Chapter 10

1.8K 357 23
                                    

ဖက်ဒရယ်နိုင်ငံရေးရာတွေနဲ့ပက်သတ်ရင် လင်ရှီးနဲ့အတော်လေးဝေးကွာလှသည်။ ထိုအကြောင်းတွေကို ကြည့်ပြီးနောက်လင်ရှီးထို
website စာမျက်နှာမှထွက်ကာ ရေသူမျိုးနွယ်စုနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များကို ရှာဖွေလိုက်၏။

ရရှိလာတဲ့ရလဒ်တွေကတော့ လင်ရှီးအတွက်အသုံးဝင်တဲ့ အကြောင်းအရာများမပါရှိပေ။ သူရေသူမျိုးနွယ်စုရှိတဲ့နေရာကို ရှာဖွေဖို့ကြိုးစားခဲ့သည်။ သူရှာဖွေတွေ့သမျှအားလုံးက လူတွေရှာတွေ့ထားတဲ့ရေသူများသာဖြစ်သည်။ ရေသူတွေလိုမျိုးစိတ်များက လုံးဝကိုနတ်ဘုရားတွေ၏ အလွန်အကျွံချစ်မြတ်နိုးခြင်းကိုခံထားရ၏။ ရေသူတိုင်းမွေးရာပါ ချောမောလှပတဲ့အသွင်အပြင်တွေရှိကြသည်။

ပြီးတော့လူသားမျိုးနွယ်စုကတော့ နှစ်ပေါင်းများစွာတိုင်အောင် လုယက်မှုနှင့် ကျူးကျော်သိမ်းပိုက်မှုတွေမှာ တော်ကြ၏။

အဖမ်းခံရတဲ့ရေသူတွေက တဖြည်းဖြည်းနဲ့ လူသားတွေရဲ့ကျွန်ပြုခြင်းကိုခံလာရပြီး သူတို့ဟာ နိမ့်ကျတဲ့သက်ရှိတွေအဖြစ်ယူဆခြင်းခံရကာ အိမ်မွေးpetဆိုတဲ့အတွေးတွေကို အခြေခံကျကျနက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်ပြီးသိစေခဲ့၏။

ထို့အပြင်လင်ရှီး အချို့သောအချက်အလက်တွေကိုမြင်မိလိုက်သည်။ ပြောထားတာက ကျန်ရှိတဲ့ရေသူတွေက လူသားတွေရဲ့ညှင်းပန်းနှိပ်စက်ခြင်းကို ရှောင်ရှားဖို့ လူသားများနှင့်ဝေးကွာတဲ့သမုဒ္ဒရာရဲ့အနက်ပိုင်းဒေသကို ပြောင်းရွှေ့သွားသည်ဟုပင်။

သမုဒ္ဒရာအနက်ပိုင်းရဲ့ ဘယ်နေရာလဲဆိုတာ အတိအကျသိဖို့ ကုန်းမြေပေါ်ကလူသားမျိုးနွယ်တွေက ရှာဖွေကြပေမယ့် ဆယ်စုနှစ်များစွာရှိသွားတာတောင် သမုဒ္ဒရာအလယ်က ရေသူအသစ်တွေကို ရှာမတွေ့တော့ပေ။

လူသားတွေက ငါးတွေကိုမျိုးပွားတဲ့အထူးအဖွဲ့အစည်းကို တည်ထောင်ခဲ့ကြသည်။ ရေသူလိုမျိုးစိတ်တွေအတွက်ကတော့ ရေသူတွေကမျိုးပွားနှုန်းမမြန်ပေမယ့် သူတို့ကအခြေခံပြုစုစောင့်ရှောက်မှုရှိပြီး ရေသူငယ်လေးတွေက လူသားမွေးကင်းစကလေးငယ်တွေထက်ပိုလို့ ကောင်းကောင်းမွန်မွန်ကျွေးမွေးစောင့်ရှောက်ခြင်းခံရသည်။

The Villain Dressed As a Little MermaidWhere stories live. Discover now