မြောက်ရိုးက ဇောက်ထိုး

779 62 0
                                    

[Unicode]

ပုဗ္ဗာရုံကျောင်းက ကျုပ်ဆရာတော် ဦးဂုဏ ခေါ်လို့ဗျို့။
ဆရာတော့်ကျောင်းကိုသွား ဆရာတော်ခိုင်းတာ လုပ်ကိုင်ပေးပြီးတော့ ကျုပ်ပြန်လာတာ။

"ကိုကြီးတာတေ၊ ကိုကြီးတာတေ"
ကျုပ်ကိုခေါ်တာ ဘယ်သူတုံးဗျ။ ကျုပ်နောက်ကို
ဆတ်ကနဲ လှည့်ကြည့်လိုက်တယ်

"ဟာ ဟေ့ကောင် ကျောက်ခဲ၊ မောကြီးပမ်းကြီးနဲ့
ဘာဖြစ်လာတာတုံး "
ကျောက်ခဲဆိုတဲ့ကောင် ကျုပ်နောက်ကို အမောတကော
ပြေးလိုက်လာတာဗျို့။

"ကျုပ် ကိုကြီးတာတေတို့အိမ် ရောက်ပြီးပြီဗျ။
အရီးက ပြောလိုက်လို့ ဘုန်းကြီးကျောင်းကို
လိုက်လာတာ၊ ဆရာတော်နဲ့ တွေ့တော့ တာတေ
ခုလေးတင် ပြန်သွားပြီဆိုလို့ နောက်က ပြေးလိုက်လာတာဗျ"

"ဟေ …ဟုတ်လား၊ ဘာများဖြစ်လို့တုံးကွ "

ကျုပ်နဲ့ ကျောက်ခဲက လမ်းလျှောက်ရင်း စကားပြောကြတယ်။

"ဒီလိုဗျ ကိုကြီးတာတေရ၊ ကျောက်တလားချောင်းမှာ
အခေါင်းပေါ်လို့တဲ့ "

"ဟေ ဟုတ်လား "

"ဟုတ်တယ်ဗျ ကိုကြီးတာတေရ"

"နို့ …မင်းကို ဘယ်သူပြောတုံး "

"ဘိုးရှိန်းမောင် ပြောတာဗျ။ သူကိုယ်တိုင် တွေ့ခဲ့တာတဲ့ဗျ။
ဘိုးရှိန်းမောင်က ရုံးတောကို သွားတာတဲ့၊ ရုံးတောက လူတွေ
ပြောနေတာကြားလို့ ဟုတ်ရဲ့လားဆိုပြီး သွားကြည့်တာတဲ့ဗျာ
ကျောက်တလုံးချောင်းမှာ ရေက ခြေသလုံးမြှုပ်ရုံပဲ ရှိတာတဲ့၊
အဲဒီရေထဲမှာ အခေါင်းကြီးပေါ်လို့တဲ့ဗျ၊ ဘိုးရှိန်းမောင်က
ရေထဲ သေသေချာချာ ဆင်းပြီး အနားကပ်ကြည့်ခဲ့တာတဲ့ဗျ။
ခေါင်းက ကျောက်ခေါင်းကြီးဆိုပဲ၊ ဒါပေမဲ့ ဘိုးရှိန်းမောင်
ပြောတာကတော့ အင်ကြင်းသားက ကျောက်ဖြစ်သွားလို့
ကျောက်ခေါင်းကြီး ဖြစ်သွားတာတဲ့၊ ခေါင်းဖုံးကတော့
မပွင့်ဘူးတဲ့ဗျ၊ ပိတ်လျက်သားပဲတဲ့ "

"နေပါဦး ကျောက်ခဲရ၊ မင်းပြောတဲ့ ဘိုးရှိန်းမောင်ဆိုတာ
အရီးဝိုင်းစိန်ရဲ့ ယောင်္ကျားကို ပြောတာမို့လား၊
သျှောင်ထုံးကြီးနဲ့လေ"

တာတေ [ညမဖတ်ရ] အတွဲ ၂Where stories live. Discover now