ကိုးသင်္ချိုင်းပုဆိန်

640 54 1
                                    

Unicode

ကိုးသင်္ချိုင်းပုဆိန်

                                      
အဲ့ဒီတုန်းကတာတေနွားစာစဉ်းနေတာဗျာ။

အဘရဲ့ နွားညိုကြီးနှစ်ကောင်ကအစားအသောက်

ဂရုစိုက်ကျွေးမွေးတာရယ်။

အနေအထိုင်ကောင်းတာရယ်ကြောင့်ဝဝဖြိုးဖြိုးနဲ

တကယ်နွားချောကြီးတွေဖြစ်လာတယ်ဗျ။
 
သူတိုတွေကိုဂရုစိုက်တော့လည်း

သူတို့ကလည်းပြန်ပြီးဂရုစိုက်တော့တာပေါ့ဗျာ။

ကျူ ပ်တိုနွားကြီးတွေက လွှတ်လိမ္မာတာဗျ။

တကယ်ကိုကြိမ်လွတ်တဲကောင်တွေဗျ။

ကြိမ်လုံးနဲရိုက်ဖို့ဝေးရောတို့တောင်မတို့ရပါဘူး

ဗျာ။နွားစာစဉ်းတယ်ဆိုတာ

အာရုံငြိမ်ဖို့တော့လိုသားဗျ။ခြေထောက်ကလည်း

ချက်မှန်မှန်နင်းရတယ်။

လက်ကလည်းပြောင်ဖူးရိုးတွေကိုမပြတ်ထိုးပေ

ရတာမို့လားကျူပ်ကလည်းပြောင်းရိုး

တွေတောင်းတစ်လုံးပြည့်တော့ရပ်လိုက်တယ်။

ဒါတွေကိုနွားစာခွက်မှာပြန်ထည့်ပေး

ရမှာလေ။နွားစာတောင်းကို မ မ

လိုလုပ်နေတုန်း. . . . . . . . .
                       
"အရီး  တာတေရော"
                     
"ဟဲ သာဆန်းပါလား တာတေရှိတယ်

နွားစာစဉ်းနေတယ်ဟဲ့ 

နင်ကဘယ်ကလှည့်လာတာတုံး"
      
"ဒီကိုပဲအရီးရဲ့ တာတေ့ဆီလာတာ"

    " ကိစ္စရှိလို့လား သာဆန်းရဲ့။ နင့်ကြည့်ရတာ

အရေးတကြီး ဖြစ်နေပုံပါလား ပုဆိုးကြီးကလည်း

တိုတိုကြီးဝတ်လို့ဘာဖြစ်လာတာတုံးဟဲ့"
  
  " ကျူပ်တို့မြောက်ဘက်ဝိုင်းကဖိုးထောင်ရဲ့

မိန်းမ မိညုက်ကိုသရဲ ဝင်ပူးနေလို့ဗျ"
   
"ဟေ ဟုတ်လား မိညုက်ကို ဘယ်ကသရဲက

လာပူးနေတာတုံးဟဲ့ သာဆန်းရဲ့"
    
"ကျူပ်လည်းမသိဘူးဗျ  အိမ်ထဲမှာတော့

တာတေ [ညမဖတ်ရ] အတွဲ ၂Where stories live. Discover now