Unicode
ကျုပ်တို့ အညာမှာ ခိုက်ခိုက်တုန်အောင် ချမ်းနေတဲ့
နတ်တော်လကြီးဗျ။ ကျုပ်ကောင်းကောင်း မှတ်မိနေ
တယ်။ ချမ်းလွန်းလို့ မနက်အိမ်ရာက နိုးရင် ထမင်း
ကြမ်း မစားနိုင်ဘူးဗျ။ ထမင်းကြမ်းခဲက ရေခဲတုံးလို
ကို အေးစက်နေတာ။ အမေက အိပ်ရာကနေ စော
စောထပြီး ထမင်းကြော်စားရတာ။
ထမင်းကြော်ပူပူလေးကို မှုတ်မှုတ်ပြီး ညက ကျန်
တဲ့ဟင်းကျန်နဲ့ စားရတာ လွှတ်ကောင်တာဗျ။ စား
ရင်းသောက်ရင်း ရေနွေးကြမ်းပူပူလေးကို တဖူးဖူး
နဲ့မှုတ်သောက်ရင်း နွေးသွားတာမျိုး။ ပြီးရင်တော့
နဂါးဆေးပေါ့လိပ်ကလေးဖွာရင်း တောင်တွေးမြောက်တွေးပေါ့ဗျာ။"တာတေရေ…တာတေ"
ဝိုင်းထဲမှာက နှင်းတွေကျပြီး ပိတ်နေတာဗျ။ ဝိုင်းဝ
က လူကို မြင်ရတာမဟုတ်ဘူး။ ဒါပေမဲ့ ကျုပ်က
အသံ တော်တော်များများကို မှန်းမိနေပါပြီဗျာ။"ဟဲ့..တာတေ…နင့်ကို လာခေါ်နေတာ ဘယ်သူတုံး"
"ဘယ်သူရှိဦးမလဲ အမေရာ…ဘန့်ဘွေးကုန်းက
ကိုကြီးစံအေးပေါ့ဗျာ""အော်…စံမောင့်သား၊ အာကျယ်လား"
"ဟုတ်ပဗျာ"
ဘန့်ဘွေးကုန်းမှာက စံအေးနှစ်ယောက်ရှိတာဗျ။
တစ်ယောက်က ငယ်ငယ်တုံးက ထန်းသီးဆံ သိပ်
ကြိုက်လို့ ထန်းသီးစံအေးလို့ခေါ်ကြတယ်။ ဘိုးစံ
မောင်ရဲ့သား ကိုစံအေးကိုတော့ စကားပြောရင်
အော်ကျယ်အော်ကျယ်နဲ့ပြောလို့ အာကျယ်စံအေး
လို့ ခေါ်ကြတယ်ဗျ။"ဗျို့…ကိုကြီးစံအေး လာလေဗျာ"
ဝိုင်းထဲကို သုတ်သုတ် သုတ်သုတ်နဲ့ဝင်လာတဲ့ ကို
စံအေးကြီးက အိမ်ပေါ်တန်းတက်လာတာဗျ။"ဟ…တာတေရ၊ မင်းက ထမင်းကြမ်းတောင်း စား
ပြီး သွားပြီလားကွ၊ ငါက အဲဒါအမှီလာတာ"ကိုစံအေးကြီးကတော့ အိမ်ပေါ်ရောက်တာနဲ့ တန်းစတော့တာဗျို့။
"ကိုကြီးစံအေးရဲ့ ချမ်းချမ်းစီးစီး နှင်းတွေပိတ်
နေတဲ့ကြားထဲမှာ ဘယ်က ဘယ်လိုရောက်
လာတာတုံးဗ်"
YOU ARE READING
တာတေ [ညမဖတ်ရ] အတွဲ ၂
Fanfictionအရင်တင်တဲ့ဘက်က ဆက်တင်လို့မရတော့လို့ပါ update မယ်လုပ်တိုင်း အပြင်ပဲ ပြန်ပြန်ရောက်နေတာ အဲ့ဒါကြောင့်မို့ စာအုပ်ခွဲလိုက်ပါတယ်။ ဒီဘက်မှာ လာဆက်ဖတ်ပေးကြပါနော် 💛။