ဖျာလိပ်နတ် မအောင်ဖြူ အပိုင်း(၃)

437 35 4
                                    

Unicode

"အေးပေါ့လေ၊ အပျို လူပျိုဘဝမှာ ဒီကိစ္စမျိုးတွေ
ကတော့ ရှိမှာပေါ့ မြနွယ်ရယ်"

"ဟာ …ကိစ္စက မပြီးသေးဘူးတော့် ဆက်ပြောဦး
မယ်၊ အဲဒီညက ကျော်ကျော်ဆိုတဲ့ကောင်က အိမ်
ကို တော်တော်မိုးချုပ်မှ ပြန်ရောက်တယ်ဆိုပဲ။ ခင်
ထားက သူပေးတဲ့စာကို မယူလို့ အသည်းကွဲသ
လိုဘာလို့ပေါ့တော်၊ သူငယ်ချင်းတွေနဲ့ သောက်
စားပြီးမှ ပြန်လာတဲ့တော်၊ အဲဒါ သူ့အိမ်ကို အဝင်
မှာ'ဘုန်း'ဆိုပြီး ကျောကုန်းကို ရိုက်ချလိုက်တာ
ရှေ့ကို ဟပ်ထိုးကြီး လဲကျသွားတာတဲ့ တော်ရေ။

အိမ်ထဲက သူ့အဖေက မြင်လိုက်လို့ ပြေးထွက်
လာပြီး ဆွဲထူရတာတဲ့။ ရိုက်သွားတဲ့သူလည်း မ
မြင်လိုက်ဘူးတဲ့။ ဒီကောင့်ကျောကုန်းကို လှန်
ကြည့်ကြတော့ လက်ဝါးရာကြီး အကြီးကြီး တွေ့
သတဲ့၊ ကိုကြီးတာတေရေ၊ အဲဒီကျော်ကျော်ဆို
တဲ့ကောင်လည်း ခုနှစ်ရက်လောက်တောင် ဖျား
သွားတာတော် မနည်းကို ကုယူရသတဲ့"

"အဲဒါလည်း နင်တို့ ဖျာလိပ်နတ် မအောင်ဖြူရဲ့
လက်ချက်ပဲလား"

"ဒါပေါ့တော့်၊ သူမဟုတ်လို့ ဘယ်သူရှိဦးမှာတုံး
ကိုကြီးတာတေရာ"

ညိုမြက ဝင်ပြောလိုက်တာဗျို့။

"ကျုပ်တို့ ငါးယောက်ကို မအောင်ဖြူ စောင့်
ရှောက်ထားတာတော့ ကိုကြီးတာတေရဲ့၊ သူ
များတွေဆိုရင်မအောင်ဖြူစောင့်ရှောက်တာ ခံ
ချင်လွန်းလို့ ပူဇော်ပသလိုက်ကြရတာ၊ ကျုပ်
တို့ကတော့ လက်ဖက်ကလေးတစ်ပွဲပဲ မြှောက်
နိုင်တာပါ၊ ဒါပေမဲ့ နတ်ဆိုတာ သူချစ်တဲ့သူကို
မှစောင့်ရှောက်တာ ထင်တယ်တော့၊ အခု မ
အောင်ဖြူက ခင်ထားကို ချစ်တာ သေချာတယ်၊
ဒါကြောင့် ကျုပ်တို့အဖွဲ့ကို စောင့်ရှောက်တာ
ဖြစ်မှာပေါ့"

အသွက်မ မြနွယ်က ကျုပ်ကို ရှင်းပြနေတာဗျ။

"ကဲပါ၊ ဒါတွေ ထားလိုက်ပါဦး၊ နင်တို့ အဖြစ်အ
ပျက်တွေကို ဆုံးအောင်ပြောကြပါ"

ကျုပ်က ဝင်ပြီး ထိန်းပြောတော့မှ မြနွယ်ကပဲ
ဆက်ပြောတာဗျို့။

"အဲ…တစ်ညကျတော့  မိုးချုပ်စလေး ရှိသေး
တယ် ကိုကြီးတာတေရဲ့၊  ကျုပ်က  အိမ်ရှေ့
တံခါးပေါက်နားမှာထိုင်ပြီး မြန်မာစာ ကျက်နေ
တာ၊ ကျော်ကျော်ဆိုတဲ့ကောင်က စက်ဘီးတစ်
စီးနဲ့ အိမ်ရှေ့မှာ ခေါက်တုံ့ခေါက်ပြန် စီးနေလို့
ကျုပ်က စာကျက်ရင်း မသိမသာ အကဲခတ်နေ
တာတော်"

တာတေ [ညမဖတ်ရ] အတွဲ ၂Where stories live. Discover now