တစ္ဆေလေးနေတဲ့အိမ်

678 48 2
                                    

Unicode

နွေဦးပေါက်ကလေးတစ်ချက်တော့ကျုပ်တို့ အညာက နေလို့ကောင်းသားဗျ၊အပူဓါတ်ကလည်း သိပ်မရှိသေးဘူး။

အအေးဓါတ်ကလည်း မကုန်သေးဘူးဗျ။
ဒီလိုအချိန်ဆိုရင် လေကတော့ လေရူးတိုက်တဲ့အချိန်ဗျ။

လေရူးဆိုတာက လေကြောင်း
အမှန်မတိုက်ဘဲ မြောက်ဘက်က တိုက်လိုက်
တောင်ဘက်က တိုက်လိုက် တိုက်တာကိုပြောတာလေဗျာ။

ဒီနေ့တော့ ကျုပ် ဘယ်မှမရောက်ဘူးဗျ။
မန်ကျည်းပင်အောက်က သစ်သားကွပ်ပျစ်ပေါ်မှာထိုင်ပြီး
နှီးထိုးနေတာဗျ။

ကျုပ် အဘ ခိုင်းထားတာလေဗျာ။
အဘက ကျုပ်ကို ခဏ ခဏ ဆုံးမတာ တစ်ခု ရှိတယ်ဗျ။
လူဆိုတာ အလကားထိုင်မနေရဘူး။
တစ်ခုမဟုတ် တစ်ခုကို လုပ်နေရမယ်တဲ့ဗျို့။
အခုလည်း အဘက ကျုပ်ကို မေးတယ်။

"တာတေ ဘယ်သွားဦးမှာတုံး"

"မသွားဘူး အဘ၊ အဘ ဘာခိုင်းမလို့တုံး"

"ဘယ်မှမသွားရင် အအားမနေနဲ့ ၊ နှီးထိုင်ထိုးနေ၊
ရော့ ဒီမှာ နှီးဝါးလောင်းတွေ လာယူ "

အဘမှာက နှီးဝါးလောင်းတွေက အဆင်သင့် အမြဲရှိတာဗျို့။
နှီးဝါးလောင်းဆိုတာက နှီးထိုးဖို့ အဆင့်သင့်လုပ်ထားတဲ့
အနေတော် ဝါးစိတ်ကလေးတွေကို ခေါ်တာဗျာ။

နှီးထိုးတဲ့ ဝါးဆိုတာက အရိုးရှည်ရှည် တပ်ထားပြီး
အသွားက တိုတိုကော့ကော့လေး လုပ်ထားတာ
ပြီးတော့ ထက်နေအောင် သွေးထားရတာဗျ။

ဒါမှ ဝါးစိတ်ကလေးတွေကို လက်ထဲမှာ ကိုင်ပြီး
အသာလေး ထိန်းပြီး ထိုးသွားလို့ ရတာပေါ့ဗျာ။

"တာတေ ၊ ဘာအလုပ်တွေ လုပ်လို့တုံးကွ"

ကျုပ်အသံကြားတဲ့ ဝိုင်းဝကို ခေါင်းမော့ပြီး ကြည့်လိုက်တယ်
ဟင် ကိုအောင်သစ်ပါလား၊ ကိုအောင်သစ်ဆို ကိုအောင်ချစ်ရဲ့
ညီလေဗျာ။

ကိုအောင်ချစ်ကို
ခင်ဗျား မှတ်မိသေးလား၊ ဖဲသမား ကိုအောင်ချစ်လေ၊
ကျုပ် ပထမဆုံးရေးခဲ့တဲ့ 'ကိုယ်တွေ့ မဖဲဝါ 'စာအုပ်ထဲက
'ဖဲသမားစကား'မှာ ရေးခဲ့တာလေဗျာ။

တာတေ [ညမဖတ်ရ] အတွဲ ၂Where stories live. Discover now