မှင်စာဆိုးပေ

791 58 0
                                    

Unicode

ရာသီက ဆောင်းဦးပေါက်ကလေးဗျ။ဒီရာသီ
ဆိုရင် ကျုပ်တို့အညာမှာက  အသီးအနှံတွေ
ပေါချက်ဗျာ။ ဟိုရွာ ဒီရွာက  အသီးအနှံစိုက်
တဲ့ လူတွေက ခူးကြ ဆွတ်ကြ  မြို့စျေးသွား
ပြီး ရောင်းကြချကြပေါ့ဗျာ။  မြို့မစျေးကြီးအ
နောက်ဘက်မှာက ကုက္ကိုပင်ကြီးတွေ ပေါက်
နေတဲ့ ကျောက်တိုင်ကွင်းရှိတယ်။

ကျောက်တိုင်က လွတ်လပ်ရေးအထိမ်း
အမှတ်ကျောက်တိုင်ဗျ။ အဲဒီကျောက်တိုင်
ကွင်းထဲမှာငါးရက်တစ်စျေး ရှိတယ်လေဗျာ။
ကျုပ်တို့ အညာဒေသက မြို့တွေရဲ့ စျေးဓ
လေ့ကလေးပေါ့ဗျာ။ အနီးအနားမြို့တွေမှာ
စျေးနေ့ကလည်း မတူဘူးဗျ။

တစ်ရက်စီခွဲထားတာ။ ဒါမှလည်းစျေးနေ့လိုက်
ရောင်းတဲ့လူတွေက မြို့တစ်မြို့ကနေ တစ်မြို့
ကို ကူးပြီး ရောင်းနိုင်တာပေါ့ဗျာ။  ယက်ကန်း
ရက်တဲ့လူတွေကလည်း  စျေးနေ့မှာသွားပြီး ဝါ
တောင့်တွေ ဝယ်ကြရတယ်။ဝါဂွန်းဘိုင်းတောင့်
တွေကို ပြောတာဗျ။ အဲဒီဘိုင်းတောင့်တွေကမှ
ရစ်ချည်နဲ့ ချည်ငင်ကြရတာပေါ့ဗျာ။

အဲဒီချည်ကိုမှ ကြိုက်တဲ့အရောင်ဆိုးပြီး ယက်
ကန်းစင်မှာ ခတ်ကြတာပေါ့ဗျာ။ အညာစောင်
တွေ၊အညာတဘက်တွေ၊ ဖျင်ကြမ်းပိတ်စတွေ
ပေါ့ဗျာ။ ချွေးတရွှဲရွှဲထွက်နေတဲ့ ကျုပ်တို့အညာ
သားတွေကတော့ဖျင်ကြမ်းအင်္ကျီက အကောင်း
ဆုံးပဲဗျ။ ချွေးစုပ်တယ်။ လေဝင်တယ်လေဗျာ။
မြောက်လေကလေး  သုတ်လိုက်တဲ့  အချိန်
တော့စိမ့်သွားသားဗျ။

ဒါပေမဲ့ ဒီအအေးလောက်ကတော့ ကျုပ်တို့
အညာသားက နေလို့ကောင်းရုံပဲ ရှိတာဗျ။
ကျုပ်က မိုးလင်းတာနဲ့ ထမင်းကြမ်းက စား
ပြီးသားဗျ။အမေလုပ်ထားတဲ့ ငရုတ်သီးလေး
နဲ့ ထောင်းထားတဲ့ ပဲပုတ်သုတ်ကလေးနဲ့ပေါ့
ဗျာ။ ကြက်သွန်နီဥကြီးကြီးလေးနဲ့ သုတ်ထား
တာဗျ။ ပဲဆီမွှေးမွှေးလေး ဆမ်းထားတော့ ပဲ
ပုတ်ကလေးက ပိုမွှေးနေတော့တာပေါ့ဗျာ။

လက်ဖက်ခြောက်ကောင်းကောင်း ခတ်ထားတဲ့ ရေနွေးနွေးပူပူလေးကို မှုတ်မှုတ်သောက်လိုက်
ပဲပုတ်နဲ့ ထမင်းကြမ်း လေးစားလိုက်နဲ့ပေါ့ဗျာ။
စားသောက်လည်းပြီးရော နဂါးဆေးပေါ့လိပ်
ကလေးသောက်လိုက်ရင် တကယ့်စည်းစိမ်ပါ
ပဲဗျာ။ ကျုပ်က နဂါးဆေးပေါ့လိပ်ကလေးဖွာ
ရင်း ဟိုတွေး သည်တွေးနဲ့ အညာသားစည်း
စိမ်ကို ခံနေတာဗျ။

တာတေ [ညမဖတ်ရ] အတွဲ ၂Where stories live. Discover now