Chapter 24

1.4K 296 8
                                    

   လင်ကျင့်အားမွေးဖို့အတွက် ဆေးရုံမှာနေခွင့်ပြုရမှာကို လင်ရှီးတွေးထားပြီးသားပင်။ လင်ကျင့်ပြန်ကောင်းလုနီးပါးဖြစ်လာရင် သူ့ကိုလည်းသူလွတ်မြောက်ရေးအစီအစဉ်ထဲ ထည့်သွင်းရမည်။ မမျှော်လင့်ထားတဲ့အရာတစ်ခုက အရင်ဖြစ်သွားခဲ့၏။

     လင်ရှီး ဒီနေ့လင်ကျင့်ကိုတွေ့ဖို့ ဆေးရုံသွားရာတွင် တကယ်ကိုမမျှော်လင့်ထားတဲ့ ရှဲ့ဟုန်မင်ရှိနေတာကိုတွေ့လိုက်ရသည်။

      ထိုလူကစစ်ဝတ်စုံကိုမဝတ်ထားပဲ သူ့ရဲ့ပုံမှန်အဝတ်အစားကိုသာဝတ်ထားသည်။

     သူအခန်းထဲဝင်ဝင်ချင်း ရှဲ့ဟုန်မင်ရဲ့မရင်းနှီးတဲ့ နောက်ကျောကို လင်ရှီးချက်ချင်းမမှတ်မိခဲ့ချေ။ ရှဲ့ဟုန်မင် ဒီဘက်လှည့်လာတဲ့အခါ လင်ရှီးအနည်းငယ်အံ့ဩသွားပေမယ့် ဘာကြောင့်ရှဲ့ဟုန်မင်ဒီမှာရှိနေတာလဲဆိုတာကိုတော့ မစူးစမ်းလိုက်ပေ။

     သိပ်မကြာခင်မှာပဲရှဲ့ဟုန်မင်က လင်ရှီးကိုဒီကိုလာရတဲ့အကြောင်းအရင်း‌ကိုပြောပြလာခဲ့သည်။

     လင်ကျင့်ဖြစ်ခဲ့တဲ့ကိစ္စနှင့်ပက်သတ်ပြီး အခြေခံတော့သူ(ရှဲ့ဟုန်မင်)သိသည်။ လင်ရှီးမရောက်လာခင်က သူလင်ကျင့်ကိုပြန်ကောင်းလာလို့ဆေးရုံကဆင်းရင် သူ့အိမ်မှာနေမလားဆိုပြီး လင်ကျင့်ရဲ့သဘောထားကိုမေးမြန်းခဲ့သည်။

     ရှဲ့ဟုန်မင်က သိမ်မွေ့တဲ့အပြုံးလေးနဲ့ပြောလာသည်။

     ကြည့်လိုက်တာနဲ့ နွေဦးလေပြေလေးလိုနွေးထွေးပြီး သဘေားကောင်းပုံရတဲ့ရှဲ့ဟုန်မင်က သူနဲ့ဆွေးနွေးမေးမြန်းခြင်းမရှိပါပဲ ဒီကိစ္စကိုဆုံးဖြတ်ပြီးသားဆိုတာကို လင်ရှီးမြင်နိုင်သည်။

      လင်ရှီးကိုပြောပြတာက လင်ရှီးရဲ့သဘောထားကိုမေးမြန်းတာမဟုတ်ဘဲ လင်ရှီးကိုကိစ္စကဒီလိုရှိကြောင်း အသိပေးခြင်းမျှသာဖြစ်သည်။

      အဆုံးမှာတော့ရှဲ့ဟုန်မင်က အထူးတလည်ပြောပြလာ၏။

      "ချင်ရှောင်းက သူ့အိမ်မှာလူများနေတာကိုမကြိုက်ဘူး၊ မင်းရှိနေတာနဲ့တင်လုံလောက်ပါတယ်"

The Villain Dressed As a Little MermaidWhere stories live. Discover now