိုင်ပေ။
   
    ညဘက် ချင်ရှောင်းပြန်လာသောအခါ လင်ရှီး သူကြိုမြင်ခဲ့ရတဲ့ကိစ္စကို ချင်ရှောင်းဆီပြောပြဖို့ မရည်ရွယ်ထားချေ။ ချင်းရှောင် ဘယ်လိုလုပ်မလဲဆိုတာကို သူစောင့်ကြည့်ပါအုန်းမည်။ သူ့ကိုပဲဖုံးကွယ်ထားမလား ဒါမှမဟုတ် အခြားအကြောင်းရာကြောင့် မတတ်နိုင်ဘဲ အခြားမိန်းမနဲ့ လက်ထပ်လိုက်မလားဆိုတာ။
   
    ချင်ရှောင်း လင်ရှီးဆီကပ်လာတဲ့အခါ လင်ရှီး ရေမွှေးနံ့ သင်းဖျဖျကို ရလိုက်၏။
   
    သူခုနလေးကတင် ချင်ရှောင်း အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်သွားသည်ကို ကြိုမြင်ခဲ့ရပြီး သူ ‌သူ့ခေါင်းကိုလှည့်လိုက်တာနဲ့ ချင်ရှောင်းက အမျိုးသမီးသုံးရေမွှေးနဲ့အတူ အိမ်ပြန်လာခဲ့သည်။ လင်ရှီး ချင်ရှောင်းကို ကြည့်နေရင်း သူ့မျက်နှာက ချက်ချင်း အေးစက်လာတော့တယ်။
   
    တကယ်လို့ ဒီလူသာ သူ့ကို သစ္စာဖောက်ရဲရင် ဒီလူရဲ့အမြစ်ကို သူဖြတ်ပစ်မယ် (အမြစ်= you know what I mean)
   
    အဲ့ဒီအချိန် လင်ရှီးမှာ ဒီလိုအတွေးမျိုး တကယ်ရှိနေခဲ့သည်။
  
    လင်ရှီး သူ့ကို အလွန်တရာပြင်းထန်တဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေတာကို ချင်ရှောင်းမမြင်လိုက်ပေ။ လင်ရှီးမှာ ကြိုမြင်နိုင်စွမ်းရှိတာကို သူသိတာကြောင့် သူ ဘဏ္ဍာရေးအကြီးအချို့အပြင် သူတို့ရဲ့သမီးတွေကိုပါ တွေ့ဆုံနေရတာကို လင်ရှီးကြိုမြင်လိုက်သည်ဟု တွေးနေခဲ့၏။
   
    ချင်ရှောင်း လင်ရှီးကို ရင်ခွင်ထဲဆွဲသွင်းပြီး အချိန်အကြာကြီး နမ်းပစ်လိုက်သည်။
   
   လင်ရှီးရဲ့ခန္ဓာကိုယ်တစ်ခုလုံးက ရေအိုင်အဖြစ်ပြောင်းလုမတတ် ပျော့ပြောင်းနေကာ  ချင်ရှောင်းရင်ခွင်ထဲမှီနေရ၏။ မရှေးမနှောင်းမှာပင် ချင်ရှောင်း လင်ရှီးကို ပွေ့ဖက်လိုက်ပြီး ဆိုဖာပေါ်ထိုင်လိုက်ကာ လင်ရှီးကို သူ့အပေါ်ထိုင်စေလိုက်သည်။
   
   သူ လင်ရှီးရဲ့ ‌သေးသွယ်တဲ့ မေးလေးကိုကိုင်လိုက်သည်။ ရေသူရဲ့အသားရည်က နူးညံ့ချောမွတ်နေပြီး အနူးညံ့ဆုံးဖြစ်နိုင်သည်ဟု ချင်ရှောင်း အမြဲတမ်းခံစားမိ၏။
   
    ရေသူလေးမှာ တစ်ချိန်လုံး မှော်စွမ်းအားတစ်မျိုး ရှိနေပုံပင်။ ချင်ရှောင်းကို လူအား ရင်ခွင်ထဲသာ ထည့်ထားစေချင်ပြီး ထိုလူကို မြင်ကွင်ထဲက မထွက်သွားစေချင်ပေ။
 
    "ဒေါသထွက်နေတယ်? ကိုယ်အခြား မိန်းကလေးတွေနဲ့ တွေ့ဆုံတာကို မပျော်မရွှင်ဖြစ်ပြီး ရှာလကာရည်သောက်နေတာလား? " ချင်ရှောင်း လင်ရှီးရဲ့ နှုတ်ခမ်းတွေကို သူ့လက်ချောင်းထိပ်‌တွေနဲ့ ပွတ်သပ်ပြီး ထိုနှုတ်ခမ်းလေးတွေကို နီမြန်းစေလိုက်သည်။
 
