ဆရာမနိုင် တစ္ဆေအိုင်

769 59 10
                                    

Unicode

အဘကတော့ ဝမ်းသာနေတာဗျ။ ဆောင်းမြေပဲတွေ လွှတ်ကောင်းနေတာလေဗျာ။ တစ်ယာလုံး  စိမ်းလို့ဗျို့။ 
ကျုပ်တို့ထနောင်းကုန်းသားတွေဆိုတာ ပျော်ချက်ဗျာ။
တချို့လည်း စိတ်ကူးနဲ့ ဖဲရိုက်လို့ဗျ။ ပဲဘယ်နှစ်တင်းထွက်လို့က
တော့ ဘာလုပ်မယ်၊ ညာလုပ်မယ်ပေါ့ဗျာ။

တချို့ကလည်း ဒီနှစ်တော့ ဆီနဲ့ ရေချိုးလိုက်ဦးမယ်လို့ ပြောလို့ပြောဗျ။
ဟုတ်တော့လည်း ဟုတ်သားဗျ။ ကျုပ်တို့အညာမှာက သီးနှံကောင်းဖို့ဆို
တာက  ဘုရားတနေရတာဗျို့။  သီးနှံဆိုတာကလည်း နှင်းကျချိန်ကျမှ သီးနှံအောင်တာလေဗျာနည်းနည်းလေး ရာသီ ဖောက်သွားလို့ကတော့
အရင်းသာသာနဲ့ ကျေနပ်လိုက်ကြရတာချည်းပဲဗျ။
စားဖို့၊ သောက်ဖို့တော့ ရတာပေါ့ဗျာ။

ပိုပိုလျှံလျှံတော့ ဘယ်ရှိလိမ့်မတုံး။ ဒီတော့ ရပ်ထဲရွာထဲမှာ
အလှူအတန်းနည်းတော့တာပေါ့။
ဒီနှစ်တော့ ကျုပ်တို့ရွာက  ရွှေတောင်ဦးဘုရား
ပွဲစည်ပြီပေါ့ဗျာ။ အနီးအနားရွာတွေလည်း အားလုံး
ပဲကောင်းကြတာကိုးဗျ။

မနေ့ကမှ ပေါင်းလိုက်လို့ ပြီးသွားတာဗျို့။ ဒီနေ့တော့  အဘရော၊  အမေရော ကျုပ်ရောအိမ်မှာ နားနေကြတာပေါ့ဗျာ။

"အမေ ဘာဟင်းကောင်းချက်မှာတုံး"

ကျုပ်က အမေ့ကို စပြီး မေးလိုက်တာဗျ။ အမေက အဘ  
ပုဆိုးဟောင်းလေးတစ်ထည် ခေါင်းပေါ်တင်ပြီး   ရွာထဲသွားဖို့ ပြင်နေတာတွေ့လို့ ကျုပ်က   မေးလိုက်တာလေဗျာ။

"ငွေစိန်ရေ…နင့်သား တာတေကတော့ အ
လုပ်ပြီးသွားတာနဲ့ ဟင်းကောင်းမျှော်တော့
တာပဲ ငွေစိန်ရ"

အဘက ရယ်ပြီး  အမေ့ကို   ပြောတာဗျ။
အမေက ကျုပ်ကို တစ်ချက်လှည့်ကြည့်ပြီးရယ်နေတယ်။

"ကဲ …တာတေ၊ နင်ဟင်းကောင်းစားချင်ရင်
ငရုတ်သီး တစ်ဆုံ ထောင်းထားပေတော့"

"ဟာ…စိတ်ချ၊ စိတ်ချ။ ကျုပ်ထောင်းထား
မယ်။ နို့ အမေက ဘာရလာမှာတုံး"

"မနေ့က   ပေါင်းလိုက်ရင်း အနောက်ပိုင်းက
မပုပြောလို့ ဒီနေ့  ဂုံးဒေါင်းက   အမဲသားလာ
မယ်တဲ့။ အဲဒါ  တစ်ပိဿာမှာထားတယ်၊ အူ
စုံ၊ သည်းစုံလေးလည်း နည်းနည်းလိုချင်တယ်
လို့ ပြောထားတာ။ စောစောကပဲ ဝိုင်းရှေ့က
နေ မပုလာပြီး လက်ယပ်ခေါ်သွားတယ်"

တာတေ [ညမဖတ်ရ] အတွဲ ၂Where stories live. Discover now