တစ္ဆေတစ်ရာ မှော်ဝင်ဓါး

668 42 1
                                    

Unicode

ဒီတုံးက ကျုပ်ဆရာစိုင်းနွံဖဆီက
မျက်ကွင်းဆေးရပြီးကာစပဲရှိသေးတာဗျ။
ကျုပ်မျက်ကွင်းဆေးစပြီး သုံးတာကပထမဆုံးစာအုပ်မှာ
ရေးခဲ့ပြီးပြီလေဗျာ…"ကိုယ်တွေ့မဖဲဝါ"စာအုပ်လေ။
ဆရာစိုင်းနွံဖက သစ်စုန်းပင် နှုတ်ခိုင်းဖို့
ကျုပ်ကို မျက်ကွင်းဆေး ကွင်းပေးတယ်။

သစ်စုန်းပင်ရလို့ အောင်သွားတော့
ကျုပ်ကို အဲဒီမျက်ကွင်းဆေးနဲ့ "ဝ"ကွင်းတဲ့
ဆနွင်းဖြူဥပေးခဲ့တယ်။
ဆနွင်းဖြူဥတော့ ပြန်ဖျက်တာလေဗျာ။
ဒီအကြောင်းတွေ ခင်ဗျားသိပြီးရောပေါ့။

ဒီတုံးက သစ်စုန်းအစီအရင်ပြီးလို့
ဆရာစိုင်းနွံဖ ပြန်သွားကာစပဲ ရှိသေးတာဗျ။
ကျုပ်မှတ်မိသေးတယ်။နွေဘက်ကြီးဗျို့။
ဖိနပ်မပါပဲများ သဲပေါ်နင်းလိုက်မိရင်
ဆွေ့ဆွေ့ခုန်ရလောက်အောင် ပူတဲ့ရာသီပေါ့ဗျာ။
တမာရိပ် မန်ကျည်းပင်ရိပ်တွေကို ခိုနေရတဲ့ အချိန်ပေါ့ဗျာ။

အဲ့ဒီနေ့က အမေချက်တဲ့ ဝက်သားနဲ့
ပုန်းရည်ကြီးဟင်းကို ထမင်းသုံးပန်ကန်လောက်စားပြီး
နဂါးဆေးပေါ့လိပ်ကလေး ဖွာလို့ပေါ့ဗျာ။

ဒီလိုအချိန်များဆိုရင် ဝိုင်းထဲက လူတဖက်သာသာရှိတဲ့
မန်ကျည်းပင်ကြီးအောက်က ကွက်ပျစ်ဟာ
ကျုပ်အတွက်တော့ လောကစည်းစိမ်ပဲပေါ့ဗျာ။
နဂါးဆေးပေါ့လိပ်ကလေး သုံးလေးဖွာ ဖွာရင်း
ကျုပ် သစ်စုန်းပင်နှုတ်ခဲ့တာတွေ။
မဖဲဝါလက်ကနေ အသက်လုပြီး ပြေးခဲ့ရတာတွေ။

သစ်စုန်းပင် ဝင်နှုတ်တဲ့ ကျုပ်နောက်ကို
ထိုးလိုက်လာတဲ့ မဖဲဝါကြီးကို ဆရာနွံဖက
လမ်းက တားထားလိုက်တာတွေကို ကျုပ်ပြန်တွေးနေတာပေါ့ဗျာ။
ခဏနေတော့ ကျုပ်မျက်လုံး စဉ်းလာပြီဗျ။
အမေချက်ကျွေးတဲ့ ဝက်သားနဲ့ပုန်းရည်ကြီးက
အစွမ်းပြလာပြီလေဗျာ။
ဝါးဘိုးချမ်းလေးပေါ်မှာ ပုဆိုးဟောင်းလေးခေါက်ပြီး
ခင်းလိုက်တယ်။ ပြီးတော့ ကျုပ်ကွက်ပျစ်ပေါ်ကို
လှဲချလိုက်တယ်။

ဝါးဘိုးချမ်းနဲ့ ခေါင်းနဲ့ ထိရုံရှိသေး။
ကျုပ်မျက်လုံးတွေက ဖွင့်လို့မရတော့ဘဲ။
အိပ်ပျော်သွားရောဗျို့။နေ့ခင်းကြောင်တောင်
ပူပူလောင်လောင်ကြီးမှာကို ကျုပ်အိပ်မက်
မက်တော့တာဗျို့။

တာတေ [ညမဖတ်ရ] အတွဲ ၂Where stories live. Discover now