    လင်းရှီး အကြည့်တွေက အေးစက်ကြမ်းတမ်းနေ၏။
  
    " ခင်ဗျား ဘယ်သူနဲ့ လက်ထပ်မလို့လဲ? " လင်ရှီးရဲ့အမေးက ချင်ရှောင်းကို ကြက်သေ သေသွားစေ‌တယ်။
   
   
    သိသာစွာပဲ နှစ်ယောက်လုံးပြောတဲ့ အကြောင်းအရာက တကယ်တမ်း ပြဿနာတစ်ခုမဟုတ်ပေ။
  
    ချင်ရှောင်း လင်ရှီးရဲ့ မျက်နှာလေးကို ကြည့်နေရင်း မကြာခင်မှာဘဲ လင်ရှီး ကြိုမြင်လိုက်တဲ့ နောက်ထပ်အကြောင်ရာကို မြန်မြန်ဆန်ဆန်နားလည်သဘောပေါက်သွားတော့သည်။
   
    အစက သူ့မှာအတွေးသာရှိပြီး တိကျတဲ့ရက်စွဲကို မဆုံးဖြတ်ရသေးပေ။
   
    မမျှော်လင့်ဘဲ လင်ရှီးက နိမိတ်ကြိုမြင်သွားခဲ့သည်။
   
    " မင်းလေး ကြိုမြင်ခဲ့တယ်မဟုတ်ဘူးလား? အဲ့ဒီလူကဘယ်သူဆိုတာကို မင်းလေး သေသေချာချာ ကြည့်လို့ရတာပဲ " သူ သစ္စာအဖောက်ခံလိုက်ပြီ ဆိုတဲ့ အမူအရာနဲ့ ဘာမှမပြောဘဲ တင်းမာနေတဲ့ လင်ရှီးရဲ့ ချစ်ရာမျက်နှာလေးကိုမြင်တော့ ချင်ရှောင်း နှလုံးသားထဲမှာ အနည်းငယ်မျှ ပျော်ရွှင်သွားရ၏။
   
    အဆုံးမှာတော့ ဒီလိုမျက်နှာအမူယာမျိုးကို အရင်ကသူ လင်ရှီးမျက်နှာမှာ ဘယ်တုန်းကမှမမြင်ဖူးခဲ့ပေ။
  
    " ရှင်းရှင်းလင်းမမြင်ရဘူး၊ ပုံကအရမ်းမှုန်တယ် ပုံသဏ္ဍာန်လောက်ပဲ မြင်ရတာ။ ခင်ဗျား တကယ်ကြီး အခြားလူနဲ့ လက်ထပ်မလို့လား? "
   
    ဒီစကားတွေပြောလာတဲ့အခါ လင်ရှီးရဲ့ အကြည့်တွေက ဓားလိုထက်ရှနေခဲ့၏။
   
    ချင်ရှောင်းသာ ခေါင်းငြိမ့်ရဲရင် လင်ရှီး ဘာလုပ်မိမယ်ဆိုတာ အာမမခံနိုင်ပေ။
   
    ချင်ရှောင်း တမင်သက်သက် တိတ်ဆိတ်နေလိုက်သည်။ လင်ရှီးရဲ့ အမြင်မှာတော့ သူ့ရဲ့တိတ်ဆိတ်နေမှုက တိတ်တဆိတ်သဘောတူနေသလိုပင်။
   
    လင်ရှီး လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ထားတာကြောင့် လက်ဆစ်ရိုးဖြူဖြူတွေကိုပါမြင်နိုင်၏။
   
    လင်ရှီးရဲ့ မျက်နှာအရောင်က ဆိုးသထက်ဆိုးလာတာကို မြင်တော့ နောက်ခဏမှာ သူ့ကုတ်ပိုးကနေ ချင်ရှောင်းဖမ်းချုပ်ထားလိုက်သည်။
   
    စိုထိုင်းမှုတစ်ခုက အသက်ရှူကြပ်မတတ် ဖုံးအုပ်လာခဲ့၏။
   
    ပင်ကိုယ်အားဖြင့် ချင်ရှောင်းရဲ့နီးကပ်မှုကို လင်ရှီး မခုခံပါချေ။
   
    သူ့ခန္ဓာကိုယ်နဲ့ စိတ်ဝိဉာဏ်က ခုခံဖို့ကို ဆန္ဒမရှိဖြစ်နေပေသည်။
   
    နှစ်ယောက်လုံးရဲ့ အသက်ရှူသံတွေက ပြောင်လဲလာခဲ့ကာ ခန္ဓာကိုယ်အပူချိန်တွေကလည်း ရစ်ပတ်လိမ်ယှက်နေသည်။

The Villain Dressed As a Little MermaidWhere stories live. Discover now