Chapter 19

1.6K 338 10
                                    

    ဆေးရုံမှထွက်လာပြီးနောက် ယာဉ်ပျံကကောင်းကင်သို့ပျံသန်းသွားပြီး လင်ရှီးကတစ်ခုခုပြောလိုက်၏။

     ဒီနေရာမှာ အရမ်းလှတဲ့နာရီစင်တစ်ခုရှိတာကိုအင်တာနက်မှာသူမြင်ခဲ့ပြီး အဲ့ဒီကိုအရမ်းသွားချင်မိခဲ့သည်။ စစ်သားက လင်ရှီးရဲ့အချို့သောလိုအပ်ချက်တွေကို သူ့ဆီအရာအားလုံးတင်ပြစရာမလိုပဲ ဖြည့်ဆည်းပေးနိုင်တယ်လို့ ချင်ရှောင်းဆီကအမိန့်ရပြီးသားပင်။

   နာရီစင်ကသိပ်မဝေးပေ။ ဆယ်မိနစ်ကျော်လောက်သာ သွားရမှာဖြစ်သည်။ ယာဉ်ပျံကချက်ချင်းပြန်လှည့်ကာ နာရီစင်သို့ပျံသန်းသွားလိုက်သည်။

    လင်ရှီးသူနာရီစင်ကို တိုက်ရိုက်သွားမယ်လို့ပြောရင်တောင်ပြသနာမရှိပေ။ သို့သော်ငြားလင်ရှီးမလုပ်ခဲ့ပါချေ။

     သူနာရီစင်ကိုမြင်ဖူးချင်တာက နာရီစင်ကအကျော်ကြားဆုံးသော ပြည်တွင်းဗိသုကာဆိုင်ရာအထင်ကရအဆောက်အအုံဖြစ်တာကြောင့်သာမက ပိုအရေးကြီးတာကသူထွက်ပြေးမဲ့လမ်းကြောင်းတွေထဲကတစ်ခုလည်းဖြစ်တာကြောင့်ပင်။

    လင်ရှီးထွက်ပြေးမယ့်လမ်းကြောင်းတွေကိုဆွဲပြီးသားဖြစ်သည်။

    လွတ်မြောက်ခြင်းဆိုတာက ချင်ရှောင်းလက်ထဲကနေလွတ်မြောက်ခြင်းဖြစ်ပြီး အခန်းထဲကထွက်ပြေးခြင်းလောက်သာမဟုတ်ပေ။

    လွတ်မြောက်ခြင်းရဲ့ပန်းတိုင်က ပင်လယ်ထဲသို့ထွက်ပြေးဖို့ပဲဖြစ်သည်။

    သူပင်လယ်ထဲကိုရောက်ပြီး ရေသူခန္ဓာကိုယ်နှင့် ပင်လယ်အနက်ပိုင်းထဲ ဒိုင်ပင်ထိုးဆင်းနိုင်သရွေ့ ချင်ရှောင်းသူ့ကိုလိုက်ရှာချင်ရင်တောင် ကျယ်ပြောလှတဲ့ပင်လယ်ကြီးထဲမှာ အလွယ်တကူရှာတွေ့မှာမဟုတ်ပေ။

    အဲ့အချိန်မတိုင်ခင် လုံးဝလုံခြုံဖို့လိုတာကြောင့် လင်ရှီးရဲ့အစီအစဉ်က လူတွေစုတတ်တဲ့နေရာနှင့် ခပ်ဝေးဝေးမှာယာယီနေဖို့ဖြစ်သည်။

     ခဏလောက်ဘယ်သူမှမနေတဲ့နေရာကိုရှာရမည်ဖြစ်သည်။

    လင်ရှီးမှာတောနက်ကြီးထဲ၌ ရှင်သန်နိုင်တဲ့စကေးတွေရှိသည်။

The Villain Dressed As a Little MermaidWhere stories live. Discover now