ကိုယ်ပျောက်မှော်

668 46 5
                                    

Unicode

ထနောင်းကုန်းနဲ့ ဘန့်ဘွေးကုန်းဆိုတာတစ်ဆက်တည်းရှိနေတဲ့
ရွာတွေလေဗျာ၊ညရေးညတာရှိလို့ တစ်ရွာက
သံချောင်းခေါက်ရင် တစ်ရွာက ကြားရတာဗျ။နတ်တော်လဗျို့။

ကျုပ်တို့အညာမှာ လွှတ်အေး
နေပြီ။ လူတိုင်းစောင်ခြုံပြီး ကွေးနေတဲ့အချိန်လေဗျာ။

မတော်တဆ နိုးသွားရင်
ချက်ချင်း ပြန်အိပ်လို့မရတဲ့လတွေပေါ့ဗျာ။

"ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင် ဒေါင်"

တစ်ရွာလုံး အိပ်ကောင်းနေတဲ့အချိန်
ကင်းတဲက သံချောင်းခေါက်သံကြီး
ထွက်လာတာဗျ။

"ဟဲ့ တာတေ၊ တာတေ၊ နိုးလား"

အရေးဟဲ့ အကြောင်းဟဲ့ဆိုရင် ကျုပ်
အမေက အသံတွေတုန်နေရောဗျ။

"နိုးပါတယ် အမေရဲ့"

"နင့်နိုးတယ်သာဆိုတယ်၊ တုံးလုံးက
မထပါလား၊ ထထက်ပြီး ထိုင်လေ၊အသံလေးဘာလေး နားစွင့်ဟဲ့"

ကျုပ်လည်း လှဲနေလို့ မရတော့ဘူး
ပေါ့ဗျာ။ ချမ်းချမ်းစီးစီးနဲ့ ထထိုင်ရ
တော့တာဗျို့။

"ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်"

ဟော…ကျုပ်တို့ရွာလယ်ပိုင်းကလည်း
ခေါက်သဗျ။ စကြားတုန်းကတော့ မြောက်ပိုင်းကင်းက အသံဗျ။

"ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်"

ဟော…တောင်ပိုင်းကင်း။ ဟာ…အရှေ့
ပိုင်း။ ဟာ…အနောက်ပိုင်းကလည်း
ခေါက်ပြီဗျို့။တစ်ရွာလုံး ကင်းတွေအကုန်ခေါက်တာဗျို့။

"တာတေ ထစမ်း၊ အပြင်ထွက်ပြီး နည်း
နည်းပါးပါး ကြည့်စမ်း၊ မီးတွေ
ဘာတွေများလားဟဲ့"

အမေက အသံခပ်တုန်တုန်နဲ့ ပြောနေတာဗျ။
ကျုပ်လည်း အမေစိုးရိမ်နေမှန်းသိလို့ ထပြီး
ပြတင်းပေါက်တွေ ဖွင့်ကြည့်ရတာပေါ့ဗျာ။
မီးခိုးတွေဘာတွေ မတွေ့ပါဘူးဗျာ။

"မီးတော့ မဟုတ်ပါဘူး အမေ၊
ဘာမှလည်း မတွေ့ဘူး"

"အေး…အေး၊ မီးမဟုတ် ပြီးတာပါပဲဟယ်၊
ငါက မီးပဲ ကြောက်တာ"

အမေပြောတာ ဟုတ်တယ်ဗျ။ကျုပ်တို့
အညာရွာတွေမှာ အကြောက်ဆုံးကမီးပဲဗျ။

တာတေ [ညမဖတ်ရ] အတွဲ ၂Where stories live. Discover now