Chapter 3

2.1K 438 1
                                    

  လင်ရှီးထူးဆန်းနေသည်ဟု ခံစားနေရသည်။ သူဘာမှမတတ်နိုင်ပေမယ့်ထူးဆန်းတယ်လို့ ခံစားနေရတုန်းပဲ။ လင်ရှီးပတ်ဝန်းကျင်ကကြောင်တက်တက်ဖြစ်နေသည့်ရေသူတွေ‌ကိုကြည့်ပြီး သူတို့ဘာတွေကိုအံ့ဩနေတာလဲဆိုတာသိဖို့ အချိန်ခဏယူလိုက်ရသည်။ ဒီကမ္ဘာကိုသူရောက်တာ တစ်လကျော်ပြီဖြစ်သည်။ ငါးကန်ထဲမှာမှန်မရှိ‌တာကြောင့် လင်ရှီးတစ်ခါတစ်ရံသူ့မျက်နှာကို ဖန်နံရံထဲမှာပဲတွေ့နိုင်သည်။ (မှန်မဟုတ်ပဲ ဖန်ထဲမှာဝါးဝါးလေးအရိပ်ထင်တာ)
မူလပိုင်ရှင်မျက်နှာက တကယ်အဆင်ပြေသည်ဆိုတာကို‌ငြင်းလို့မရပေ။ ဒါပေမယ့်သူ့မျက်နှာပဲဖြစ်သွားလို့လားမသိ လင်ရှီးခံစားလို့မရပေ။

   ဒါကြောင့်ဆိုင်မှာရှိနေတဲ့ရေသူလေးရဲ့အလှတရားသည် သူနဲ့မတူနိုင်ဟု လင်ရှီးယူဆလိုက်၏။  သူဖန်နံရံကိုပြုံး၍ကြည့်လိုက်သည်။ သူ့အထင်တော့ဘေးကန်ကအညိုရောင်ရေသူလေးလောက် ကြည့်မကောင်းဘူးထင်တာပဲ။ သူရုတ်တရက်တိတ်ဆိတ်သွားတဲ့ ရေသူတွေကိုလျစ်လျူရှုလိုက်သည်။ သူတို့ကနေ့တိုင်းဘာမှမလုပ်ပဲ ငါးကန်ထဲ၌သာနေပြီး သူတို့က်ိုဧည့်သည်တွေလာဝယ်ကြမှာကိုသာစောင့်ကြသည်။ အချိန်တစ်ချို့ကြာပြီးနောက် လင်ရှီးရေအောက်သို့ငုပ်လျှိုးသွားလိုက်၏။ လင်ရှီးမျက်လုံးများမှိတ်ထားကာ လှုပ်ယမ်းနေတဲ့သူ့အမြီးလေးလည်း ရပ်တန့်သွားသည်။ တခြားရေသူများ၏ မျက်လုံးထဲတွင်တော့လင်ရှီး ငြိမ်သက်သွားသည်ဟုတွေးနေပေလိမ့်မည်။ တကယ်တော့လင်ရှီးက သူထွက်ပြေးမည့်အစီအစဉ်ကိုတွေးနေခြင်းဖြစ်သည်။

   ဆိုင်သို့လာတဲ့ဝယ်သူကို တိုက်ခိုက်ဖို့အစွယ်ထုတ်ပြလိုက်တဲ့ အစောပိုင်းအဖြစ်အပျက်အရ ဆိုင်ရှင်ကသူ့ရဲ့စည်းကျော်မှုကို လုံးဝခွင့်လွှတ်ပေးမည်မဟုတ်မှန်း သူသိသည်။ လင်ရှီး၏ကိုယ့်ကိုယ်ကို ခုခံကာကွယ်နိုင်မှုသည်မြင့်မားသည်။ သူ့အစားတခြားရေသူလေးသာ သံကြိုးဖြင့်ချည်နှောင်ခံရပြီး ထိုကဲ့သို့ဖန်နံရံနှင့်အရိုက်ခံရပါက အလွန်ထိတ်လန့်သွားမည်ဖြစ်သည်။ ထိခိုက်မှုပင်ဖြစ်နိုင်သည်။

  လင်ရှီးသိသည်။ ဒီနေ့သို့မဟုတ်မနက်ဖြန် သူ့ကိုချုပ်ထားသည့် ဒီဆိုင်ကနေထွက်ပြေးမှရမည်ဆိုတာ။ ညာဘက်ရှိဖန်နံရံကိုအည်ုရောင်ရေသူလေးက အကြိမ်များစွာပုတ်နေသည်။ အညိုရောင်ရေသူလေးက သူ့ကိုစကားပြောချင်နေသည်ဆိုတာကိုသိသော်လည်း လင်ရှီးသူ့မျက်လုံးများကိုမှိတ်ထားပြီး ရေသူလေးကိုလျစ်လျူရှုလိုက်သည်။

The Villain Dressed As a Little MermaidWhere stories live. Discover now