Chapter 45

1.1K 193 17
                                    


ထိုနေ့က လင်ရှီး မတူညီတဲ့ ခရင်မ်ကိတ်များစွာကို စားခဲ့ရတယ်။

အရင်ကနဲ့ မတူဘူးဆိုတဲ့ အကြောင်းပြချက်က...

ဘာကြောင့်လဲဆိုတော့ ကိတ်ပေါ် ဆမ်းတဲ့ အရည်တွေက သူ့ယောက်ျား ကိုယ်တိုင်လုပ်ထားလို့လေ

လင်ရှီး အများကြီးစားလိုက်ရပြီး သူ့ဗိုက်က လုံးသထက် လုံးလာခဲ့၏။ တစ်ကြိမ်တည်းနှင့် အများကြီးစားတာက သူ့ကို မသက်မသာဖြစ်စေသည်။

သူ့မျက်လုံးတွေက နီရဲနေကာ လက်စွပ်၀တ်ထားပြီးသားဖြစ်တဲ့ ချင်ရှောင်းက သူထပ်မစားနိုင်လျှင် မနက်ဖြန်စားနိုင်ကြောင်း ပြောလာခဲ့သည်။

ချင်ရှောင်း လင်ရှီးရဲ့ ကြွေဖြူရောင် ပါးမို့လေးကို ဖျစ်လိုက်၏။

သူခေါင်းကိုခါပြီး စိတ်မဝင်စားစွာ ငြင်းဆိုလိုက်သည်။

ချင်ရှောင်းရဲ့ ဆိုလိုရင်းက လင်ရှီးကိုယ်တိုင် ခရင်မ်အနှစ်တွေကို စားချင်တယ်ပြောရမှာဖြစ်ပြီး ဒီတစ်ခါ ပြည့်အင်တဲ့အထိ စားချင်ကြောင်းကိုလည်း ပြောရမည်။

" ဒါပေမဲ့ ကျွန်တော် ‌ဗိုက်ပြည့်နေပြီလေ " လင်ရှီး ငိုရှိုက်သံလေးထွက်လုနီးပါး ပြောလာခဲ့၏။ အသံက ပျော့ပြောင်းနေပြီး စေးကပ်ကပ်နဲ့ကြားရတာ အလိုလိုက်လို့ ပျက်စီးနေတဲ့ ကလေးငယ်လေးနှယ်။

ချင်ရှောင်း လင်ရှီးရဲ့ နှုတ်ခမ်းထောင့်မှာ ပေကျံနေတဲ့ ခရင်မ်အနှစ်တွေကို သုတ်ပေးလိုက်တယ်။

" ဒါကိုစားတုန်းကတော့ ကိုယ် မင်းကို ဖိအားမခဲ့ပါဘူးနော် "

အဲ့ဒီအချိန်မှာ ချင်ရှောင်းရဲ့အပြုံးက အဲ့တာကိုအခွင့်ကောင်းယူပြီး လုံးဝနာခံမှုကို‌ပြနေသည်။

ဒါပေမဲ့ လင်းရှီးမှာတော့ ကိုယ့်ခြေထောက်ကို ကိုယ်ကိုယ်တိုင် ကျောက်တုံးပစ်ချမိသွား၏။ ထိုတောင်းဆိုမှုကို သူကိုယ်တိုင်လုပ်ခဲ့တာပင်။

မျက်ရည်တွေကို ထိန်းထားရုံမှတစ်ပါး မခုခံနိုင်တော့ချေ။

ချင်ရှောင်းခရင်မ်တွေကို သူ့နှုတ်ခမ်းကနေတဆင့် လင်ရှီးရဲ့ပါးစပ်ထဲထည့်ပေးလိုက်သည်။

The Villain Dressed As a Little MermaidWhere stories live. Discover now