ရေတံခွန်ချောင်း part-1

1.2K 73 0
                                    

Unicode

ဒီနှစ်တော့ မိုးကောင်းသားဗျ။မိုးကောင်းတော့ နှမ်းအောင်တာပေါ့ဗျာ။
ဒါပေမဲ့ မိုးအကောင်းလွန်သွားရင်လည်းနှမ်းပျက်ရောဗျို့။ခုအချိန်အထိတော့မဆိုးဘူး ပြောရမှာပဲ။လိုသလောက်မိုးပဲ ရွာလို့ဗျ။ အောက်ပြည်အောက်ရွာမှာတော့ ဒီအချိန်ဆိုရင် မိုးတွေ တအုံးအုံးချနေလောက်ပြီဗျ။

ဝါဆို ဝါခေါင် ရေတွေကြီးလို့ဆိုတာအောက်ပြည်အောက်ရွာအတွက်ရေး
ဖွဲ့တဲ့ ကဗျာပေါ့ဗျာ။ ကျုပ်တို့အညာမှာတော့ မိုးက ခပ်ဖွဲဖွဲပါပဲ။ဒါပေမဲ့ တာတေက ဝါဆို ဝါခေါင် ရေကြီးချိန်မှာ သပြေသီးမှည့်တွေ ကောက်ခဲ့ဖူးသားဗျ။

ချင်းတွင်းမြစ်ရဲ့ လက်တက်ချောင်းခွဲ
တစ်ခုပေါ့ဗျာ။ ရေတံခွန်းချောင်းတဲ့ဗျ။
ကျုပ်တို့ထနောင်းကုန်းနဲ့တော့ အတော်
လေး လှမ်းသားဗျ။ ချောင်းကမ်းနံဘေး
မှာ ရွာတည်တဲ့နေရာလေဗျာ။ရေတံခွန်
ချောင်းက ဘယ်ကစပြီး စီးလာတယ်
တော့ မပြောတတ်ဘူးဗျ။ချင်းတွင်းမြစ်
နဲ့ မပေါင်းခင်အထိဆိုရင် ချောင်းကမ်း
ပါးတစ်လျှောက် တည်ထားတဲ့ ရွာပေါင်း
ဘယ်လောက်တောင်ရှိတယ်ဆိုတာ
လည်း ကျုပ်မသိဘူးဗျ။
ကျုပ်သိသလောက် ပြောရရင်တော့
ချောင်းရဲ့ ဟိုဘက်ကမ်းမှာ ဝဲပြန်ရွာ၊
ရေကမြင်းရွာ၊အင်တောရွာ၊ဆင်အောင်း
ရွာ၊ ဆင်မောင်းရွာ ဆိုတာတွေ ရှိတယ်
ဗျ။ချောင်းဒီဘက်ကမ်းမှာတော့ စံပေါက်
ရွာ၊ လက်တက်ခွဲရွာ၊ ဒေါင်းရေကျော်ရွာ၊
ဆင်မသားမွေးရွာ၊ချင်းစုရွာတွေရှိတယ်ဗျ။

ကျုပ်ရောက်ဖူးတဲ့ 'လက်တက်ခွဲရွာ'လေဗျာ၊
ဘိုးလူပေ ခေါ်လို့ ကျုပ်လိုက်သွားတာ။ ရေ
တံခွန်ချောင်းကနေ ထပ်ပြီးခွဲထားတဲ့ ချောင်း
လက်တက်ကလေးမှာ တည်ထားတဲ့ ရွာက
လေးမို့လို့ လက်တက်ခွဲလို့ခေါ်တာဗျ။

အိမ်ခြေနှစ်ရာကျော်လောက်တော့ ရှိတယ်။
တစ်ရွာလုံး လယ်လုပ်ကြတယ်။စပါးအဓိက
စိုက်ကြတာပေါ့ဗျာ။ သီးထပ် သီးညှပ်တွေ
လည်း အနည်းအကျဉ်းတော့ စိုက်ကြတယ်
မတ်ပဲတို့၊ ပဲတီစိမ်းတို့၊ ပဲကြီးတို့ပေါ့ဗျာ။တ
ချို့ဘက်မှာတော့ ဆီးပင်တွေ စိုက်ကြတယ်
ဗျ။ လူတစ်ရပ်လောက်မြင့်တဲ့ ဆီးပင်တွေ
ရာချီအောင်စိုက်တာပေါ့ဗျာ။ ဘိုးလူပေနဲ့
ကျုပ်လိုက်သွားတုန်းက မိုးတွင်းပဲဗျ။

တာတေ [ညမဖတ်ရ] အတွဲ ၂Where stories live. Discover now