Chapter 32

1.1K 241 10
                                    

     လင်ရှီးသူ့အမူအရာကိုထိန်းထားနိုင်ဆဲဖြစ်ပေမယ့် သူ့ဘေးရှိလင်ကျင့်ကတော့ သေချာပေါက်ပင် ထအော်တော့သည်။

      "အဲ့တာပင်လယ်ကြီးပဲ၊ ကျွန်တော်‌တို့ရောက်ပြီ!!!"

      လင်ကျင့်က သူမွေးကတည်းက ပထမဆုံးအကြိမ်ပင်လယ်ကိုမြင်ဖူးပြီး ပင်လယ်ကသူ့အတွက် တိကျတဲ့ပုံသဏ္ဍာန်မရှိပဲ စကားလုံးပိုဆန်သည်။

      ယခုတော့စကား‌လုံးတွေက အစစ်အမှန်ဖြစ်လာပြီ။ သေးငယ်တဲ့လှိုင်းလုံးများ၊ လှိုင်းလုံးကြီးများ၊ လှိုင်းအလွှာများတလိမ့်လိမ့်တက်နေပြီး အဖြူရောင်ရေလှိုင်းများရိုက်ခတ်နေတာကိုမြင်သောအခါ လင်ကျင့်ရုတ်တရက်မတ်တပ်ရပ်ကာ ပြတင်းပေါက်ဆီသို့သွားချင်လာသည်။

      ဒါပေမယ့် သူမတ်တပ်ရပ်လိုက်တဲ့အခါ ‌ခဏလောက်မူးဝေသွား၏။

     လင်ကျင့်၏ ပိန်ပိန်ပါးပါးခန္ဓာကိုယ်လေးက ယိမ်းယိုင်သွားကာ နောက်အခိုက်အတန့်တွင် သူသည် လင်ရှီးအပေါ်သို့လဲကျလာသည်။

      လင်ရှီး သူ့အပေါ်သို့လဲကျလာသော လင်ကျင့်ကိုဖမ်းထိန်းလိုက်ပြီး သူ့အမူအရာသည်အနည်းငယ်ပြောင်းလဲသွား၏။
     
     သူလင်ကျင့်ကိုကူညီပေးလိုက်သော်လည်း ရုတ်တရက်သူ့လက်မောင်းတွင် ခွန်အားများမရှိတော့သည်ကို မမျှော်လင့်ပဲသိရှိခဲ့ရသည်။

     ဦးခေါင်းတစ်ခုလုံး လေးလံလာပြီး မျက်စိရှေ့ကအရာတွေကိုတောင် မြင်ဖို့ခက်ခဲလာ၏။

      လင်ရှီးအောက်နှုတ်ခမ်းကို ပြင်းပြင်းထန်ထန်ကိုက်လိုက်ပြီး ခေါင်းကိုလှည့်ကာ မျက်နှာအမူအယာမပြောင်းလဲဘဲ ကြည့်နေသောလူသားများကို စိုက်ကြည့်လိုက်၏။

      လူသားတွေရဲ့မျက်နှာအမူအရာက ပြန့်လွင့်နေပြီး လင်ရှီးနဲ့တခြားသူတွေက ရုတ်တရက်မူမမှန်တဲ့ပုံပေါ်လာကာ သူတို့မျှော်လင့်ထားတဲ့အတိုင်းပင်။

      လင်ရှီးဘယ်လောက်ပဲတုံးအပါစေဦး သူဘာဖြစ်သွားလဲဆိုတာတော့သိသင့်သည်။

     သူက လူသားကိုစိုက်ကြည့်လိုက်ကာ ပြတ်သားစွာမေးလိုက်၏။

The Villain Dressed As a Little MermaidWhere stories live. Discover now