Chapter 4

2.2K 441 9
                                    

လင်ရှီး သူ့ရဲ့ချွန်ထွက်သောအစွယ်များဖွင့်၍ အရှိန်ဖြင့်ခုန်ထွက်လာခဲ့သည်။ ဒီတစ်ခါတော့ ခါတိုင်းကဲ့သို့သူလေထဲတွင် အလျင်စလိုမလုပ်တော့ပေ။ လင်ရှီးခုန်ဝင်လာသည့်အခါ ငါးကန်အပြင်ဘက်တွင်ရပ်နေသည့်စစ်ဝတ်စုံဖြင့်အမျိုးသားက မရှောင်ရုံသာမက အရှေ့သို့တစ်လှမ်းပင်တိုးလာခဲ့သည်။ ချင်ရှောင်း လင်ရှီး၏ပုခုံးကိုအားဖြင့်ဆုပ်ကိုင်ထားပြီး ရေသူလေးရဲ့အေးစက်ချွန်ထက်တဲ့အစွယ်တွေကသူ့အရှေ့မှာပင်။

သေးငယ်အားနည်းသည့်လည်ပင်းကို ချင်ရှောင်းချိုးချင်လျှင်ချိုးပစ်လိုက်၍ရသည်။ ဒါပေမယ့်ချင်ရှောင်းရေသူလေးရဲ့ပုခုံးကို ကိုင်လိုက်သည့်အခါ သူ့လက်ဖဝါးအောက်ရှိ နူးညံ့တဲ့အထိအတွေ့ကသူ့ကိုတုန်လှုပ်စေသည်။ မူလကတင်းကြပ်နေတဲ့အားတွေကအနည်းငယ်လျော့သွား၏။ အနောက်ကအစောင့်တွေသည် ရေသူလေးရုတ်တရက်တိုက်ခိုက်လာတာကို မြင်သည့်အခါ အစောင့်နှစ်ယောက်လုံးကသူတို့ရဲ့ပစ္စတိုများကိုထုတ်၍ချိန်လိုက်ကြသည်။ နောက်ခဏအတွင်းမှာ အရာရှိကရေသူလေးကို ဆုပ်ကိုင်ဟန့်တားလိုက်တာကိုမြင်လိုက်ရတာကြောင့် အစောင့်တွေကရပ်တန့်လိုက်‌ပေမယ့် သူတို့ရဲ့သေနတ်များကိုတော့ပြန်မသိမ်းပေ။

သဘာဝအတိုင်းပင်မတော်တဆဖြစ်ရပ်က ရှဲ့ဟုန်မင်ကိုဆွဲဆောင်သွားသည်။ သူခုနကပင် အနက်ရောင်ရေသူလေးကိုတွေ့ခဲ့သည်။ သို့ပေမယ့် ရေသူလေးကရေအောက်မှာမြုပ်နေပြီးသူ့မျက်နှာကိုတော့ရှင်းလင်းစွာမမြင်လိုက်ရပေ။ အခုချိန်မှာတော့ရေသူလေးက ရေမျက်နှာပြင်ပေါ်သို့တက်လာပြီး ချင်ရှောင်းဆီခုန်ဝင်သွားတာကြောင့် ရှဲ့ဟုန်မင်ရေသူလေးရဲ့မျက်နှာကိုမြင်လိုက်ရပေပြီ။

ရှဲ့ဟုန်မင်အံ့ဩသွား၏။ သူအနက်ရောင်ရေသူလေးရဲ့အနားသို့ ချဉ်းကပ်သွားပြီးနောက် အနက်ရောင်ရေသူလေးက သူဒီဆိုင်သို့မလာခင်အင်တာနက်မှာတွေ့ခဲ့သည့်အနီရောင်အမြီးနှင့်ရေသူလေးထက်ပို‌လှသည်ကို တွေ့ရှိလိုက်သည်။ ဒါပေမယ့်လူတွေကိုတိုက်ခိုက်ဖို့ကြိုးစားတာကြောင့် နည်းနည်းတော့ကြောက်စရာကောင်းတယ်။

The Villain Dressed As a Little MermaidWhere stories live. Discover now