Chapter 31

1.2K 259 13
                                    

  လင်ရှီးနှုတ်ခမ်းကိုကိုက်ပြီးမျက်မှောင်ကိုတင်းတင်းကျုံ့လိုက်သည်။ သူဘာလို့ချင်ရှောင်းနဲ့ အိပ်လိုက်မိလဲဆိုတာ မသိတော့ချေ။

      လင်ရှီးဖြည်းညှင်းစွာ အသက်ရှူလိုက်သည်။

     အဲ့ဒါကဖြစ်ပြီးသွားတဲ့ကိစ္စပဲ။ နောင်တရတာပဲဖြစ်ဖြစ် အနှောင့်အယှက်ပဲဖြစ်ဖြစ် မတတ်နိုင်တော့ဘူး။

      သူ့မှာအချိန်နောက်ပြန်ဆုတ်တဲ့စွမ်းရည်မှမရှိတာ...

     ရိုးရိုးသားသားပြောရရင် လင်ရှီးအဲ့ဒီအကြောင်းကို ခဏလောက်ပြန်စဉ်းစားခဲ့ပေမယ့် တကယ်တမ်းတော့ပြန်တွေးစရာမလိုအောင်ကို အဲ့ဒီအဖြစ်အပျက်တွေက အဲ့အဖြစ်အပျက်တွေက သူ့စိတ်နှလုံးသားထဲရှင်းရှင်းလင်းလင်းကို မှတ်မိနေခဲ့သည်။

      ဒါက တကယ်ကိုအရမ်းပျော်ဖို့ကောင်းတဲ့ကိစ္စပဲ။

    ပင်လယ်စာပွဲကြီးထက်တောင်ပိုပြီး အရသာရှိပုံရတယ်။

     အဲ့တာကပင် လင်ရှီးကို သူ့နှလုံးသားလေးတုန်တုန်ယင်ယင်ဖြစ်စေတဲ့ခံစားချက်မျိုး ခံစားရစေသည်။

      သူ့ကိုရိုးတွင်းခြင်ဆီအရသာကို သိအောင်နည်းနည်းလေးမြည်းစမ်းခွင့်ပြုလိုက်တာပင်။

     [T/N- မလုပ်ဖူးတဲ့အရာတစ်ခုကိုလုပ်ဖူးအောင်စမ်းသပ်ခိုင်းလိုက်သလိုမျိုးပါ]

    ဒါပေမဲ့ နောက်တစ်ကြိမ်ဆိုတာရှိတော့မည်မဟုတ်မှန်း လင်ရှီးသိသည်။

      လင်ရှီးအားနည်းတဲ့လူတစ်ယောက်အဖြစ် ပြုစုပျိုးထောင်ခံနေရတာကိုမကြိုက်ပေ။

     သူထွက်ပြေးမယ့်အစီအစဉ်ကိုအကောင်အထည်ဖော်ရမယ့်အချိန်ဆိုတာ သူသိ၏။

      လင်ရှီးလူမသိအောင်တိတ်တိတ်လေး ဘယ်လိုပြေးရမလဲဆိုတာစဉ်းစားနေလိုက်သည်။

        တစ်စုံတစ်ယောက်ကအခွင့်အရေးကို ယူဆောင်လာခဲ့သည်။

      ချင်ရှောင်းရဲ့ရာထူးကြောင့်သူက အမြဲတမ်းအိမ်မှာမရှိပဲ မကြာခဏဆိုသလို ရက်အနည်းငယ် ဒါမှမဟုတ် ပိုကြာကြာအပြင်ထွက်နေရတတ်သည်။

The Villain Dressed As a Little MermaidWhere stories live. Discover now