Chapter 36

1.3K 293 11
                                    


   နာရီဝက်ဆိုပေမယ့် ဘယ်လောက်ကြာပြီမှန်းလင်ရှီးသေချာမသိပေ။ အချိန်ကထူးထူးခြားခြားနှေးနေပြီး စက္ကန့်တိုင်းကပိုပြီးရှည်လျားနေသည်ဟု ထင်ရသည်။

     လူအနည်းလောက်ကသာ ဒီနေရာကဖြတ်သန်းသွားလာပြီး မိုးကလည်းဆက်လက်ရွာနေတာကြောင့် တစ်ယောက်မှလာကြမှာမ‌ဟုတ်ပေ။

   ဒါက လင်ရှီးဒီမှာဘာလို့ရေသူပုံစံနဲ့ စောင့်နေတာလဲဆိုတဲ့အကြောင်းအရင်းပင်။

     သူ့ဆံပင်တွေကစိုနေပြီး မိုးရေစက်တွေက ဖြူဖွေးနူးညံ့တဲ့မျက်နှာလေးပေါ်စီးကျနေသည်။ လက်ရှိဒီလိုပုံစံက အရမ်းကိုခက်ခဲတဲ့ပုံစံပေါက်နေတယ်ဆိုတာ လင်ရှီးသိသည်။

     ဒီနေ့ချင်ရှောင်း အရမ်းအလုပ်များနေလို့ ပြန်မလာနိုင်တာဖြစ်မယ်။

     လုံးဝကိုမိုးချုပ်သွားတဲ့အခါ လင်ရှီးထပ်စောင့်မနေတော့ချေ။

       ဒီတစ်ကြိမ် သူ့ဘက်ကစပြီးပြန်လာတယ်ဆိုတာက ရိုးရိုးရှင်းရှင်းပြန်လာတာဖြစ်ရုံမက သူ့လွတ်လပ်မှုနှင့်ဘဝကို ချင်ရှောင်းလက်ထဲကိုထည့်ပေးလိုက်တော့မှာကြောင့်ဖြစ်သည်။

      သူ့အပေါ်ထားတဲ့ ချင်ရှောင်းရဲ့အချစ်အပေါ်လောင်းကြေးထပ်လိုက်ခြင်းပင်။

      လင်ရှီးအရင်ကကိုယ့်ကိုယ်ကို 'အချစ်ကသာအရာရာ'ဆိုတဲ့ လူတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ခဲ့ဖူးဘူး။ ဒါပေမဲ့အခုသူ‌လုပ်နေတာကလုံးဝကို 'အချစ်ကအရာအားလုံး' ဖြစ်နေခဲ့တယ်။ ဘာလို့လဲဆိုရင် သူအနာဂါတ်မှာချင်ရှောင်း မတော်တဆမှုတစ်ခုခုကြုံရမယ်လို့ ကြိုမြင်ခဲ့တာကြောင့် အပြေးအလွှားပြန်ပြီး ချင်ရှောင်းနဲ့တွေ့ကာ တစ်စုံတစ်ယောက်ကလုပ်ကြံမှာဖြစ်ကြောင်း ပြောချင်နေခဲ့၏။

      အနာဂါတ်မှာကြုံတွေ့ရမယ့်ကိစ္စကို ချင်ရှောင်းကိုပြောပြလိုက်တာနဲ့အညီ နမိတ်ဖတ်စွမ်းရည်ရှိတဲ့အကြောင်းကို ဖော်ပြလိုက်ရမှာဖြစ်သည်။

      လင်ရှီးခေါင်းမော့ပြီး မှောင်မဲနေတဲ့ ကောင်းကင်ကိုကြည့်လိုက်၏။

The Villain Dressed As a Little MermaidWhere stories live. Discover now